Asia
ကမ္ဘောဒီးယား နဂါးလှေလှော်အသင်း ကမ္ဘာ့အားကစားပြိုင်ပွဲများ ပါဝင်ယှဥ်ပြိုင်မည်

ဖနွမ်းပင်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကမ္ဘ့ာအားကစားပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူးသို့ ကမ္ဘောဒီးယား နဂါးလှေလှော်အသင်းတစ်သင်းထွက်ခွာသွားကြောင်း ကမ္ဘောဒီးယား အမျိုးသား အိုလံပစ်ကော်မတီက သြဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဖွဲ့ခေါင်းဆောင်တစ်ဦး၊ နည်းပြနှစ်ဦး၊ အမျိုးသားအားကစားသမား ခြောက်ဦး၊ အမျိုးသမီးအားကစားသမား ခြောက်ဦး စုစုပေါင်းအဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယား ကနူးလှေလှော်အဖွဲ့ချုပ် ဒုတိယအတွင်းရေးမှူး Va Kry က ဦးဆောင်မည်ဖြစ်သည်။ အဆိုပါအားကစားအဖွဲ့သည် တရုတ်နိုင်ငံသို့ သြဂုတ် ၇ ရက်တွင်ရောက်ရှိပြီး သြဂုတ် ၇ ရက်မှ ၁၁ ရက်အထိ နဂါးလှေလှော်ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အားကစားအဖွဲ့သည် အသင်း ၁၁ သင်းနှင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာ့အဆင့် နဂါးလှေလှော်ပြိုင်ပွဲသို့ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား အမျိုးသားလှေလှော်အသင်း လက်ထောက်နည်းပြ Kong Sopheap က ထပ်လောင်းပြောကြားခဲ့သည်။
“နောက်ဆုံးအဆင့်ပွဲစဥ်တွေအထိ ကမ္ဘောဒီးယားအသင်း တက်ရောက်နိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်၊ တရုတ်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့အားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တစ်ခု ရဖို့လည်း သေချာမျှော်မှန်းထားပါတယ် “ ဟု ၎င်းကပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအသင်းသည် နဂါးလှေလှော်ပြိုင်ပွဲ ခြောက်မျိုးတွင် ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး မီဝာာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ ၂,၀၀၀ အကွာအဝေးပွဲစဥ်များတွင် အဖွဲ့ဝင် ခြောက်ဦး သို့မဟုတ် ၁၂ ဦးဖြင့် ယှဥ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Cambodia’s dragon boat team to contest at World Games in China
PHNOM PENH, Aug. 7 (Xinhua) — A Cambodian dragon boat team has traveled to Chengdu, capital of southwest China’s Sichuan Province, to take part in The World Games 2025, according to a news release from the National Olympic Committee of Cambodia on Thursday.
Led by Va Kry, deputy secretary general of the Cambodian Canoe and Rowing Federation, the 15-member delegation includes one team leader, two coaches, six male athletes, and six female athletes. The team departed for China on Wednesday to compete in dragon boat races from August 7 to 11, the release said.
Kong Sopheap, assistant coach of the Cambodian national rowing team, said the team will compete against 11 other sides, adding that the World Games marks Cambodia’s debut in dragon boat racing on the global stage.
“We are confident that Cambodia will reach the finals and is hopeful of securing a medal at the World Games in China,” he said.
Cambodia will compete in six dragon boat racing disciplines, with events covering distances of 200, 500 and 2,000 meters, and featuring crews of either eight or 12 athletes. ■
Contestants race their boats during the Water Festival in the Tonle Sap River in Phnom Penh, Cambodia on Nov. 14, 2024. (Photo by Phearum/Xinhua)