Connect with us

North America

အပိုလို ၁၃ အာကာသယာဥ်မှူး အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်

အမေရိကန် အပိုလို ၈ နှင့် အပိုလို ၁၃ အာကာသယာဥ်မှူး‌ဟောင်း James Lovell ဝါရှင်တန်ရှိ နာဆာရုံးချုပ်တွင် ပြုလုပ်သည့် အပိုလို ၁၁ မစ်ရှင်နှင့် လပေါ်လမ်းလျှောက်ခြင်း နှစ် ၄၀ မြောက် အခမ်းအနား သတင်းစာ ရှင်းလင်းပွဲတွင် ၂၀၀၉ ခုနှစ် ဇူလိုင် ၂၀ ရက်က စကားပြောစဥ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အောက်ဆီဂျင်လှောင်ကန်ပေါက်ကွဲမှုဖြစ်ပြီးနောက် ကမ္ဘာမြေဆီသို့ ဘေးကင်းစွာပြန်လာနိုင်ရန် လုပ်ဆောင်နိုင် ခဲ့သည့် ၁၉၇၀ ပြည့်နှစ်က အပိုလို ၁၃ မစ်ရှင်ကို ဦးဆောင်ခဲ့သူ အမေရိကန် အာကာသယာဥ်မှူး James Lovell သည် အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ် တွင် အသက် ၉၇ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ် ကြောင်း နာဆာက သြဂုတ် ၈ ရက်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
Lovell သည် ၎င်း၏ဘဝသက်တမ်းတစ်လျှောက် Gemini 7 ၊ Gemini 12 ၊ အပိုလို ၈ နှင့် အပိုလို ၁၃ စသည့် အာကာသခရီးစဥ် လေးခု သွားရောက်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အပိုလို ၈ ၏ Lovell၊ Frank Borman နှင့် William Anders တို့သည် ပထမဆုံးအဖြစ် ကမ္ဘာ့ပတ်လမ်းမှ ထွက်ခွာကာ လကို ပထမဆုံးအကြိမ်ပတ်ခဲ့ကြသူများ ဖြစ်သည်။
အပိုလို ၁၃ မစ်ရှင်က Lovell ကို ကမ္ဘာက သိစေခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ဧပြီတွင် Lovell နှင့် အခြားအာကာသ ယာဥ်မှူး နှစ်ဦးတို့သည် အပိုလို ၁၃ ဖြင့် လကမ္ဘာသို့သွားရောက်စဥ်တွင် အာကာသယာဥ်၏ အောက်ဆီဂျင်ကန် ချို့ယွင်းမှု ဖြစ်ပွားခဲ့သည်။ မြေပြင်အဖွဲ့သားများ၏ ညွန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီးနောက်ထပ် လေးရက်ကျော်လွန်ပြီးနောက် Lovell နှင့် နှစ်ဦးတို့သည် service မော်ဂျူး မှ lunar မော်ဂျူးသို့‌ ရွှေ့ပြောင်း နေထိုင်ခဲ့ရသည်။ lunar မော်ဂျူး ကို အသက်ကယ်လှေအဖြစ်သုံး၍ လကိုလှည့်ပတ်သွားလာပြီး ကမ္ဘာကိုဦး တည်ကာ ဘေးမသီရန်မခဘဲ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြသည်။
လပေါ်တွင် လမ်းလျှောက်နိုင်မည့် အခွင့်အလမ်းကို လွဲခဲ့ရသော်လည်း Lovell သည် လွှတ်တော်ဆိုင်ရာ အာကာသ ဂုဏ်ထူးဆောင်ဆုကို လက်ခံရရှိခဲ့သည်။
၁၉၂၈ ခုနှစ် မတ်လ တွင်မွေးဖွားသူ Lovell သည် ၁၉၆၂ ခုနှစ်တွင် နာဆာ၏ အာကာသယာဥ်မှူး တစ်ဦးအဖြစ် အရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Apollo 13 moon mission leader James Lovell dies at 97
In April 1970, James Lovell and two other astronauts were on their way to the moon in Apollo 13 when an oxygen tank from the spaceship exploded. Over the next four days, Lovell and the two others moved from the service module to the cramped lunar lander. Using the lunar module as a lifeboat, they swung around the moon, aimed for Earth and landed safely.
NEW YORK, Aug. 8 (Xinhua) — U.S. astronaut James Lovell, who was commander of the 1970 Apollo 13 mission that managed to get back to Earth safely after an oxygen tank explosion, died Thursday in the U.S. state of Illinois at the age of 97, NASA said in a statement on Friday.
Lovell flew four space missions in his lifetime — Gemini 7, Gemini 12, Apollo 8 and Apollo 13. In 1968, Lovell, Frank Borman and William Anders of the Apollo 8 crew were the first to leave Earth’s orbit and the first to fly to and circle the moon.
It was the Apollo 13 mission that made Lovell famous worldwide. In April 1970, Lovell and two other astronauts were on their way to the moon in Apollo 13 when an oxygen tank from the spaceship exploded. Over the next four days, following the instructions of ground crew, Lovell and the two others moved from the service module to the cramped lunar lander. Using the lunar module as a lifeboat, they swung around the moon, aimed for Earth and landed safely.
Though missing the opportunity to walk on the moon, Lovell was a recipient of the Congressional Space Medal of Honor.
Born on March 25, 1928, Lovell was selected as an astronaut by NASA in 1962. ■
Former U.S. Apollo 8 and 13 astronaut James Lovell speaks at a news conference to commemorate the 40th anniversary of the Apollo 11 mission and the walk on the moon at the NASA headquarters in Washington on July 20, 2009. (Xinhua/Zhang Yan)