Connect with us

Africa & Middle East

ကမ္ဘာလုံးဆိုင်ရာ နားလည်မှုပေါင်းကူးရေးအတွက် တရုတ်နိုင်ငံက အဓိကသော့ချက်ဖြစ်ကြောင်း ဂီနီဘစ်ဆောနိုင်ငံဝန်ကြီး ပြောကြား

တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဥ် ရောက်ရှိလာသော ဂီနီဘစ်ဆောနိုင်ငံ သမ္မတ Umaro Sissoco Embalo နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန်တို့အား တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ တရုတ်ပြည်သူ့ခန်းမဆောင်၌ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘစ်ဆော၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ “လူများအကြား နားလည်မှု ပေါင်းကူးတံတားများ တည်ဆောက်ခြင်း” တွင် တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဂီနီဘစ်ဆောနိုင်ငံမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဂီနီဘစ်ဆောနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ သြဂုတ် ၆ ရက်က ကျင်းပသည့် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဂီနီဘစ်ဆောနိုင်ငံ၏ စစ်မှုထမ်းဟောင်းရေးရာ၀န်ကြီး အလီ ဟီဂျာဇီက အဆိုပါအမှာစကားကို ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

“တရားမျှတတဲ့ ကမ္ဘာကြီးဖြစ်စေပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို မြှင့်တင်ပေးဖို့ တရုတ်အာဏာပိုင်တွေရဲ့ ကတိကဝတ်ကို ကျွန်တော် အသိအမှတ်ပြုပါတယ်” ဟု ဟီဂျာဇီက ပြောကြားခဲ့သည်။ “တရုတ်သံတမန်ဆက်ဆံရေးက ငြိမ်းချမ်းရေးနဲ့ အမှတ်အသားပြုထားတာပါ” ဟုလည်း ၎င်းက ဆိုသည်။

သမိုင်းကို ပြန်သုံးသပ်ကြည့်ကာ ဝန်ကြီး ဟီဂျာဇီက ဂျပန်၏ကျူးကျော်မှုအား တရုတ်ပြည်သူများ၏ ခုခံတော်လှန်မှုကို မီးမောင်းထိုးပြသောအားဖြင့် “တရုတ်တော်လှန်ရေး အောင်မြင်မှုက အာဖရိကတိုက်သားအများအပြားရဲ့ တိုက်ပွဲဝင်မှုကို နိုးကြွစေခဲ့ပါတယ်” ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဂီနီဘစ်ဆောနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ရွင်ဟော်ကလည်း တရုတ်ပြည်သူများ၏ ခုခံမှုသည် မကောင်းမှုကို ဆန့်ကျင်သော တရားမျှတမှုအတွက် တိုက်ပွဲဝင်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး တရုတ်ကြည်သူတို့၏ အောင်ပွဲသည် ကမ္ဘာ့ငြိမ်းချမ်းရေး ထူထောင်မှုအတွက် ခိုင်မာသော အုတ်မြစ်ကို ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
China key to bridging global understanding: Guinea-Bissau minister

BISSAU, Aug. 7 (Xinhua) — China has played a key role in “building bridges of understanding among peoples” around the world, a senior official of Guinea-Bissau has said.

Aly Hijazi, Guinea-Bissau’s minister responsible for military veteran affairs, made the remarks on Wednesday during a ceremony held at the Chinese Embassy in Guinea-Bissau to mark the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.

“I acknowledge the commitment of the Chinese authorities to promoting a fairer world and a better future for all,” Hijazi said. “Chinese diplomacy is marked by peace.”

Reflecting on history, the minister highlighted the Chinese people’s resistance against the Japanese invasion, noting that “the success of the Chinese revolution inspired the struggle of many African peoples.”

For his part, Chinese Ambassador to Guinea-Bissau Yang Renhuo said the Chinese people’s resistance was a “struggle for justice against evil,” and the victory laid a solid foundation for the establishment of world peace. ■

English Caption

Chinese Premier Li Qiang meets with Guinea-Bissau President Umaro Sissoco Embalo, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, July 10, 2024. (Xinhua/Yin Bogu)