Asia
အိန္ဒိယ-ရုရှား ရေနံ ကုန်သွယ်ရေးအပေါ် အမေရိကန် ဖိအားပေးနေချိန် မိုဒီနှင့် ပူတင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

နယူးဒေလီ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အိန္ဒိယ-ရုရှား ရေနံ ကုန်သွယ်ရေးအပေါ် အမေရိကန် ဆက်တိုက်ဖိအားပေးနေချိန်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီသည် ရုရှား သမ္မတ ဗလာတီမာ ပူတင်နှင့် ဩဂုတ် ၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
မိုဒီက လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ကာ ၎င်းအနေဖြင့် ရုရှားသမ္မတ ပူတင်နှင့် ယခုနှစ်နှောင်းပိုင်းတွင် တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“ယူကရိန်း နောက်ဆုံးဖြစ်ပေါ်နေတဲ့အခြေအနေအပေါ် သူမျှဝေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်ဖက်ဆွေးနွေးမှုအစီအစဉ် တိုးတက်မှုပေါ် ပြန်လည်သုံးသပ်ခဲ့ပါသေးတယ်။ အိန္ဒိယ-ရုရှား ထူးခြားတဲ့ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုးနက်ရှိုင်းအောင် ဆောင်ရွက်သွားမယ့်ကတိကဝတ်ကိုလည်း ထပ်မံပြောကြားခဲ့တယ်” ဟု မိုဒီက ဆိုသည်။ (Xinhua)
——————-
(Chinese Version)
Modi, Putin hold phone talks amid rising U.S. pressure on India-Russia oil trade
NEW DELHI, Aug. 9 (Xinhua) — Amid the ongoing U.S. pressure on India-Russia oil trade, Indian Prime Minister Narendra Modi on Friday held a phone conversation with Russian President Vladimir Putin.
Modi posted a statement on social media, saying that he was looking forward to hosting the Russian president later this year.
“I thanked him for sharing the latest developments on Ukraine. We also reviewed the progress in our bilateral agenda, and reaffirmed our commitment to further deepen the India-Russia Special and Privileged Strategic Partnership,” Modi said.■
1. Indian Prime Minister Narendra Modi (L) meets with Russian President Vladimir Putin at Hyderabad House in New Delhi, India, on Dec. 6, 2021. (PIB/Handout via Xinhua)