Asia
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က အပစ်အခတ်ရပ်စဲမှုဆိုင်ရာ အသေးစိတ် အကြောင်းအရာများနှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိ၊ တပ်အင်အား တိုးမြှင့်ခြင်းမပြုရန် ကတိပြု

ကွာလာလမ်ပူ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဩဂုတ် ၇ ရက်က ကျင်းပခဲ့သည့် အထွေထွေနယ်စပ်ရေးရာ ကော်မတီ (GBC) အထူးအစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား အပစ်အခတ်ရပ်စဲမှုဆိုင်ရာ အသေးစိတ် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဘုံသဘောတူညီမှု ရရှိခဲ့ကာ သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သလို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များကလည်း တတိယနိုင်ငံများမှ စောင့်ကြည့်လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။
နှစ်ဖက်အနေဖြင့် စစ်လက်နက်အမျိုးအစား အားလုံးနှင့် အကျုံးဝင်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် သဘောတူညီခဲ့ပြီး တစ်ဖက်တပ်ဖွဲ့ဝင်များ သို့မဟုတ် တစ်ဖက်တပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသည့် နေရာများကို အခြားတစ်ဖက်က အကြောင်းမဲ့ ပစ်ခတ်ခြင်းကို ရှောင်ကြဉ်မည်ဟု ကတိပြုခဲ့ကာ နယ်စပ်တစ်လျှောက်၌ တပ်အင်အား တိုးမြှင့်ခြင်းမပြုရန်လည်း သဘောတူညီခဲ့ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီးဌာန၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်မှုအရ သိရသည်။
နှစ်ဖက်အနေဖြင့် ဇူလိုင် ၂၈ ရက် ညသန်းခေါင်တွင် အပစ်အခတ်ရပ်စဲချိန်က အခြေအနေအတိုင်း ထပ်တိုးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းမပြုဘဲ တပ်ဖွဲ့ဝင်များကို လက်ရှိတပ်ဖြန့်ထားသည့်အတိုင်း ဆက်လက်ထိန်းထားရန် သဘောတူညီခဲ့ကြသည်။ ထို့အတူ ဖမ်းမိထားသည့် တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့်အညီ ကောင်းမွန်စွာဆက်ဆံရေး သေချာစေရန်လည်း ယင်းနှစ်နိုင်ငံက ကတိပြုခဲ့သည်။
နှစ်ဖက်အနေဖြင့် အပစ်အခတ်ရပ်စဲမှုအား လိုက်နာခြင်းရှိမရှိ လေ့လာစောင့်ကြည့်သွားမည့် မလေးရှားနိုင်ငံက ဦးဆောင်သော အာဆီယံ စောင့်ကြည့်လေ့လာရေးအဖွဲ့အား ထောက်ခံကြောင်း ကြေညာချက်၌ အလေးအနက် ဖော်ပြထားသည်။ ထိုအတောအတွင်း အာဆီယံနိုင်ငံများ၏ စစ်သံမှူးများ ပါဝင်သည့် ယာယီ စောင့်ကြည့်လေ့လာရေးမစ်ရှင်မှာ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
စစ်တပ်အခြေစိုက်ရာနေရာများ၊ စစ်ဒေသများနှင့် တပ်ရင်းတပ်ဖွဲ့ အသီးသီးကြား ပုံမှန်ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရေး၊ သီတင်းနှစ်ပတ်အတွင်း နယ်စပ်ဒေသရေးရာ ကော်မတီ အစည်းအဝေး ကျင်းပရေး၊ တစ်လအတွင်း နှစ်နိုင်ငံအကြား လာမည့် GBC အစည်းအဝေးအတွက် အစီအစဉ်ရေးဆွဲကာ လိုအပ်လာပါက GBC အထူးအစည်းအဝေးတစ်ရပ် ချက်ချင်းခေါ်ယူရေးအတွက် နှစ်ဖက် သဘောတူညီခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
ယင်းဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းယာယီကာကွယ်ရေးဝန်ကြီး နက်တာဖွန် နာ့ခ်ဖန်နစ်က ယခုအစည်းအဝေးမှာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အလွန်အရေးပါကြောင်း၊ ထိုအစည်းအဝေးမှာ ရေရှည်ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုရန် ကမ္ဘောဒီးယားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်နိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီး ထီယာ ဆီဟာကလည်း ကမ္ဘောဒီးယားအနေဖြင့် ရရှိထားသည့် ဘုံသဘောတူညီမှုကို အပြည့်အဝ အကောင်အထည်ဖော်ကာ နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယား၏ အပြုသဘောဆောင်သည့် ချဉ်းကပ်မှုကိုလည်း လက်တွေ့ပြသမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင်ကလည်း ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးမှာ အာဆီယံမူဘောင်အတွင်း ချမှတ်ထားသော မူဝါဒများကို လိုက်နာကျင့်သုံးခဲ့သည်ဟု အလေးအနက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တစ်လျှောက်၌ ဇူလိုင် ၂၄ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက်၌ အပစ်အခတ်ရပ်စဲရန် နှစ်ဖက်သဘောတူညီခဲ့ကြပြီး ယင်းနေ့ ညသန်းခေါင်ယံတွင် အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ထီယာ ဆီဟာ (ဝဲ) နှင့် ထိုင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး နက်တာဖွန် နာ့ခ်ဖန်နစ်တို့က သဘောတူညီချက်အား ပြသနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Thailand, Cambodia reach consensus on ceasefire details, pledge not to increase forces
