International Organizations
Leagues Cup ပြိုင်ပွဲတွင် အင်တာမိုင်ယာမီအသင်း ကွာတားဖိုင်နယ် တက်ရောက်

ဖို့ထ်လော်ဒါဒေး၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ဩဂုတ် ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Leagues Cup ဘောလုံးပြိုင်ပွဲတွင် အင်တာမိုင်ယာမီအသင်းက ပူးမားစ် ယူအင်န်အေအမ်အသင်းအား အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်ပြီး အဆိုပါပွဲစဉ်၌ လူးဝစ်စ် ဆွာရက်ဇ်က ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့သလို ကျန်နှစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
ဂျော့ဂျ် ရူဗာကာဘာက မက္ကဆီကိုကလပ်အသင်းအတွက် အဆုံးသတ်ကောင်းကောင်းဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ရိုဒရီဂို ဒီပေါလ်က မေဂျာလိဂ်ကလပ်အသင်းအတွက် ၎င်း၏ ပထမဆုံးသွင်းဂိုးကို သွင်းယူခဲ့သည်။ ဆွာရက်ဇ်၏ ဖြတ်တင်ဘောပေးပို့မှုကို ဒီပေါလ်က ပြိုင်ဘက်ဂိုးသမား မီဂယ်ပေါလ်ကိုကျော်၍ အနိမ့်ဘောကန်သွင်းခဲ့ခြင်းဖြစ်သည်။
ဟိုဆေး ကိုင်စီဒို လက်ထိခဲ့သဖြင့် အင်တာမိုင်ယာမီအသင်း ပင်နယ်တီရရှိခဲ့ရာ ဆွာရက်ဇ်က ဂိုးအဖြစ်ပြောင်းလဲပြီး ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ဆွာရက်ဇ်၏ သေသေသပ်သပ် မျှောထိုးပေးမှုကို အာဂျင်တီးနား တောင်ပံကစားသမား တာဒီယို အယ်လန်ဒီက ပိုင်ပိုင်နိုင်နိုင်အသုံးချ၍ အင်တာမိုင်ယာမီအတွက် တတိယဂိုး သွင်းယူနိုင်ခဲ့သည်။
အဓိကကစားသမား လီယွန်နယ် မက်ဆီ ပါဝင်နိုင်ခြင်းမရှိသည့် အင်တာမိုင်ယာမီအနေဖြင့် ယခုအနိုင်ရလဒ်ကြောင့် အုပ်စုအဆင့်အပြီးတွင် ၈ မှတ် ရရှိထားပြီး ပူးမားစ်အသင်းမှာမူ ငါးမှတ်သာ ရရှိခဲ့သဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရန် မျှော်လင့်ချက်မဲ့သွားပြီဖြစ်သည်။
အမေရိကန် မေဂျာလိဂ်နှင့် မက္ကဆီကို Liga MX လိဂ်တို့မှ ထိပ်ဆုံးလေးသင်းမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ ဒီအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ဘာအောင်မြင်မှုမှ မရသေးပါဘူး” ဟု အင်တာမိုင်ယာမီနည်းပြ ဟာဗီးယား မာရှေရာနိုက ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“သိပ်ကောင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အခါမှာ သိပ်ပြီးများများစားစား လုပ်စရာမလိုပါဘူး။ ကျွန်တော်တို့ ကစားသမားတွေ သက်သောင့်သက်သာ ကစားနိုင်အောင် စီမံပေးဖို့ပဲလိုပါတယ်” ဟု မာရှေရာနိုက ဆိုသည်။ (Xinhua)
…………………..
(English Version)
Inter Miami cruises into Leagues Cup last eight
FORT LAUDERDALE, Aug. 6 (Xinhua) — Luis Suarez scored one goal and set up two others as Inter Miami reached the Leagues Cup quarterfinals on Wednesday with a 3-1 home win over Pumas UNAM.
Jorge Ruvalcaba put the Mexican side ahead with an assured finish before Rodrigo De Paul netted his first goal for the MLS club, sending a low shot past Miguel Paul after Suarez’s cross.
Miami took the lead when Suarez converted from the penalty spot after a Jose Caicedo hand ball. Argentine winger Tadeo Allende then capitalized on Suarez’s deft through ball to fire home his team’s third goal.
The result leaves Inter Miami, which was without injured talisman Lionel Messi, with eight points at the end of the group stage. Pumas finished with five points and without hope of reaching the last eight.
The top four teams from both the MLS and Liga MX will progress to the quarterfinals.
“We have made it this far but we still haven’t achieved anything,” Inter Miami manager Javier Mascherano told reporters after the match.
“When you have great players, you don’t need to do much. We just need to organize ourselves in a way that makes them feel comfortable and then let them play.” ■
English Caption
Inter Miami CF’s Luis Suarez celebrates scoring during the group A match between Inter Miami CF of the United States and Palmeiras of Brazil at the FIFA Club World Cup 2025 at the Hard Rock Stadium, Miami, the United States, June 23, 2025. (Xinhua/Li Ming)