Connect with us

International Organizations

နွာနယ်ရီက အာဆင်နယ်အသင်းနှင့် နှစ်ရှည်စာချုပ်သစ် ချုပ်ဆို

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ အာဆင်နယ်နှင့် မိုနာကိုအသင်းတို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဥ်တွင် သွင်းဂိုးအတွက် အောင်ပွဲခံနေကြသော အာဆင်နယ်ကစားသမားများအား တွေ့ရစဥ် (ဆင်ဟွာ)

လန်ဒန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
အာဆင်နယ်အသင်း၏ အလားအလာကောင်းသော ကွင်းလယ်ကစားသမား နွာနယ်ရီသည် ၎င်းကလပ်အသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း၊ ယင်းက နွာနယ်ရီအား အာဆင်နယ်အသင်း၌ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ ဆက်ရှိစေမည်ဖြစ်ကြောင်း သိရသည်။
“အသက် ၈ နှစ်ကတည်းက ကျွန်တော်တို့နဲ့ အတူရှိခဲ့တဲ့ အရည်အချင်းရှိတဲ့ ကွင်းလယ်ကစားသမားဟာ Hale End အကယ်ဒမီကတစ်ဆင့် သူ့ရဲ့ အထင်ကြီးလောက်စရာ တိုးတက်မှုနဲ့ ပထမအသင်းမှာ ပါဝင်လာပြီးနောက် ကလပ်အသင်းအတွက် သူ့ရဲ့အနာဂတ်ကို ကတိသစ္စာပြုလိုက်ပါပြီ” ဟု အာဆင်နယ်အသင်းက သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ်ရှိ နွာနယ်ရီသည် ပြီးခဲ့သည့်ရာသီ၌ ပြိုင်ပွဲစုံတွင် ၃၇ ပွဲကစားကာ ၉ ဂိုး သွင်းယူခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။
“ဒီစာချုပ်ကို ချုပ်ဆိုတာက ကျွန်တော့်အတွက် အရာအားလုံးပါပဲ” ဟု နွာနယ်ရီက ဆိုသည်။ “အ၀တ်လဲခန်းထဲမှာ အသင်းအတွက် အစိတ်အပိုင်းတစ်ခုအနေနဲ့ရော ဒီစီနီယာဘောလုံး အားကစားနယ်ပယ်မှာ ကျွန်တော့်ရဲ့ပထမဆုံး အစစ်အမှန်ရာသီလို့ပါ ကျွန်တော်က ဒီစာချုပ်ချုပ်ဆိုမှုကို ထင်မြင်မိပါတယ်။ အသင်းအတွက် ကျွန်တော် လုပ်ဆောင်ပေးနိုင်မယ်ံ့အရာအတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ တတ်နိုင်သမျှ အနိုင်ရအောင် ကူညီပေးချင်ပါတယ်၊ အသင်းအတွက် ပျော်ရွှင်မှုတွေနဲ့ ဂုဏ်ကျက်သရေတွေ ယူဆောင်လာပေးချင်ပါတယ်။ ဒီအသင်းက ကျွန်တော့်ကို သက်သောင့်သက်သာရှိစေတဲ့ ကျွန်တော့်ရဲ့ အိမ်အသင်းပါ” ဟုလည်း ၎င်းက ဆိုသည်။ (Xinhua)
……………….
(English Version)
Nwaneri signs new long-term deal with Arsenal

LONDON, Aug. 8 (Xinhua) — Arsenal’s promising attacking midfielder Ethan Nwaneri has signed a new five-year contract with the club, tying him to the Premier League outfit until June 2030.
“Our highly talented attacking midfielder, who has been with us since the age of eight, has committed his future to the club following his impressive rise through our Hale End Academy and into the first team,” Arsenal said in a statement Friday.
Nwaneri, 18, enjoyed a breakthrough campaign last season, making 37 appearances and scoring nine goals in all competitions.
“Signing this contract means everything to me,” Nwaneri said. “I see this as my first real season in senior football, as part of the squad in the changing room. I’m so excited for what I can bring to the team. I want to help us win as much as possible and bring happiness and glory to the club. This is where I feel at home.” ■

English Caption
Players of Arsenal celebrates scoring during during the UEFA Champions League football match between Arsenal and Monaco in London, Britain, on Dec. 11, 2024. (Xinhua/Li Ying)