Connect with us

Africa & Middle East

ဆိုမာလီယာတွင် လူပေါင်း သိန်းနှင့်ချီ၍ ပြင်းထန်သော မိုးခေါင်ရေရှားမှု ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂထုတ်ပြန်

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူး ဆင်ခြေဖုံးရှိ အယ်လ်-ဟိုင်ဒါယာစခန်းတွင် ရေသယ်ယူနေကြသော လူများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
ဆိုမာလီယာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုကို လူပေါင်း သိန်းနှင့်ချီ၍ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သြဂုတ် ၆ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ခွဲခြမ်းစိတ်ဖြာချက်အရ ခရိုင် ၁၆ ခုရှိ မိုးခေါင်ရေရှားမှု ပြင်းထန်သည့် ဒေသများတွင် လူပေါင်း ၈၈၀,၀၀၀ ကျော် နေထိုင်နေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအေဂျင်စီများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးတွဲအကဲဖြတ်ချက်ကို Puntland နှင့် Somaliland ဒေသတို့တွင် ပြုလုပ်နေပြီး အဓိကလိုအပ်ချက်များကို ဆုံးဖြတ်ရန် လုပ်ဆောင်နေကြောင်း၊ ပဏာမအစီရင်ခံစာများက စားနပ်ရိက္ခာမလုံလောက်မှု မြင့်တက်လာခြင်း၊ ရေနှင့် စားကျက်များရရှိအသုံးပြုနိုင်မှု လျော့ပါးသွားခြင်းနှင့် ရှင်သန်ရပ်တည်မှုများ ထိခိုက်ပျက်စီးသွားခြင်းတို့ကို ညွှန်ပြနေကြောင်း ဟက်က ပြောကြားခဲ့သည်။

ရေတွင်းများ ခန်းခြောက်သွားကာ အဝီစိရေတွင်းပေါင်း ၁၆၀ ကျော် အလုပ်မလုပ်တော့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ တာဝန်ရှိသူများက မှတ်ချက်ပြုထားသည်။ မွေးမြူရေးသမားများသည် ရေနှင့် စားကျက်များ ရှာဖွေရန် ၎င်းတို့၏တိရစ္ဆာန်များနှင့်အတူ အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

အရေးပေါ် အသက်ကယ်ဆယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကုလသမဂ္ဂမှ စီမံခန့်ခွဲသော ဆိုမာလီယာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေမှ ရန်ပုံငွေခွဲဝေပေးရန် ပြင်ဆင်နေကြောင်းလည်း ဟက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေက အကူအညီတွေ တိုးမြှင့်ဖို့ စီစဉ်နေပေမဲ့လည်း အဓိကအလှူရှင်တွေရဲ့ မကြာသေးမီက ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် အတားအဆီး ဖြစ်နေပါတယ်။ ဆိုမာလီယာ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်နဲ့ တုံ့ပြန်မှုအစီအစဉ်က အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ပါ၊ ရန်ပုံငွေရဲ့ ၁၇ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၂၄၂ သန်းနီးပါးသာ ရန်ပုံငွေရရှိသေးပါတယ်” ဟု ဟက်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)

Hundreds of thousands of people hit by severe drought in Somalia: UN

UNITED NATIONS, Aug. 6 (Xinhua) — Hundreds of thousands of people have been impacted by severe drought in central and northern Somalia, a UN spokesperson said Wednesday.

An analysis by the UN Food and Agriculture Organization showed that more than 880,000 people live in severely affected areas in 16 districts, said Farhan Haq, deputy spokesperson for the UN secretary-general, at a daily briefing.

Haq said a joint assessment by UN agencies and partners is underway in Puntland and Somaliland to determine key needs, adding that preliminary reports point to escalating food insecurity, dwindling access to water and pasture, and major disruptions to livelihoods.

UN humanitarians have noted that water wells have dried up and more than 160 boreholes are no longer functional. Livestock farmers are migrating with their herds to other areas in search of water and pasture.

The UN-managed Somalia Humanitarian Fund is preparing to allocate funds to meet urgent life-saving needs, Haq said.

“Our partners are planning to step up assistance but are constrained by recent funding cuts by key donors. The 1.4 billion U.S. dollar Somalia Humanitarian Needs and Response Plan is only 17 percent funded at nearly 242 million dollars,” said the spokesperson. ■

English Caption

People fetch water at Al-Hidaya camp on outskirts of Mogadishu, capital of Somalia, April 10, 2025. (Photo by Hassan Bashi/Xinhua)