Connect with us

Africa & Middle East

တာဂျစ်ကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံမှ ငလျင်ဒဏ်ခံပြည်သူများအတွက် လူသားချင်းစာနာမှုကူညီထောက်ပံ့‌ရေးပစ္စည်း တန် ၃,၀၀၀ ပေးပို့မည်

အာဖဂန်နစ္စတန်နိုင်ငံ ကူနာပြည်နယ် Nurgal ခရိုင်တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်မြင်ကွင်း တစ်ခုကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံမှ ငလျင်ဒဏ်သင့်ခဲ့သည့် ပြည်သူများအတွက် တာဂျစ်ကစ္စတန်နိုင်ငံမှ လူသားချင်းစာနာမှုအကူအညီ ပစ္စည်း တန် ၃,၀၀၀ ပေးပို့မည်ဖြစ်ကြောင်း နိုင်ငံပိုင် အာဖဂန်နစ္စတန် ရေဒီယိုနှင့်ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ခဲ့သည်။
“အဆိုပါ ကူညီထောက်ပံ့‌ရေးပစ္စည်းများတွင် လိုအပ်သည့်အစားအစာများနှင့်တခြားသောပစ္စည်းအမျိုးအစား ၂၄ မျိုး ပါဝင်ပြီး အာဖဂန်နစ္စတန်နိုင်ငံသို့ စက်တင်ဘာ ၈ ရက်က ပေးပို့ခဲ့ကြောင်း RTA က ထပ်မံပြောကြားခဲ့သည်။
အစောပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံမှငလျင်ဒဏ်သင့်ခဲ့ရသည့် ပြည်သူများသို့ တရုတ်၊ ကာတာ၊ ပါကစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဥဇဘက်ကစ္စတန်နှင့် အခြားနိုင်ငံများ အပါအဝင်နိုင်ငံများစွာမှ စားသောက်ကုန်များ၊ ရွက်ဖျင်တဲများ၊ ခြုံစောင်များ၊ ဆေးဝါးများ အပါအဝင် လူသားချင်းစာနာမှုကူညီထောက်ပံ့‌ရေးပစ္စည်းများ ပေးပို့ခဲ့ကြပြီးဖြစ်သည်။
လွန်ခဲ့သည့်ရက်သတ္တပတ်က အာဖဂန်နစ္စ္စတန် အ‌ရှေ့ပိုင်း‌ဒေသတွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၂,၂၀၀ ဦးသေဆုံးခဲ့ကာ ၃,၆၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ကူနာပြည်နယ် တစ်ခုတည်းတွင် အိမ်ခြေ ၇,၀၀၀ ကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။ (Xinhua)
……….
(English Version)
Tajikistan sends 3,000 tons humanitarian aid to quake-hit people in Afghanistan
KABUL, Sept. 9 (Xinhua) — Tajikistan has sent more than 3,000 tons humanitarian assistance to quake-hit people in Afghanistan, reported the state-run Radio and Television of Afghanistan (RTA) on Tuesday.
“Tajikistan has delivered more than 3,000 tons of humanitarian aid to support victims of the recent earthquake that struck eastern Afghanistan,” according to the RTA.
The assistance, which includes 24 types of essential food and non-food items, was sent to Afghanistan on Monday, it added.
Earlier, several countries, including China, Qatar, Pakistan, Iran, India, Uzbekistan and others, have sent humanitarian assistance, including foodstuff, tents, blankets and medicine to help the quake-affected people in Afghanistan.
A magnitude 6.0 earthquake on the Richter scale struck the eastern region of Afghanistan last week, which left more than 2,200 dead and more than 3,600 injured, while nearly 7,000 houses were destroyed only in Kunar province.
Photo : This photo taken on Sept. 1, 2025 shows a view of the earthquake-hit area in Nurgal district of Kunar province, Afghanistan. (Photo by Saifurahman Safi/Xinhua)