International Organizations
ကုန်သွယ်ရေးစစ်ပွဲများကို ရှောင်ရှားရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြော

ကုလသမဂ္ဂ၊ သြဂုတ် ၈ ရက် ( ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုန်သွယ်ရေးစစ်ပွဲများအားလုံးသည် ပျက်စီးခြင်းကိုဖြစ်စေပြီး ရှောင်ရှားရမည့်အရာဟု ၄င်း အနေဖြင့် ယုံကြည်သည်ကို ရှင်းလင်းစွာအသိပေးလိုက်ကြောင်း အတွင်းရေးမှုးချုပ်၏ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၇ ရက်၌ ပြောကြားခဲ့သည်။
သြဂုတ် ၇ ရက်၌ စတင်အသက်ဝင်ခဲ့သည့် အမေရိကန်၏စည်းကြပ်ခွန်များနှင့်ပတ်သက်၍ ကုလသမဂ္ဂတွင်ပြုလုပ်သည့် နေ့စဥ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းထုတ်လာမှုအား လက် ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ဂျ်က တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်ပြီး “ဒါဟာ စိတ်ပျက်စရာ သတင်း” ဟုလည်း ၄င်းက ပြောခဲ့သည်။
အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ကုန်သွယ်ရေးစစ်ပွဲများဖြစ်ပွားနေချိန်တွင် လူ့အဖွဲ့အစည်း၏ အဆင်းရဲဆုံးနှင့် အထိခိုက်လွယ်ဆုံး ကဏ္ဍများ၌ ကုန်စျေးနှုန်းများမြင့်မားလာခြင်း၏ရလဒ်ကို ကျိန်းသေခံစားရမည်ကို သက်ဆိုင်ရာ အစိုးရများအားလုံးက နားလည်သဘောပေါက်ထားကြ စေလိုကြောင်း၊ ယင်းတို့ကို ကာကွယ်ပေးနိုင်သည့် အစီအမံများကိုလည်း ကျိန်းသေလုပ်ဆောင်ထားကြစေလိုကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။
အမေရိကန်၏ စည်းကြပ်ခွန်အသစ်သည် ယင်းတို့၏ဒါဇင်ချီသော ကုန်သွယ်ဖက်နိုင်ငံများအတွက် သြဂုတ် ၇ ရက်မှစတင်အသက်ဝင်ခဲ့သလို ၁၀ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိရှိသည့် စည်းကြပ်ခွန်နှုန်းထားသစ်များကြောင့် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းစဥ်များ၌ အခက်အခဲများဖြစ်လာမည်ကို ကမ္ဘာတစ်ဝန်း စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ (Xinhua)
……………………..
(English Version)
UN chief says trade wars need to be avoided
UNITED NATIONS, Aug. 7 (Xinhua) — UN Secretary-General Antonio Guterres made it clear that he believes all trade wars are ruinous and need to be avoided, his spokesperson said Thursday.
“This is disheartening news,” said Farhan Haq, deputy spokesperson for the UN chief, at a daily briefing, in response to a question about the imposition of U.S. tariffs that went into effect Thursday.
The secretary-general wants to make sure that all governments are aware that at a time of trade wars, measures need to be taken to protect the poorest and most vulnerable sectors of society, who will certainly suffer as a result of the higher prices, said the spokesperson.
The new U.S. tariffs on dozens of its trading partners took effect on Thursday, fueling global concerns that the new levy rates, ranging from 10 percent to 41 percent, will disrupt the international trade order.
UN Secretary-General Antonio Guterres addresses the UN General Assembly with a list of priority areas for action at the UN headquarters in New York on Feb. 7, 2024. (Eskinder Debebe/UN Photo/Handout via Xinhua)