Connect with us

Africa & Middle East

ပါကစ္စတန် အကျဉ်းထောင်များမှ အာဖဂန် အကျဉ်းသား ၃၀၀ နီးပါး လွှတ်ပေး

အာဖဂန်နစ္စတန်နိုင်ငံ၊ ကန်ဒါဟာရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသော အကျဉ်းသားများကို ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကဘူးလ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် သီတင်းပတ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံသား အကျဉ်းသား စုစုပေါင်း ၂၉၉ ဦးကို ပါကစ္စတန်နိုင်ငံရှိ အကျဉ်းထောင်များမှ လွှတ်ပေးခဲ့ပြီး ၎င်းတို့၏ မွေးရပ်မြေ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ၏ ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေး ဝန်ကြီးဌာနမှ သြဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ချက်အရ အကျဉ်းသားများသည် ပါကစ္စတန်တွင် ရက်ပေါင်း ၂၀ မှ ၃ လအထိ အကျဉ်းချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီးနောက် ၎င်းတို့အား Spin Boldak နယ်စပ်ဂိတ်မှတစ်ဆင့် အာဖဂန်နစ္စတန်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတွင် အကျဉ်းချခံခဲ့ရသော အာဖဂန်နစ္စတန်နိုင်ငံသား ၉,၉၅၁ ဦးကို လွန်ခဲ့သည့် ၁၂ လအတွင်း လွှတ်ပေးခဲ့ကာ ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ယခင်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံသားပေါင်း ၁၀,၀၀၀ ကျော်မှာ ပြည်ပတွင် အကျဉ်းချခံထားရပြီး အများစုမှာ အီရန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ထိန်းသိမ်းခံထားရကြောင်းလည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။ (Xinhua)
————————-
(English Version)
Nearly 300 Afghan prisoners released from Pakistani jails

KABUL, Aug. 7 (Xinhua) — A total of 299 Afghan inmates were released from Pakistani prisons and returned to their homeland over the past week, a news release from the Ministry of Refugees and Repatriation said on Thursday.

According to the news release, the detainees were imprisoned in Pakistan for 20 days to 3 months, and after being released, they returned to Afghanistan through the Spin Boldak border crossing.

As many as 9,951 Afghan nationals who had been imprisoned in Pakistan and Iran have been set free and returned to their homeland over the past 12 months, the ministry said last week.

Over 10,000 Afghan citizens are currently imprisoned abroad, the majority of whom are being held in Iran and Pakistan, according to data released by the Ministry of Foreign Affairs in July. ■

English Caption

Photo taken on April 5, 2022 shows detainees released from a jail in Kandahar, Afghanistan. (Photo by Sanaullah Seiam/Xinhua)