Connect with us

Europe

ဘာစီလိုနာနောက်ခံလူ မာတီနက်ဇ် အယ်နာဆာသို့ အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့ကစားမည်

ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့၌ ကာဗီဒါဇဗက်ဒါနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ဂိုးသွင်းယူပြီးနောက် ကစားဖော် လာမင်းယမားလ်နှင့်အောင်ပွဲခံနေသည့် အီနီဂိုမာတီနက်ဇ်(ဝဲ)ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဘာစီလိုနာနောက်ခံလူ အီနီဂိုမာတီနက်ဇ်မှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်နာဆာသို့ ပြောင်းရွှေ့ကစားရန်နီးစပ်နေခြင်းနှင့်အတူ စပိန်ဘောလုံးအသိုင်းအဝိုင်းတွင် အံ့အားသင့်ဖွယ်ရာ ကစားသမားအပြောင်းအရွှေ့တစ်ရပ်ဖြစ်သွားခဲ့သည်။
ဘာစီလိုနာအခြေစိုက်မီဒီယာများသို့ကလပ်တွင်းသတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ ၂၀၂၆ ဇွန်လကုန်အထိစာချုပ်ရှိနေသည့် အသက် ၃၄ နှစ်အရွယ်နောက်ခံလူ မာတီနက်ဇ်ကို ဘာစီလိုနာက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းမှထွက်ခွာခွင့်ပြုလိုက်ပြီဟု သိရသည်။
မာတီနက်ဇ်ကို လက်လွှတ်လိုက်ရခြင်းမှာ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်အတွက် ဘောလုံးပိုင်းအရ ထိုးနှက်ချက်တစ်ရပ်ဖြစ်သော်လည်း ဘာစီလိုနာရင်ဆိုင်နေရသည့် ဘဏ္ဍာရေးအခက်အခဲများအတွက်မူ အကျိုးကျေးဇူးဖြစ်လာမည်ဖြစ်သည်။
ဘာစီလိုနာမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် ယခုနှစ်နွေရာသီစျေးကွက်အတွင်း အသစ်ခေါ်ယူထားသည့် မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ယိုအန်ဂါစီယာတို့ကိုသာမက စာချုပ်သက်တမ်းထပ်တိုးခဲ့သည့် နောက်ခံလူ ဂျရတ်မာတင်၊ ဂိုးသမား ဆက်ဇီနီတို့ကိုလည်း ပထမအသင်းကစားသမားများအဖြစ် မှတ်ပုံတင်နိုင်ခြင်း မရှိသေးပေ။
ဂျာမနီဂိုးသမားတာစတီဂျန်ကလည်း ၄င်း၏ကျောဒဏ်ရာကိုခွဲစိတ်မှုပြုလုပ်ခဲ့ရပြီးနောက် နည်းပြဟန်ဆီဖလစ်ခ်အတွက် စတုတ္ထဦးစားပေးဂိုးသမား အီနာကီပီနာ တစ်ဦးတည်းသာ ပထမအသင်းအတွက် အသုံးပြုနိုင်မည့်အခြေအနေတွင် ရှိနေသည်။
အယ်နာဆာသို့ မာတီနက်ဇ် ပြောင်းရွှေ့သွားခဲ့လျှင်မူ ၄င်းအတွက်ပေးချေရသည့် တစ်နှစ်လစာ ယူရို ၁၄ သန်း (အမေရိကန်ဒေါ်လာ ၁၆.၃ သန်း)၏ ၆၀ ရာခိုင်နှုန်းအား လာမည့်သီတင်းပတ်ကုန်ရက်တွင် စတင်ကစားကြတော့မည့် လာလီဂါရာသီသစ်မတိုင်မီ ရက်ရှ်ဖို့ဒ်၊ ဂါစီယာနှင့်အခြားကစားဖော်များကို မှတ်ပုံတင်ရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။
ယမန်နှစ်ရာသီက ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရသည့် ဒိန်းမတ်နောက်ခံလူ သောမတ်ခရစ္စတီယန်ဆင်က မာတီနက်ဇ် ထွက်ခွာမှုကြောင့် လစ်လပ်သွားသည့်နေရာကို အစားဖြည့်ကစားပေးနိုင်မည်ဟု ဘာစီလိုနာ တာဝန်ရှိသူများက မျှော်လင့်နေကြသလို အဲရစ်ဂါဆီယာ၊ ရိုနယ်အရူဂျို၊ ပါအု ကူဘာစီတို့ကိုပါ အသုံးပြုနိုင်ဖွယ်ရှိသော်လည်း ယမန်နှစ်ရာသီက လာလီဂါအမှတ်ပေးချန်ပီယံဆုနှင့်စပိန်ဘုရင့်ဖလားတို့ကို ရယူနိုင်ခဲ့ရာတွင် အဓိကကျခဲ့သည့် မာတီနက်ဇ်ကို လက်လွှတ်လိုက်ရခြင်းက ဘာစီလိုနာကို အားနည်းသွားစေမည်ဖြစ် သည်။
ကျောဒဏ်ရာခွဲစိတ်ပြီးနောက် ၅ လကြာအနားယူရမည်ဟူသော ဘာစီလိုနာ၏ဆေးမှတ်တမ်းကို လက်မှတ်ထိုးပေးရန်ငြင်းဆန်ခဲ့သည့် ဂျာမနီဂိုးသမား တာစတီဂျန်ကိုလည်း အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားလိုက်ပြီဟု ဘာစီလိုနာက သြဂုတ် ၇ ရက်၊ ညနေပိုင်း၌ တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
တာစတီဂျန်ကမူ ၄င်းအနေဖြင့် ၃ လကြာသာ အနားယူရမည်ဟု အခိုင်အမာတုံ့ပြန်ထားသည်။ အက
ယ်၍ ဘာစီလိုနာဘက်မှ တာစတီဂျန်မှာ ၄ လနှင့်အထက် အနားယူရလိမ့်မည်ကို သက်သေပြနိုင်ခဲ့လျှင် မူ တာစတီဂျန်ကို ပထမအသင်းသားအဖြစ်မှ ဖယ်ရှားနိုင်ရုံသာမက ၄င်းကို ပေးချေနေရသည့်လစာ၏ ၈၀ ရာခိုင်နှုန်းအား ကစားသမားသစ်များကို မှတ်ပုံတင်ရန် အသုံးပြုနိုင်မည်ဖြစ်သလို တာစတီဂျန်လည်း လာမည့်ဇန်နဝါရီလအထိ ဘာစီလိုနာအတွက် ကစားခွင့်ရတော့မည် မဟုတ်ပေ။ (Xinhua)

