Connect with us

North America

အလက်စကာပြည်နယ်တွင် သြဂုတ် ၁၅ ရက်၌ ပူတင်နှင့်တွေ့ဆုံမည်ဟု ထရမ့် ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (အလယ်) က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်၌ အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan အား ကြိုဆိုရန် ၂၀၂၅ ခုနှစ် သြဂုတ် ၈ ရက်က စောင့်ဆိုင်းနေစဥ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် သြဂုတ် ၁၅ ရက်၌ ရုရှားသမ္မတ ဗလာတီမာပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် သြဂုတ် ၈ ရက်က ပြောကြားလိုက်သည်။
ထရမ့်က အသေးစိတ်ကိုထပ်မံပြောဆိုမည်ဟု Truth Social ပလက်ဖောင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့်ဆွေး‌နွေးပွဲတွင် ပူတင်နှင့် ထရမ့်တို့ ရုရှား-ယူကရိန်း ပဋိပက္ခ ရေရှည် ငြိမ်းချမ်းစွာဖြေရှင်းမှုတစ်ခု ရရှိရန် နည်းလမ်းများအပေါ် အာရုံစိုက်မည် ဖြစ်ကြောင်း ရုရှားသမ္မတ၏ လက်ထောက် Yury Ushakov က အတည်ပြုပြောဆိုခဲ့ကြောင်း RIA Novosti က သတင်းဖော်ပြခဲ့သည်။
ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုသည် ၎င်းအတွက် ပူတင်နှင့်တွေ့ဆုံရန် အခြေအနေတစ်ရပ်မဟုတ်ကြောင်း သြဂုတ် ၇ ရက်တွင် ထရမ့်က ပြောကြားခဲ့သည်။ (Xinhua)

…………………….
(English Version)
Trump says to meet Putin on Aug. 15 in U.S. state of Alaska
WASHINGTON, Aug. 8 (Xinhua) — U.S. President Donald Trump said Friday on social media that his meeting with Russian President Vladimir Putin will take place on Aug. 15 in the U.S. state of Alaska.
Trump said on Truth Social that further details will follow.
Russian presidential aide Yury Ushakov confirmed that Putin and Trump will focus on options for achieving a long-term peaceful settlement of the Russia-Ukraine conflict at the upcoming summit, RIA Novosti reported.
On Thursday, Trump said that a meeting between Russian and Ukrainian leaders is not a condition for him to meet with Putin.
Photo: U.S. President Donald Trump (C) waits to welcome Armenian Prime Minister Nikol Pashinyan at the White House, in Washington, D. C., the United States, on Aug. 8, 2025. (Xinhua/Hu Yousong)