Asia
ဗီယက်နမ်သို့ နိုင်ငံခြားခရီးသွားဧည့်သည် ၁၂.၂သန်းကျော် လာရောက်

ဟနွိုင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ယခုနှစ် ပထမ ခုနစ်လအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာမှ လာရောက်လည်ပတ်သူ ၁၂.၂၃ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ယမန်နှစ် အလားတူကာလထက် ၂၂.၅ ရာခိုင်နှုန်း တိုးတက်လာြခင်းဖြစ်ကြောင်း သြဂုတ် ၆ရက် ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းများအရ သိရသည်။
ယင်းအနက် လေကြောင်းမှတစ်ဆင့် လာရောက်သူ ခရီးသွားဧည့်သည်များမှာ ၈၅.၁ ရာခိုင်နှုန်းရှိခဲ့သည်။
ထိုကာလအတွင်း အာရှနိုင်ငံများမှ လာရောက်သူဦးရေ ၉.၆ သန်းကျော် ရှိပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဥ်လျှင် ၂၂.၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။
ပြည်ဝင်ခွင့်ဗီဇာ မူဝါဒများအလေးသာမှု၊ အားကောင်းသည့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုံ့ဆော်မှုများနှင့် အဓိကကျသော့ အမျိုးသားအားလပ်ရက်များ၊ ပွဲတော်များ ဆက်တိုက်ကျင်းပခြင်းများကြောင့် ယခုလို ခရီးသွားဧည့်သည်များ တစ်ဟုန်ထိုးတိုးတက်လာြခင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
Vietnam welcomes over 12.2 mln foreign arrivals in 7 months
HANOI, Aug. 7 (Xinhua) — Vietnam welcomed 12.23 million international visitors in the first seven months of this year, marking a 22.5 percent increase year-on-year, official data showed on Wednesday.
Of the total, air travelers accounted for 85.1 percent.
Arrivals from Asian countries alone reached more than 9.6 million during the period, up 22.4 percent compared to the same period last year.
The surge was due to favorable visa policies, intensified tourism promotion campaigns and a series of events held to celebrate major national holidays and festivals. ■
Photo: Tourists visit the Van Mieu-Quoc Tu Giam (Temple of Literature) in Hanoi, Vietnam, March 24, 2025.
(Xinhua/Zhu Wei)