Connect with us

Asia

ကမ္ဘောဒီးယားတောင်ပိုင်းမှ မိန်းကလေးငယ်တစ်ဦး ၂၀၂၅ ခုနှစ်အတွင်း ၁၅ ဦးမြောက် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရသူဖြစ်လာ

ဖနွမ်းပင်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီး ဌာန၏ သြဂုတ် ၆ ရက်ထုတ်ပြန်မှုအရ နိုင်ငံ၏တောင်ပိုင်း တာခဲယို (Takeo)ခရိုင်မှ အသက် ၆ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသည် H5N1 ကြက်ငှက်တုပ်ကွေးရော ဂါကူးစက်ခံခဲ့ရသလို အဆိုပါလူနာမှာ ယခု ၂၀၂၅ ခုနစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ၁၅ ဦးမြောက် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရသူဖြစ်လာသည်ဟု သိရသည်။

ကမ္ဘောဒီးယား အမျိုးသားကျန်းမာ ရေးသိပ္ပံဓာတ်ခွဲခန်း၏ သြဂုတ် ၅ ရက် စစ်ဆေးချက်ရလဒ်အရ အဆိုပါကလေးငယ်တွင် H5N1 ဗိုင်းရပ်စ် တွေ့ရှိရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးငယ်သည် လက်ရှိတွင် ချောင်းဆိုး၊ ဖျားနာ၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အသက်ရှူရခက်ခဲသည့် ရောဂါလက္ခဏာများရှိနေပြီး ဆရာဝန်များပါဝင်သော အသင်းတစ်ခုဖွဲ့ကာ ကုသကယ်ဆယ်မှုလုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ထားသည်။

ရောဂါကူးစက်ခံရသူသည် ထရမ်ကက်ခရိုင်၊ ပရေးမွတ်ခ်ရွာတွင် နေထိုင်သူဖြစ်သည်။ လွန်ခဲ့သည့် ရက် ၂၀ အတွင်းဖြစ်စဥ်များကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းအရ ထိုကလေးငယ်နေထိုင်သည့်အိမ်၌ မွေးထားသော ကြက်ကောင်ရေ ၃၀ ဝန်းကျင်မှာ နေမကောင်းဖြစ်ပြီးနောက်သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါကြက်သေများကို မိခင်ဖြစ်သူက ကလေးငယ် နာမကျန်းမီရက်များတွင် ချက်ပြုတ်စားသောက်ခဲ့ ကြောင်း သိရသည်။

ကမ္ဘောဒီးယား ကျန်းမာရေးအာဏာပိုင်များက ကူးစက်မှုဖြစ်ပွားရသည့်ဇာစ်မြစ်ကို ရှာဖွေနေကြသလို သံသယဖြစ်ဖွယ်လူနာများ၊ ကူးစက်ခံရသော ကလေးငယ်နှင့်ထိတွေ့မှုရှိခဲ့သည့် သံသယရှိသူများကို ဆက်လက်စစ်ဆေးကာ ဒေသအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် လုပ်ဆောင်နေကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေး ကူးစက်ပျံနှံ့မှုကိုကာကွယ်နိုင်ရန် နေမကောင်းသည့် မိန်းကလေးနှင့် တိုက်ရိုက်ထိတွေ့မိခဲ့သူများအားလည်း Tamiflu (oseltamivir) ဗိုင်းရပ်စ်သတ်ဆေးဝါးများကို ဖြန့်ဖြူးပေးထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီး ဌာန၏ထုတ်ပြန်မှုအရ ယခု ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ခံရသူ လူနာ ၁၅ ဦးအထိ ရှိခဲ့ကာ ယင်းတို့အနက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Little girl in southern Cambodia becomes 15th victim of bird flu in 2025

PHNOM PENH, Aug. 6 (Xinhua) — A six-year-old girl from southern Cambodia’s Takeo province has been confirmed for H5N1 human avian influenza, bringing the number of cases to 15 so far this year, the Ministry of Health said in a statement on Wednesday.

“A laboratory result from the National Institute of Public Health showed on Aug. 5 that the girl was positive for H5N1 virus,” the statement said.

“The patient has the symptoms of fever, cough, fatigue, and breathing difficulty, and she is currently being rescued by a team of doctors,” it added.

The victim lives in Prey Mok village of Tram Kak district.

“Investigations revealed that in the past 20 days, about 30 chickens had fallen ill and died subsequently at the girl’s house, and her mother cooked dead chickens for food, days before the girl got sick,” the statement said.

Health authorities are looking into the source of the infection and are examining any suspected cases or people who have been in contact with the victim in order to prevent an outbreak in the community.

Tamiflu (oseltamivir), an antiviral drug to prevent the bird flu from spreading, was also distributed to people who had direct contact with the ill-fated girl, the statement said.

So far this year, the Southeast Asian country recorded a total of 15 human cases of H5N1 bird flu, with five deaths, according to the Ministry of Health.