Asia
ပြည်တွင်းစက်မှုလုပ်ငန်းများကိုကာကွယ်ရန် သွင်းကုန်ထိန်းချုပ်မှုများကို အင်ဒိုနီးရှား တင်းကျပ်မည်

ဂျကာတာ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် စားသုံးသူများကို အကာအကွယ်ပေးနိုင်ရန် သွင်းကုန်တင်သွင်းမှုများကို စောင့်ကြည့်ထိန်းချုပ်တင်းကျပ်သွားမည်ဟု အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး ဘူဒီဆန်တိုဆိုက သြဂုတ် ၆ ရက်၌ ပြောကြားခဲ့သည်။
ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အနည်းဆုံး အင်ဒိုနီးရှားငွေကြေးရူးပီးရား ၂၆.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ သန်းခန့်) တန်ဖိုးရှိသော လူသုံးကုန်များနှင့်ပတ်သက်၍ သွင်းကုန်စည်းမျဉ်း ချိုးဖောက်မှုများကို အာဏာပိုင်များဘက်မှ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ဝန်ကြီး ဆန်တိုဆိုက အသိပေးပြောကြားခဲ့သည်။
အဆိုပါကုန်စည်များတွင် အိမ်ထောင်ပရိဘောဂအသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များ၊ ဖြည့်စွက်စာများ၊ ပလပ်စတစ်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်း များလည်း ပါဝင်ခဲ့သည်။
သွင်းကုန်စည်းမျဉ်းချိုးဖောက်မှုပုံစံများတွင် လိုအပ်သည့်စာရွက်စာတမ်းများမပြည့်စုံခြင်းမှသည် အင်ဒိုနီးရှားအစိုးရကသတ်မှတ်ထားသည့် အရည်အသွေးစစ်ဆေးမှုဆိုင်ရာ စံနှုန်းလက်မှတ်များကို တင်ပြရန်ပျက်ကွက်ခြင်းအထိလည်း ပါဝင်ခဲ့သည်။
ထိုကဲ့သို့ သွင်းကုန်စည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိရသော စီးပွား ရေးလုပ်ငန်းများကိုလည်း ပိတ်ပင်တားမြစ်မှုများပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ဝန်ကြီးဆန်တိုဆိုက ထပ်လောင်းပြောကြားခဲ့သည်။
အင်ဒိုနီးရှားအာဏာပိုင်များအနေဖြင့် နိုင်ငံတွင်းသို့ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်လာမှုအား ထိန်းချုပ်နိုင်ရန် စောင့်ကြည့်စစ်ဆေးမှုများကိုအရှိန်မြှင့်ပြုလုပ်သွားမည်ဟု ဝန်ကြီးဆန်တိုဆိုက ပြောကြားခဲ့သလို စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း ရှိနှင့်ပြီးသား ကုန်သွယ်ရေးစည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်လည်း ဝန်ကြီးကတိုက်တွန်းတောင်းဆိုသွားခဲ့သည်။
(Xinhua)
…………………………
(English Version )
Indonesia to tighten import controls to protect industry, consumers
JAKARTA, Aug. 6 (Xinhua) — Indonesia will tighten restrictions and strengthen supervision on imports to safeguard domestic industries and protect consumers, Trade Minister Budi Santoso said on Wednesday.
Santoso said that between January and July this year, authorities uncovered import violations involving commodities worth at least 26.4 billion Indonesian rupiahs (around 1.6 million U.S. dollars). These commodities included household goods, food, supplements, plastics, electronics, and animal products.
The violations ranged from incomplete documentation to the absence of mandatory Indonesian National Standard certificates. Sanctions have been imposed on businesses found to have breached import regulations, he added.
Authorities will step up monitoring to curb the entry of illegal goods, Santoso said, urging businesses to comply with existing trade provisions.
Vehicles run on a main road in Jakarta, Indonesia, Feb. 7, 2022. (Xinhua/Veri Sanovri)