Connect with us

North America

အမေရိကန် ကျောင်းဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွား၊ လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ

နယူး‌ယောက်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် Emory တက္ကသိုလ်၏ အတ္တလန်တာကျောင်းဝင်းအတွင်း သြဂုတ် ၈ ရက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာသတင်းများ၌ ဖော်ပြခဲ့သည်။
ပစ်ခတ်သူမှာ တစ်ဦးတည်းဖြစ်ပြီး ယခုအခါ သေဆုံးသွားပြီဖြစ်ကြောင်းနှင့် ကျောင်းဝင်းနှင့်အနီးဝန်းကျင်တွင် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိတော့ကြောင်း အတ္တလန်တာရဲဌာနကို ကိုးကားပြီး အန်ဘီစီသတင်းတွင် ဖော်ပြ ခဲ့သည်။
ပစ်ခတ်သူနှင့် ရင်ဆိုင်ရချိန်တွင် ဥပဒေထိန်းသိမ်းရေးအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါနေရာကို လုံခြုံရေးအတွက် တည်နေရာမပြောင်းရွှေ့ကြရန် အရေးပေါ်အမိန့် ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တက္ကသိုလ်၏ နောက်ဆုံးပို့စ်တွင် ဖော်ပြခဲ့သည်။
ပစ်ခတ်မှုသည် ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း ဒုတိယမြောက်လူသိများသည့်ပစ်ခတ်မှုဖြစ်ကြောင်း ဂျော်ဂျီယာမြို့တော်ဝန် Brian Kemp က အလေးပေးပြောဆိုကာ X လူမှုကွန်ရက်တွင် ထိုပစ်ခတ်မှုကို ရှုတ်ချခဲ့သည်။
သြဂုတ် ၆ ရက်ကလည်း ဂျော်ဂျီယာတောင်ပိုင်းရှိ အမေရိကန်စစ်တပ် Fort Stewart တွင် စစ်သားငါးဦးပစ်ခတ်ခံရမှု ဖြစ်ပွားကာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ (Xinhua)
………………….
(English Version)

Shooting on U.S. campus leaves 1 dead, 1 injured
NEW YORK, Aug. 8 (Xinhua) — A shooting on Emory University’s Atlanta campus in the U.S. state of Georgia on Friday left the shooter dead and one officer injured, according to media reports.
There was a single shooter who is now dead, with no further threat to the campus or surrounding area, said NBC News, quoting the Atlanta Police Department.
A law enforcement officer was injured while confronting the shooter, according to reports.
A shelter-in-place order was put into place and now has been lifted, said the latest post by the university.
Georgia Governor Brian Kemp decried the shooting on social media platform X, noting it was the second high-profile shooting in the state this week.
Five soldiers were shot and injured at the U.S. Army’s Fort Stewart in southeast Georgia on Wednesday. ■