KUALA LUMPUR, Aug. 7 (Xinhua) — Cambodia and Thailand reached a consensus on the details of the ceasefire and signed an agreement at the extraordinary meeting of the General Border Committee (GBC) held here Thursday.
Officials from Cambodia and Thailand attended the meeting, while delegates from China, Malaysia, and the United States participated as third-party observers.
According to a joint statement following the talks hosted at the Malaysian Ministry of Defence, both sides agreed to a ceasefire involving all types of weapons, pledging to avoid unprovoked firing towards each other’s positions or troops, and agreed not to increase forces along the border.
Both sides agreed to maintain current troop deployments without further movement as they were at the time when the ceasefire was reached at midnight on July 28. They also committed to ensuring the proper treatment of captured soldiers in accordance with international humanitarian law.
The statement further noted that both sides expressed support for an ASEAN observer team led by Malaysia to monitor compliance with the ceasefire. In the interim, a temporary observation mission consisting of defence attaches from ASEAN countries will be stationed in Cambodia and Thailand.
The statement also said that both sides agreed to maintain regular communication between all army areas and military regions and units, to convene a Regional Border Committee meeting within two weeks, to schedule the next GBC meeting of both countries within one month, and, if necessary, an extraordinary GBC meeting should be called immediately.
Speaking at a briefing after the talks, Thai Acting Defence Minister Nattaphon Narkphanit stated that this meeting was crucial to bilateral relations and regional peace and expressed the hope that this meeting would serve as an opportunity to work with Cambodia to promote long-term peace.
For his part, Cambodian Minister of National Defence Tea Seiha said that Cambodia will fully implement the consensus reached and will continue to maintain close coordination and cooperation, demonstrating Cambodia’s constructive approach to regional peace.
Meanwhile, Malaysian Home Minister Saifuddin noted that both countries had adhered to the principles upheld within the ASEAN framework.
Armed clashes between Cambodian and Thai forces erupted on July 24 along their border. The two countries agreed to a ceasefire on the afternoon of July 28, which took effect at midnight on the same day.■
English Caption 1
Representatives pose for a group photo before an extraordinary General Border Committee (GBC) meeting in Kuala Lumpur, Malaysia, Aug. 7, 2025. (Xinhua/Cheng Yiheng)
English Caption 2
Cambodian Deputy Prime Minister and Defense Minister Tea Seiha (L) and Thailand’s Deputy Defense Minister Nattaphon Narkphanit display an agreement in Kuala Lumpur, Malaysia, Aug. 7, 2025. (Photo by Chong Voon Chung/Xinhua)