Europe
ဆလိုဗေးနီးယားတွင် ဂါဇာအကြမ်းဖက်မှုကို ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်

လူဘီအာနာ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ကန့်ကွက်ဆန္ဒပြရန် ဆလိုဗေးနီးယားပါလီမန်ရှေ့တွင် သြဂုတ် ၆ ရက်က လူရာနှင့်ချီ၍ စုဝေးခဲ့ကြကြောင်း သိရသည်။
ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုနေကြသည့် ဆန္ဒပြသူများက အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို အဆုံးသတ်ရန် ဆလိုဗေးနီးယားအစိုးရအား တိုက်တွန်းခဲ့သည်။
ဆိုင်းဘုတ်များ ဝှေ့ယမ်းကာ ဆန္ဒပြ ကြွေးကြော်နေကြသည့် ဆန္ဒပြသူများက ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့ကြပြီး ဆလိုဗေးနီးယားအာဏာပိုင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းနှစ်ခုလုံးထံမှ ထိရောက်သော အရေးယူဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
“ဒါက ဒီတစ်ပတ်မှာ ကျွန်တော့်အနေနဲ့ ဒုတိယအကြိမ် ပါဝင်ဆန္ဒပြဖြစ်တာပါ” ဟု လွှတ်တော်အပြင်ဘက်တွင် ဆန္ဒပြသူတစ်ဦးဖြစ်သည့် မီဂျာက ပြောကြားခဲ့သည်။
အဆိုပါဆန္ဒပြမှုမှာ ဂါဇာကမ်းမြောင်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်သည့်အနေဖြင့် မကြာသေးမီသီတင်းပတ်များအတွင်း ဆလိုဗေးနီးယားတစ်ခွင်၌ ပြုလုပ်ခဲ့သော လူထုဆန္ဒပြပွဲများ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
ထိုနေ့၌ပင် တက္ကသိုလ်ပါမောက္ခနှင့် ပညာရှင် ၅၀ ကျော်ကလည်း ဆလိုဗေးနီးယား တက္ကသိုလ်များကို အစ္စရေးတက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာ ဆက်ဆံမှုအားလုံးကို ဆိုင်းငံ့ထားရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာများ ဆက်တိုက် ထုတ်ပြန်ခဲ့သည်။
“ဆလိုဗေးနီးယားတက္ကသိုလ်များသည် အစ္စရေးနိုင်ငံမှ ကျူးလွန်နေသည့် နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တုံ့ပြန်ရန်အတွက် မငြင်းပယ်နိုင်သော ပညာရေးနှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်များ ရှိကြောင်း” စာတစ်စောင်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………..
(English Version)
Protests held in Slovenia against Gaza violence
LJUBLJANA, Aug. 6 (Xinhua) — Several hundred people gathered in front of the Slovenian parliament on Wednesday to protest the ongoing violence in the Gaza Strip.
While calling for an immediate ceasefire, the protesters also urged the Slovenian government to end all cooperation between public institutions and their Israeli counterparts.
Waving banners and chanting slogans, the demonstrators expressed solidarity with the Palestinians and demanded concrete action from both the Slovenian authorities and the international community.
“This is the second protest I’ve attended this week,” said Mija, one of the demonstrators outside the parliament.
The protest was part of a series of public demonstrations held across Slovenia in recent weeks in response to the humanitarian crisis in Gaza.
On the same day, more than 50 university professors and scholars released a series of open letters calling on Slovenian universities to suspend all academic ties with Israeli institutions.
“Slovenian universities have an undeniable academic and ethical duty to act in response to the systematic violations of international law and human rights being committed by the State of Israel,” one of the letters read. ■
English Caption
An aerial drone photo taken on July 25, 2025 shows protestors participating in a demonstration against starving the people in Gaza, in Sanaa, Yemen. (Photo by Mohammed Mohammed/Xinhua)