Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက လျှပ်စစ်မော်တော်ဆိုင်ကယ်ဝယ်ယူရန် အားပေးဆွဲဆောင်မည်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Periklindo လျှပ်စစ်မော်တော်ယာဥ်ပြပွဲ(PEVS) တွင် တရုတ်နိုင်ငံထုတ် Sunra အမှတ်တံဆိပ်မော်တော်ဆိုင်ကယ်ပြခန်းကို ၂၀၂၅ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားအစိုးရသည် သန့်ရှင်းသောစွမ်းအင်သို့ကူးပြောင်းမှု အရှိန်မြှင့်တင်ရန်နှင့် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုလျှော့ချရန် ရည်ရွယ်သည့် စီးပွားရေးလှုံ့ဆော်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် လျှပ်စစ်ဆိုင်ကယ် ဝယ်ယူမှုများကို မက်လုံးပေးဆွဲဆောင်မည်ဖြစ်ကြောင်း အကြီးတန်းတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။
စီးပွားရေးရာညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Susiwijono Moegiarso က အဆိုပါမက်လုံး ပေးဆွဲဆောင်မှုများသည် တတိယသုံးလပတ်အတွင်း လှုံ့ဆော်မှုကမ်းလှမ်းချက်တွင် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခင်အစီအစဥ်ကို အပြည့်အဝအကျိုးရှိရှိ အသုံးမပြုနိုင်ခဲ့သောကြောင့် အစိုးရအနေဖြင့် မက်လုံးပေးဆွဲဆောင်မှုများကို အများပြည်သူပိုမိုအသုံးပြုနိုင်စေရန် ဖြန့်ဝေမှုယန္တရားကို ပြန်လည်သုံးသပ်နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စက်မှုလုပ်ငန်းဝန်ကြီးဌာနသည် လျှပ်စစ်မော်တော်ဆိုင်ကယ် အားပေးဆွဲဆောင်မှုအစီအစဥ်ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် စီးပွားရေးရာညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထောက်ပံ့ပေးမည့်ပမာဏနှင့် လုပ်ငန်း အကောင်အထည်ဖော်မည့်အစီအစဥ်ကို အဆုံးသတ်ပြီးပြီးချင်း အကောင်အထည်ဖော်ရန် အဆင်သင့်ရှိပြီးဖြစ်ကြောင်း စက်မှုလုပ်ငန်းဝန်ကြီး Agus Gumiwang Kartasasmita က အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Indonesia moves to incentivize electric motorcycle purchases
JAKARTA, Sept. 9 (Xinhua) — The Indonesian government will provide incentives for electric motorcycle purchases as part of an economic stimulus package aimed at accelerating the transition to clean energy and reducing dependence on fossil fuels, a senior official said Tuesday.
Susiwijono Moegiarso, secretary at the Coordinating Ministry for Economic Affairs, said the incentives will be included in the third-quarter stimulus package.
He noted that the government is still reviewing the distribution mechanism to make the incentives more accessible to the public, as the previous program had not been fully utilized.
Earlier, Industry Minister Agus Gumiwang Kartasasmita said the ministry had prepared an electric motorcycle incentive scheme and was ready to implement it once the Coordinating Ministry for Economic Affairs finalized the subsidy amount and the implementation schedule.
Photo : This photo shows the booth of China’s electric motorcycle brand Sunra at the Periklindo Electric Vehicle Show (PEVS) 2025 in Jakarta, Indonesia, April 29, 2025. (Xinhua/Agung Kuncahya B.)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.