Connect with us

Africa & Middle East

ဂါဇာမှ နိုင်ငံများစွာ၏ နိုင်ငံသားများ လွှဲပြောင်းရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိဟု ICRC အတည်ပြု

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ရာဖာနယ်စပ်ဖြတ်သန်းဂိတ်မှတစ်ဆင့် အီဂျစ်နိုင်ငံသို့ ထွက်ခွာရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် နိုင်ငံများစွာ၏ နိုင်ငံသားများအား ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ဆက်လက်ခရီးပြုနိုင်ရန် ဂါဇာကမ်းရိုးတန်းတောင်ပိုင်းရှိ ရာဖာမြို့၏ အရှေ့ဘက်နေရာရှိ ကီရမ်ရှာလုံနယ်စပ်ဂိတ်နေရာသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဩဂုတ် ၆ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။
“နိုင်ငံများစွာ၏ ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုများ၏ တောင်းဆိုချက်အရ ICRC အနေဖြင့် အဆိုပါနိုင်ငံအသီးသီး၏ နိုင်ငံသားများနှင့် မိသားစုဝင်များအား ကီရမ်ရှာလုံနယ်စပ်ဂိတ်နေရာသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းနေရာရှိ ကောင်စစ်ဝန်ဆိုင်ရာ ဝန်ထမ်းများက လက်ခံကာ ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ဆက်လက်ခရီးပြုနိုင်စေရန် စီစဉ်ပေးခဲ့ကြောင်း” ICRC က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယင်းအုပ်စုတွင် တတိယနိုင်ငံသားများ၊ စောင့်ရှောက်မှုနှင့် နိုင်ငံရပ်ခြားရှိ မိသားစုများထံမှ စောင့်ရှောက်မှုလိုအပ်နေသည့် ရပ်တည်ရန်ခက်ခဲမှုအရှိဆုံး မိသားစုဝင်များ ပါဝင်ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။ အဆိုပါ နိုင်ငံသားများ၏ နိုင်ငံအမည်များကိုမူ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိဘဲ ICRC က မတ်လမှစတင်၍ ဤကဲ့သို့သော အရပ်သားများ လွှဲပြောင်းရေး ကူညီဆောင်ရွက်ပေးခဲ့သည်မှာ ယခုအကြိမ်က ပဉ္စမအကြိမ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ အဆိုပါပုဂ္ဂိုလ်များ၏ မိသားစုဝင်များကို လက်ခံပေးသည့် နိုင်ငံများအနေဖြင့် လိုအပ်သောခွင့်ပြုမိန့်များ ထုတ်ပေးသည့် “သက်ဆိုင်ရာအာဏာပိုင်များ” နှင့် သဘောတူညီမှုအရ ၎င်းတို့အား ဂါဇာကမ်းမြောင်မှ ကနဦးခရီးထွက်ခွာနိုင်ရေးအတွက် တာဝန်ယူကြရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ICRC ရဲ့အခန်းကဏ္ဍအနေနဲ့က ဒီလိုလုပ်ငန်းတွေလုပ်ဆောင်ရာမှာ သူတို့ကိုလွှဲပြောင်းပေးတဲ့ရတဲ့အခါ အဆင်ပြေစေဖို့အတွက်ပဲ အကန့်အသတ်နဲ့လုပ်နေရတာဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်အတွင်း ဘေးကင်းစွာ ခရီးသွားလာနိုင်ရေး သေချာစေဖို့အတွက်သာဖြစ်ပြီး အဲဒါထက်ကျော်လွန်ပြီး ပါဝင်လို့မရပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
ICRC confirms facilitating transfer of several countries’ citizens from Gaza
GAZA, Aug. 6 (Xinhua) — The International Committee of the Red Cross (ICRC) confirmed on Wednesday that it has facilitated the transfer of citizens from several countries in the Gaza Strip to the Kerem Shalom crossing, east of Rafah, in the southern coastal enclave, to continue their travel to their countries.
The ICRC said in a press statement that “at the request of the consular services of several countries, the ICRC facilitated the transfer of their nationals and their family members to the Kerem Shalom crossing point, where they were received by consular staff to continue their travel to their countries.”
It added that the group included third-country nationals and members of the most vulnerable families who need care and support from their families abroad. The statement did not specify the identities of the countries, noting that this is the fifth time the ICRC has facilitated the transfer of civilians of this kind since March.
The countries hosting the families of these individuals are responsible for initiating travel procedures for them from the Gaza Strip in agreement with “the competent authorities,” who issue the necessary permits, according to the statement.
“When carrying out such activities, the ICRC’s role is limited to facilitation only and does not extend beyond ensuring safe travel within the Gaza Strip,” said the statement.
Photo: People wait to leave for Egypt via the Rafah crossing in the southern Gaza Strip, Feb. 25, 2024. (Photo by Khaled Omar/Xinhua)