International Organizations
တိုက်စစ်မှူးမာ့ခ်ဂီယူး ချဲလ်ဆီးမှ ဆန်းဒါးလန်းသို့ အငှားဖြင့်ရောက်ရှိလာ

လန်ဒန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
ဆန်းဒါးလန်းအသင်းသည် ဘာစီလိုနာတိုက်စစ်မှူးဟောင်း မာ့ခ်ဂီယူးကို ၂၀၂၅-၂၀၂၆ ရာသီအတွက် ချဲလ်ဆီးမှ အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ခြင်းဖြင့် ပရီးမီးယားလိဂ်အတွက် ၎င်းတို့အသင်းအင်အားကို ဆက်လက်အားကောင်းစေလိုက်ပြီဖြစ်သည်။
အသက် ၁၉ နှစ်အရွယ် ကစားသမား မာ့ခ်ဂီယူးသည် ပြီးခဲ့သည့်ရာသီက ချဲလ်ဆီးအတွက် ၁၆ ပွဲကစားကာ ၆ ဂိုး သွင်းယူပေးခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့်ရာသီက ချန်ပီယံရှစ် play-off ပွဲဲတွင် အနိုင်ရရှိပြီးနောက် ထိပ်တန်းသို့ ပြန်လည်ရောက်ရှိလာသော ကလပ်အသင်းအတွက် မာ့ခ်ဂီယူးအနေဖြင့် ထိပ်တန်းအဆင့်အတွေ့အကြုံများ ပိုမိုရရှိစေရန် ၎င်းအား အငှားချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆန်းဒါးလန်းသည် အဆင့်တက်ရန် ကြွေးကြော်ခဲ့ပြီးချိန်မှစ၍ အန်ဇိုလီဖီး၊ ဟာဘစ် ဒီယာရာ၊ နိုအာ ဆာဒီကီ၊ ဆိုင်မွန် အေဒင်ဂရာ၊ ဂရန်းနစ် ဇာကာ အပါအဝင် အသင်းအတွက် ကစားသမားသစ်များ ခေါ်ယူနိုင်ရန် ပေါင် သန်း ၁၀၀ ကျော် သုံးစွဲခဲ့သည်။
“ကျွန်တော် အဆင်ပြေပါတယ်၊ ရှေ့ရာသီအတွက် တကယ်ကိုပဲ မျှော်လင့်နေပါပြီ” ဟု ၂၀၂၃ ခုနှစ်၌ စပိန် လာလီဂါမှာ ဂိုးသွင်းယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ဘာစီလိုနာကစားသမားဖြစ်လာခဲ့သော ဂီယူးက ပြောကြားခဲ့သည်။
“ကျွန်တော့်ကိုယ်ကျွန်တော် ခြေစွမ်းအမျိုးမျိုးပြနိုင်တဲ့ အစွမ်းထက် တိုက်စစ်မှူးတစ် ယောက် လို့ မြင်ပါတယ်၊ အခက်အခဲကြီးကြီးမားမားမရှိဘဲ ဂိုးသွင်းပေးနိုင်သူဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ် ။”
“တကယ်ထိုက်တန်တဲ့နေရာကို ဒီအသင်း ရောက်စေဖို့ရာ ကူညီဖို့ ကျွန်တော့်အတွက် ဒီနှစ်က ကြီးမားတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး အဲဒီအတွက် စတင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး” ဟု ဆန်းဒါးလန်း ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။
ဆန်းဒါးလန်းအသင်း၏ ဘောလုံးအားကစားဒါရိုက်တာ ခရစ္စဂျန်းစပိခ်မန်းကလည်း ဂီယူး ရောက်ရှိလာခြင်းကို ကြိုဆိုခဲ့သည်။
“သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ပြိုင်ဆိုင်မှုက သိသိသာသာကြီးဖြစ်ပြီး ဒီနွေရာသီမှာ အရည်အသွေးမြင့် ရွေးချယ်စရာတွေ အများကြီးရှိတာကြောင့် ဆန်းဒါးလန်းအသင်းကို ရောက်ရှိလာခဲ့တာကို ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ မာ့ခ်ဟာ ကျွန်တော်တို့အသင်းနဲ့ ကိုက်ညီတဲ့ အဓိကအရည်အချင်းတွေရှိသလို တိုးတက်မှုလည်း ရှိတဲ့ တိုက်စစ်မှူးတစ်ဦးပါ။ သူ့အနေနဲ့ ကစားပွဲတွေကို အကျိုးသက်ရောက်စေနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
Striker Marc Guiu arrives at Sunderland on loan from Chelsea
LONDON, Aug. 6 (Xinhua) — Sunderland continues to strengthen its squad on the club’s return to the Premier League with the signing of former FC Barcelona striker Marc Guiu on loan from Chelsea for the 2025-2026 season.
The 19-year-old made 16 appearances for Chelsea last season, netting six goals, but the club has sent him on loan to gain more top-flight experience with the club that returned to the top-flight after winning last season’s play-off from the Championship.
Sunderland has spent big since assuring promotion, spending well over 100 million pounds on signings such as Enzo Le Fee, Habib Diarra, Noah Sadiki, Reinildo, Chemsdine Talbi, Simon Adingra, and Granit Xhaka, with the Swiss international returning to the Premier League from Bayer Leverkusen.
“I’m feeling great and really looking forward to the season ahead,” said Guiu, who in 2023 briefly became the youngest Barcelona player to score a goal in La Liga.
“I see myself as a powerful striker, who can make a difference on and off the ball, and I pride myself on being a natural goalscorer.”
“This year is a huge opportunity for me to help take this team where it truly deserves to be, and I can’t wait to get started,” he said on the Sunderland website.
Sunderland’s Director of Football, Kristjaan Speakman also welcomes Guiu’s arrival.
“The competition for his signature was significant, and he had many high-quality options this summer, so we are delighted he’s joined Sunderland. Marc’s a progressive striker who has key attributes that align with the role in our team. In addition to providing a threat in the final third, we believe there are many other ways he can impact games,” he said. ■
English Caption
Bechir Ben Said (L), goalkeeper of Esperance de Tunisie, vies with Marc Guiu of Chelsea during the Group D football match between England’s Chelsea and Tunisia’ Esperance de Tunisie at the FIFA Club World Cup 2025 in Philadelphia, the United States, on June 24, 2025. (Xinhua/Wu Xiaoling)