International Organizations
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရိုဟို ဘိုကာဂျူနီယာစ်နှင့် လမ်းခွဲ

ဗျူနိုအေးရိစ်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း မားကို့စ် ရိုဟိုမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုအရ ဘိုကာဂျူနီယာစ်အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အာဂျင်တီးနား မီဒီယာများက ဩဂုတ် ၇ ရက်၌ ဖော်ပြခဲ့သည်။
အဆိုပါ အသက် ၃၅ နှစ်အရွယ် ကစားသမားအနေဖြင့် အသင်းမန်နေဂျာ မစ်ဂယ် အိန်ဂျယ် ရက်ဆိုနှင့် အခြား အကြီးတန်း နည်းပြအဖွဲ့ဝင်များနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် စာချုပ်အား ငါးလစော၍ ဖျက်သိမ်းရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်ဟု ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် Infobae က ဆိုသည်။
ရိုဟိုမှာ ၂၀၂၁ ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းမှ ဘိုကာဂျူနီယာအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပြီးနောက် ၁၁၈ ပွဲ ကစားခဲ့ပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့သည်။ ယခုရာသီတွင်မူ ၎င်းမှာ ဒဏ်ရာရရှိခြင်း၊ ခြေစွမ်းမပြနိုင်ခြင်း၊ နည်းပြအဖွဲ့နှင့် ဆက်ဆံရေး အဖုအထစ်များ ရှိနေခြင်းတို့ကြောင့် ၁၃ ပွဲသာ ကစားခွင့်ရခဲ့သည်။
၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် အာဂျင်တီးနားအသင်းအတွက် ကိုယ်စားပြုကစားခဲ့သည့် ဗဟိုနောက်ခံလူ ရိုဟိုမှာ ပြည်တွင်း ပြိုင်ဘက်အသင်းများဖြစ်သည့် အက်စတူဒီယန်တေးစ်၊ ရေးဆင်းကလပ်တို့ထံမှ ကမ်းလှမ်းမှုများ ရရှိထားသည်ဟု ယူဆရသည်။
ဘိုကာအသင်းမှာ သမိုင်းတစ်လျှောက် အကြာမြင့်ဆုံး နိုင်ပွဲပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရပြီး ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် နိုင်ပွဲမရရှိသေးပေ။ (Xinhua)

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွင် ပါတီဇန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စု-L ပွဲစဉ်၌ ပါတီဇန်ကစားသမား အူမာ ဆာဒစ် (ဝဲ) နှင့် ထိုစဉ်က မန်ချက်စတာယူနိုက်တက် ကစားသမားဖြစ်သူ မားကို့စ် ရိုဟိုတို့ ဘောလုံးယှဉ်လုနေပုံကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
Rojo parts ways with Boca Juniors
BUENOS AIRES, Aug. 7 (Xinhua) — Former Manchester United defender Marcos Rojo has left Boca Juniors by mutual consent, Argentine media reported on Thursday.
The 35-year-old agreed to terminate his contract five months early after his relationship with manager Miguel Angel Russo and other senior staff broke down, according to local outlet In-fobae.
Rojo joined Boca on a free transfer from Manchester United in 2021 and made 118 appear-ances, scoring nine goals. He featured in only 13 games this year due to injuries, poor form and tensions with the coaching staff.
The center-back, who represented Argentina at the 2014 and 2018 World Cups, is understood to have received offers to join Boca’s domestic rivals Estudiantes and Racing Club.
Boca is on its longest winless run in history, having gone 11 games without victory in all com-petitions. ■
English Caption 1
Argentina’s Marcos Rojo (bottom) celebrates scoring with Lionel Messi during the 2018 FIFA World Cup Group D match between Nigeria and Argentina in Saint Petersburg, Russia, June 26, 2018. (Xinhua/Yang Lei)
English Caption 2
Partizan’s Umar Sadiq (L) vies with Manchester United’s Marcos Rojo during a UEFA Europa League Group L football match between Partizan and Manchester United in Belgrade, Serbia on Oct. 24, 2019. (Photo by Predrag Milosavljevic/Xinhua)