Connect with us

Asia

ရုရှားအရှေ့ဖျားဒေသတွင် စတယ်လာပင်လယ်ဖျံကောင်ရေ တိုးလာ

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ပင်လယ်ဖျံများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ Kronotsky အမျိုးသားသဘာဝဇီဝမျိုးစုံထိန်းသိမ်းစောင့်‌‌ရှောက်ရေးအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ရာနယ်မြေအတွင်း အလိုအလျောက်ဓာတ်ပုံရိုက်ကူးမှုကင်မရာစနစ်များနှင့် Kamchatka ဘေးမဲ့တော တောင်ပိုင်းတွင် ဘေးအန္တရာယ် ကျရောက်နေသည့် မျိုးစိတ်များကြား အကောင်ရေတိုးပွားမှု အကောင်းဘက်သို့ ရောက်ရှိလာနေကြောင်း သြဂုတ် ၇ ရက်က မှတ်တမ်းတင်ခဲ့သည်။
ရုရှား ပင်လယ်နို့တိုက်သတ္တဝါများဆိုင်ရာကောင်စီ အဖွဲ့ဝင် Vladimir Burkanov က ၂၀၂၃ ခုနှစ် ဇူလိုင်မှ စက်တင်ဘာ ၂၀၂၄ ခုနှစ် အတွင်း ရိုက်ကူးခဲ့သည့် ဓာတ်ပုံထောင်ပေါင်းများစွာကို လေ့လာဆန်းစစ်သူများက မြောက်ပစိဖိတ် ဒေသတွင်သာ တွေ့ရသောမျိုးစိတ်တစ်ခုဖြစ်သည့် စတယ်လာပင်လယ်ဖျံများအကြား ပေါက်ဖွားနှုန်း မြင့်တက်လာ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စတယ်လာပင်လယ်ဖျံများသည် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်‌‌ရှောက်ရေးအဖွဲ့ ၏ ဘေးအန္တရာယ် ကျ ရောက်နေသည့်မျိုးစိတ် (EN A1b) စာရင်းတွင် ထည့်သွင်းထားပြီး မဝေးတော့သည့်အနာဂတ်တွင် မျိုးသုဥ်း ပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေကာ ရုရှားနိုင်ငံ Red Data စာအုပ်၏ အမျိုးအစားနှစ်တွင် ထည့်သွင်းထား ကြောင်း သိရသည်။
Kamchatka ကမ်းရိုးတန်း Kozlov Rock ရှိ စတယ်လာပင်လယ်ဖျံ သားပေါက်ရာနေရာတွင် ပြီးခဲ့သည့် ငါးနှစ်ကျော် အတွင်း အကောင်ပေါက် ၁၀၀ ခန့်သာ မွေးဖွားခဲ့ကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တယ်လီဂရမ်တွင် ပြောခဲ့ကာ ထိန်းသိမ်းစောင့်ရှောက်ရန် တွန်းအားပေးတောင်းဆိုခဲ့သည်။
‌‌နှိုင်းယှဥ်မည်ဆိုလျှင် ယခင် ဆယ်စုနှစ်များက နှစ်စဥ် အကောင်ရေ ၈၀မှ ၁၀၀ အထိ ပေါက်ဖွားခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ Kozlov Rock တွင် စတယ်လာပင်လယ်ဖျံကောင်ရေ စုစုပေါင်း ၄၀၀ ခန့်သာရှိတော့ကြောင်း သိရ သည်။ (Xinhua)
…………………..
(English Version)
Population of endangered Steller sea lions increases in Russia’s Far East
MOSCOW, Aug. 7 (Xinhua) — Russia’s Kronotsky state nature biosphere reserve said Thursday that automated camera systems in the reserve and South Kamchatka Sanctuary have documented positive population trends among red-listed pinniped species.
Vladimir Burkanov, a member of the Russian Marine Mammal Council, said that the analysis of tens of thousands of images captured between July 2023 and September 2024 revealed a rising birth rate among Steller sea lions, a species endemic to the North Pacific.
Steller sea lions are classified as “Endangered (EN A1b)” in the Red List of the International Union for Conservation of Nature, indicating a high risk of near-future extinction, and listed in Category II of Russia’s Red Data Book.
“At Kozlov Rock, the sole breeding site for Steller sea lions along Kamchatka’s coast, roughly 100 pups have been born annually over the past five years,” said the reserve in Telegram, calling the trend “encouraging.”
“This compares to 80 to 100 births per year in the previous decade,” it added.
The total Steller sea lion population at Kozlov Rock is estimated at around 400. ■
Photo: Sea lions are pictured at Pier 39 in San Francisco, the United States, Sept. 11, 2023. (Photo by Li Jianguo/Xinhua)