Connect with us

Asia

၂၀၂၅ ခုနှစ်ကုန်တွင် ကျောက်မီးသွေး တန်သန်း ၇၀၀ ကျော် ထုတ်လုပ်နိုင်ရန် အင်ဒိုနီးရှား ရည်မှန်း

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမားတြား၊ Sawahlunto ရှိ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Ombilin ကျောက်မီးသွေးတူးဖော်ရေးမိုင်းတွင်းသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က လာရောက်လေ့လာကြသည့် ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရစဥ် (ဆင်ဟွာ)

ဂျကာတာ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏စွမ်းအင်နှင့်သတ္တုအရင်းအမြစ်ဝန်ကြီးဌာနက ၂၀၂၅ နှစ်ကုန်၌ ပြည်တွင်းကျောက်မီးသွေးထုတ်လုပ်မှု တန်သန်း ၇၀၀ ကျော် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း ဩဂုတ် ၇ ရက်၌ ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း အင်ဒိုနီးရှားသည် ကျောက်မီးသွေးတန် ၃၇၁.၆၆ သန်း ထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကျောက်မီးသွေးထုတ်လုပ်မှုတန် ၄၀၆.၀၆ သန်း ထုတ်လုပ်မှုထက် အနည်းငယ်ကျဆင်းခဲ့သည်။

အင်ဒိုနီးရှားအာဏာပိုင်များက ယခု ၂၀၂၅ ခုနှစ်တွင် ကျောက်မီးသွေးတန် ၇၃၅ သန်း ထုတ်လုပ်နိုင်ရန် နှစ်ဆန်းပိုင်းကတည်းက ရည်မှန်းထားခဲ့ခြင်းဖြစ်သည်။

စွမ်းအင်နှင့်သတ္တုအရင်းအမြစ်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ထရီဝီနာနိုက “ကျွန်တော်တို့ သေချာပေါက် ကျောက်မီးသွေးတန်သန်း ၇၀၀ ထုတ်နိုင်မှာပါ။ အခုတောင် တစ်ဝက်လောက် ထုတ်လုပ် နိုင်ခဲ့ပြီးပါပြီ”ဟု ဂျကာတာရှိ ၎င်း၏ ရုံးခန်းတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

စိမ်းလန်းသောစွမ်းအင်အစားထိုးမှုများကို အင်ဒိုနီးရှား အာဏာပိုင်များက ပိုမိုတိုးမြှင့်လုပ်ဆောင်နေသော်လည်း ကျောက်မီးသွေးမှာ နိုင်ငံ၏အဓိကစွမ်းအင်အရင်းအ မြစ်ဖြစ်နေဆဲဖြစ်ကာ အထူးသဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းတွင် အသုံးပြုခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၏ စုစုပေါင်းကျောက်မီးသွေးထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၈၃၆ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ထုတ်လုပ်ခဲ့သော တန်ချိန် ၇၇၅ သန်းထက် များစွာပိုမိုထုတ်လုပ်နိုင်ခဲ့သည်။

ယခု ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း ပြည်ပသို့ ကျောက်မီးသွေးတန် ၁၈၅.၉၈ သန်းတင်ပို့ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တင်ပို့မှုထက် ၆.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

………………………
(English Version)

Indonesia eyes over 700 mln tons of coal production in 2025

JAKARTA, Aug. 7 (Xinhua)

Indonesia’s Ministry of Energy and Mineral Resources said on Thursday that the country is projected to produce more than 700 million tons of coal by the end of 2025.

As of the first half of this year, Indonesia has produced 371.66 million tons of coal, slightly down from 406.06 million tons recorded during the same period in 2024.

Earlier this year, the government had set a coal production target of 735 million tons for 2025.

“We will certainly produce 700 million tons. Even now we have produced half of it,” said Tri Winarno, the ministry’s director general of mineral and coal, during a press briefing at his office in Jakarta.

Coal remains Indonesia’s primary energy source, especially for electricity generation, although the country has been pushing to develop green energy alternatives.

In 2024, Indonesia’s total coal production reached 836 million tons, an increase from 775 million tons in 2023.

In terms of exports, the country shipped out 185.98 million tons of coal during the first half of this year, a 6.13 percent decrease compared to the same period in 2024.

Photo Caption
(Tourists visit the Ombilin coal mining heritage in Sawahlunto, West Sumatra, Indonesia, July 11, 2019. The Ombilin Coal Mining Heritage, built in the1890s, was listed as the world heritage of UNESCO on July 6, 2019. (Xinhua/Du Yu) )