Connect with us

Asia

ဂျပန်၏ LDP ပါတီ ခေါင်းဆောင်ရွေးချယ်ပွဲအား အောက်တိုဘာ ၄ ရက်၌ ကျင်းပမည်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာသွားသည့် ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Toru Hanai/Bloomberg/Pool via Xinhua)

တိုကျို၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) အနေဖြင့် ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ၏နေရာအား ဆက်ခံမည့်သူကို ရွေးချယ်ရန်အတွက် လွှတ်တော်အမတ်များနှင့် အောက်ခြေအဆင့် ပါတီဝင်များက ဆန္ဒမဲပေးခြင်း အပါအဝင် လာမည့် ပါတီခေါင်းဆောင် ရွေးချယ်ပွဲအား လုပ်ငန်းစဉ် အပြည့်အစုံဖြင့် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၉ ရက် အစည်းအဝေး၌ ပါတီအလုပ်အမှုဆောင်များက ပါတီခေါင်းဆောင် ရွေးချယ်ပွဲအား စက်တင်ဘာ ၂၂ ရက်၌ တရားဝင်ကြေညာရန် သဘောတူညီခဲ့ကာ လွှတ်တော်အမတ်များအနေဖြင့် အောက်တိုဘာ ၄ ရက်၌ ဆန္ဒမဲပေးကြမည်ဖြစ်သည်။
လုပ်ငန်းစဉ် အပြည့်အစုံဖြင့် ကျင်းပမည့် အဆိုပါ ပါတီခေါင်းဆောင် ရွေးချယ်ပွဲ၌ LDP လွှတ်တော်အမတ်များထံမှ ၂၉၅ မဲ၊ ပါတီဝင်များထံမှ ၂၉၅ မဲ စုစုပေါင်း မဲအရေအတွက် ၅၉၀ ဖြင့် အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကာ မဲဆွယ်စည်းရုံးရေးကာလမှာ ၁၂ ရက်ကျော် ကြာမြင့်မည်ဟု သိရသည်။
လုပ်ငန်းစဉ် အပြည့်အစုံဖြင့် ကျင်းပမည့် ရွေးချယ်ပွဲမှာ ခေါင်းဆောင်သစ်တစ်ဦးအား ရွေးချယ်တင်မြှောက်ရာတွင် အသင့်လျော်ဆုံးနည်းလမ်းဖြစ်ကြောင်း၊ ယင်းသည် ပါတီအား ပြန်လည်ပြင်ဆင်ချိန်ညှိကာ အမျိုးသားနိုင်ငံရေး အင်အားစုအဖြစ် ရှေ့ဆက်လျှောက်လှမ်းနိုင်ရေးအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း LDP ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဟိရိုရှိ မိုရိယာမက အလေးအနက်ပြောကြားခဲ့သည်။
ရွေးချယ်ပွဲ စည်းမျဉ်းများအရ ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရရန်အတွက် မဲအရေအတွက် ထက်ဝက်ကျော်ရရှိရန် လိုအပ်မည်ဖြစ်ကာ ပထမအကျော့တွင် မည်သည့်ကိုယ်စားလှယ်လောင်းကမှ မဲထက်ဝက်ကျော် မရရှိခဲ့ပါက မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးမှာ အဆိုပါနေ့၌ပင် ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး LDP အမတ်များက ဒုတိယအကြိမ် မဲပေးရမည်ဖြစ်သလို စီရင်စု ၄၇ ခုမှလည်း ဆန္ဒမဲတစ်မဲစီ ရရှိမည်ဖြစ်ကြောင်း သိရသည်။
အီရှီဘာက ရာထူးမှနုတ်ထွက်တော့မည်ဖြစ်ရာ LDP ပါတီအနေဖြင် အကြိတ်အနယ်ရှိလာမည့် ပါတီခေါင်းဆောင်ရွေးချယ်ပွဲအတွက် ပြင်ဆင်လျက်ရှိကာ အဓိကပုဂ္ဂိုလ်များကလည်း ၎င်းတို့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောဆိုထားသည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုရှိမိဆု မိုတဲဂိက ၎င်း ဝင်ရောက်ယှဉ်ပြိုင်လိုသည်ဟု စက်တင်ဘာ ၈ ရက်က ကြေညာခဲ့ပြီး ပါတီနှင့် အစိုးရအတွက် ၎င်း၏ နိုင်ငံရေးအတွေ့အကြုံ ကြွယ်ဝမှုကို အသုံးချသွားမည်ဟု ကတိပြုခဲ့သည်။
အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယာရှိနှင့် စီးပွားရေးဖူလုံမှုဆိုင်ရာဝန်ကြီးဟောင်း ဆာနာအဲ တာကာအိချိတို့ကလည်း ပါတီခေါင်းဆောင်ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသည်ဟု ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
………………….
(English Version)
Japan’s LDP to hold full-scale leadership vote on Oct. 4
TOKYO, Sept. 9 (Xinhua) — Japan’s Liberal Democratic Party (LDP) has decided to hold its upcoming leadership election in a full-scale format, including votes from both lawmakers and rank-and-file party members, to select a successor to Prime Minister Shigeru Ishiba.
At a meeting on Tuesday, party executives agreed that the election will be officially announced on Sept. 22, with lawmakers casting their ballots on Oct. 4.
In the full-scale format, the contest will be decided by 590 votes in total, 295 from LDP lawmakers and 295 from party members. The campaign period will last more than 12 days.
LDP Secretary-General Hiroshi Moriyama emphasized that a full-scale election is the most desirable way to elect a new leader, describing it as an opportunity for the party to reset and move forward as a national political force.
Under the election rules, a winner must obtain more than half of the votes in order to be elected as the new party chief, and if no one wins a majority in the first round, a run-off vote between the top two candidates will be held on the same day, when the LDP lawmakers vote a second time and the 47 prefectural chapters get one vote each.
With Ishiba stepping down, the LDP is bracing for a heated leadership contest as major contenders signal their intention to run.
Former Foreign Minister Toshimitsu Motegi on Monday announced his intention to run, pledging to devote his full political experience to the party and government.
Chief Cabinet Secretary Yoshimasa Hayashi and former Economic Security Minister Sanae Takaichi have also decided to run, local media reported. Enditem
English Caption
Japanese Prime Minister Shigeru Ishiba leaves after a press conference at the prime minister’s office in Tokyo, Japan, Sept. 7, 2025. (Toru Hanai/Bloomberg/Pool via Xinhua)