……………………….
(English Version)
Martinez heads for Barca exit door in shock transfer move
MADRID, Aug. 8 (Xinhua) — FC Barcelona defender Inigo Martinez is on the verge of completing a move to Saudi Pro League side Al Nassr in one of the shock developments of the transfer window in Spain.
Barcelona sources have confirmed to the Barcelona-based sports papers, El Mundo Deportivo and Diario Sport that the 34-year-old, who has a contract until the end of June 2026, will be allowed to leave on a free transfer.
The loss of Martinez is a setback for Barcelona coach Hansi Flick in purely sporting terms, but once again the move seems to be conditioned by the delicate state of the club’s economy.
Barca has so far been unable to register new signings Marcus Rashford and Joan Garcia in its first team squad, with defender Gerard Martin and Wojciech Szczesny also unregistered after signing new contracts.
With Marc Andre ter Stegen unavailable after his back operation, that means fourth choice goalkeeper Inaki Pena is the only first team goalkeeper currently available to Flick.

If Martinez leaves, that would allow the club to use 60 percent of his reported annual salary of 14 million euros (16.3 million US dollars) to register Rashford, Garcia and company before the new season kicks off next weekend.
The club will hope that Thomas Christensen, who missed most of last season with an ankle injury, can cover Martinez’s departure, but while Eric Garcia, Ronald Araujo and Pau Cubarsi also provide guarantees, there is no doubt the loss of a key player in last season’s league and cup double weakens the squad.
Barca also announced on Thursday evening that the club has stripped ter Stegen of the captaincy. The decision comes after the goalkeeper refused to sign the club’s medical report that says he will be out of action for five months after his operation.
Ter Stegen insists he will only be sidelined three months, but if Barca can prove he will be out of action for four months or more, they can drop him from the squad and use 80 percent of his wages to register players – although that would mean ter Stegen won’t be able to play until January.
Photo:
Barcelona’s Inigo Martinez (L) celebrates his goal with his teammate Lamine Yamal during the UEFA Champions League football match between Crvena Zvezda and Barcelona in Belgrade, Serbia, on Nov. 6, 2024. (Photo by Predrag Milosavljevic/Xinhua)