Europe
စပိန်က အမေရိကန်လုပ် F-35 တိုက်လေယာဉ်များ ဝယ်ယူမည့် အစီအစဉ်ကို ရပ်ဆိုင်းကာ ဥရောပမှ အခြားရွေးချယ်စရာများကို စဉ်းစားနေ

မက်ဒရစ်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
စပိန်အစိုးရက လော့ခ်ဟိမာတင် ကုမ္ပဏီထံမှ အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ယင်းအစား ဥရောပမှ ထုတ်လုပ်သည့် အခြားရွေးချယ်စရာများကို စဉ်းစားလျက်ရှိသည်ဟု ဩဂုတ် ၆ ရက်ထုတ် El Pais သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ပဥ္စမမျိုးဆက် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည့် ဆုံးဖြတ်ချက်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရသတင်းရင်းမြစ်များ၏ အဆိုကို ကိုးကား၍ El Pais က ဖော်ပြခဲ့သည်။ စပိန်အနေဖြင့် Eurofighter ဘက်စုံသုံးတိုက်လေယာဉ် သို့မဟုတ် ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်သည့် ကာကွယ်ရေးစီမံကိန်းဖြစ်သည့် Future Combat Air System (FCAS) မျိုးဆက်သစ် တိုက်လေယာဉ်တို့အနက်မှ အမျိုးအစား တစ်မျိုးမျိုးဖြင့် ယင်း၏ ကာကွယ်ရေးစွမ်းရည်အား အင်အားဖြည့်တင်းရန် အာရုံစိုက်သွားမည်ဟု သိရသည်။
F-35 တိုက်လေယာဉ်များအား စပိန်ရေတပ်၏ Harrier AV-8B အမျိုးအစား မြေပြင်တိုက်ခိုက်ရေးလေယာဉ်အုပ်၏ နေရာတွင် အစားထိုးရန်အတွက်လည်းကောင်း၊ စပိန်လေတပ်၌ အနားပေးတော့မည့် F-18 တိုက်လေယာဉ်များနှင့် အသစ်ရောက်လာဖွယ်ရှိသည့် FCAS တိုက်လေယာဉ်များ၏ ကွာဟချက်ကို ယာယီထိန်းညှိပေးနိုင်မည့် ဖြေရှင်းနည်းတစ်ခုအဖြစ်လည်းကောင်း ရှုမြင်ထားခြင်းဖြစ်သည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ၎င်း၏အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ယခုနှစ်အစောပိုင်းက ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Spain scraps plan to buy US F-35 fighter planes, eyes European alternatives
MADRID, Aug. 6 (Xinhua) — The Spanish government has shelved plans to acquire U.S.-made F-35 fighter jets from Lockheed Martin, opting instead to pursue European alternatives, according to a report published by El Pais on Wednesday.
Citing unnamed government sources, El Pais reports that the decision to procure the fifth-generation stealth aircraft has been suspended “indefinitely.” Spain will now focus on strengthening its defense capabilities through either the Eurofighter or the next-generation Future Combat Air System (FCAS), a collaborative European defense project.
The F-35 was considered as a replacement for the Spanish Navy’s Harrier AV-8B fleet, and as a temporary solution to bridge the gap between the Air Force’s retiring F-18s and the expected arrival of FCAS aircraft.
Spanish Prime Minister Pedro Sanchez announced earlier this year that his government would raise defense spending to 2 percent of GDP. ■
English Caption
A US Lockheed Martin F-35 Lightning II jet fighter is seen exhibited during the 2018 Berlin International Air Show (ILA) in Schoenefeld, Germany, 25 April 2018. (DPA photo)