Connect with us

Asia

တရုတ်တွင်ကျင်းပမည့် SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေးပွဲသို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတက်ရောက်မှုကို တရုတ်နိုင်ငံ ကြိုဆို

သြစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့တွင်ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မိန့်ခွန်းပြောကြားနေသည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ၂၀၂၄ ဇူလိုင် ၁၀ ရက်၌ တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)မှဦးစီးပြုလုပ်မည့် ထျန်းကျင်းထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်လာမည့် အိန္ဒိယဝန်ကြီးချုပ် နရန်န္ဒြာမိုဒီကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက သြဂုတ် ၈ ရက်၌ ထုတ်ပြန်ပြောကြားသည်။
SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးပွဲမှဖိတ်ကြားမှုအရ မိုဒီသည် အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် သြဂုတ် ၃၁ ရက်၌ တရုတ်နိုင်ငံသို့သွားရောက်မည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ မေးခွန်းများကို ကောက ဖြေကြားရာတွင် တရုတ်နိုင်ငံက SCO ထိပ်သီးအစည်းအဝေးပွဲကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ထျန်းကျင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း၊ SCO အဖွဲ့ဝင် နိုင်ငံပေါင်း ၂၀ မှ ခေါင်းဆောင်များ အားလုံးတက်ရောက်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းကြီး ၁၀ ခုမှ ခေါင်းဆောင်များလည်း တက်ရောက်လာမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
“SCO ကို ထူထောင်ပြီးနောက်ပိုင်းကတည်းကစလို့ အခုကျင်းပမယ့် ထျန်းကျင်း ထိပ်သီးအစည်းအဝေး ဟာ အကြီးမားဆုံးထိပ်သီးအစည်းအဝေးပွဲကြီး ဖြစ်လာပါလိမ့်မယ်” ဟုလည်း ကောက မှတ်ချက်ပေး ဖြေကြားခဲ့သည်။
“SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးပွဲအတွက် တရုတ်နိုင်ငံကိုလာရောက်မယ့် အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ကြိုဆိုပါတယ်။ အားလုံးရဲ့ အတူတကွ ကြိုးပမ်းမှုအောက်မှာ ထျန်းကျင်းထိပ်သီးစည်းဝေးပွဲဟာ စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ကောင်းမွန်တဲ့အကျိုးကျေးဇူးရလဒ်ကောင်းတွေကို ပေါင်းစည်းဖော်ထုတ်မယ့်ပွဲကြီးတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။ SCO အနေနဲ့လည်း ပိုမိုကောင်းမွန်တဲ့ စည်းလုံးညီညွတ်မှု၊ ပေါင်းစပ်ညှိနှိုင်းမှု၊ ပြည့်ဝတဲ့တက်ကြွမှု၊ စွမ်းဆောင်မှုတွေနဲ့အတူ အရည်အသွေးမြင့်မားတဲ့ အဆင့်သစ်တစ်ခုကို ရောက်ရှိမယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China welcomes Indian PM Modi to China for SCO Tianjin Summit: FM spokesperson
BEIJING, Aug. 8 (Xinhua) — China welcomes Indian Prime Minister Modi to China for the Tianjin summit of the Shanghai Cooperation Organization (SCO), foreign ministry spokesperson Guo Jiakun said on Friday.
According to Indian media reports, Indian Prime Minister Narendra Modi will visit China upon invitation on Aug. 31 and attend the SCO Tianjin Summit.
When asked to comment on related reports, Guo said that China will host the SCO Summit in Tianjin from Aug. 31 to Sept. 1 this year, and that leaders of over 20 countries including all member states of the SCO and heads of 10 international organizations will attend relevant events.
“The SCO Tianjin Summit will be the largest summit in scale since the establishment of the SCO,” Guo noted.
“China welcomes Prime Minister Modi to China for the SCO Tianjin Summit. We believe that with the concerted effort of all parties, the Tianjin summit will be a gathering of solidarity, friendship and fruitful results, and the SCO will enter a new stage of high-quality development featuring greater solidarity, coordination, dynamism and productiveness,” said the spokesperson.
Photo;
Visiting Indian Prime Minister Narendra Modi speaks at a joint press conference in Vienna, Austria, July 10, 2024. (Xinhua/He Canling)