Connect with us

Africa & Middle East

အာဖရိက၏ အကြီးဆုံး ရေအားလျှပ်စစ်ရေလှောင်တမံကို အီသီယိုးပီးယားနိုင်ငံ ဖွင့်လှစ်

အီသီယိုးပီးယားနိုင်ငံ အနောက်မြောက်ပိုင်း Benishangul-Gumuz ဒေသရှိ Grand Ethiopian Renaissance Dam (GERD) ၏ ဓာတ်အားပေးပို့ရေးကြိုးလိုင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဒစ်အဘာဘာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံက အာဖရိကရှိ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် Grand Ethiopian Renaissance Dam (GERD) ကို စက်တင်ဘာ ၉ ရက်၌ တရားဝင်ဖွင့်လှစ်ခဲ့သည်။
စီမံကိန်း၏တရားဝင်ပြီးစီးမှုကို ဂုဏ်ပြုရန်အတွက် ဖွင့်ပွဲအခမ်းအနားအား အီသီယိုးပီးယားနိုင်ငံ အနောက်မြောက်ပိုင်း Benishangul-Gumuz ဒေသရှိ အဆိုပါရေလှောင်တမံအနီးတွင် ကျင်းပခဲ့သည်။ အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ မာမွတ် အလီ ယူဆွတ်ဖ်၊ ကင်ညာသမ္မတ ဝီလီယံ ရူတို၊ ဂျီဘူတီသမ္မတ အစ္စမေးလ် အိုမာ ဂူလယ်နှင့် တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာ ကီယာအပါအဝင် အီသီယိုးပီးယား အဆင့်မြင့်အရာရှိများ၊ အာဖရိကခေါင်းဆောင်များနှင့် အာဖရိကသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
၅,၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စီမံကိန်းကို ဆူဒန်နယ်စပ်အနီး ဘလူးနိုင်းမြစ်ပေါ်တွင် ၂၀၁၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီ အာမက်က စက်မှုလုပ်ငန်းအတွက် တည်ငြိမ်သောစွမ်းအင်ကို ပံ့ပိုးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ မြှင့်တင်ပေးခြင်းနှင့် ဒေသဆိုင်ရာ စွမ်းအင်ပေါင်းစည်းမှုကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတော်စီးပွားရေးကို အားကောင်းစေမည့် အဆိုပါရေလှောင်တမံ၏ အလားအလာများကို အလေးပေးပြောကြားခဲ့သည်။
“GERD ရေလှောင်တမံရဲ့ သမိုင်းဝင် ဖွင့်ပွဲအတွက် ပြည်တွင်း၊ ပြည်ပနဲ့ ကမ္ဘာတစ်ဝန်းက မိတ်ဆွေတွေနဲ့ အီသီယိုးပီးယားနိုင်ငံသားအားလုံးကို ဂုဏ်ပြုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
စုစုပေါင်း ရေသိုလှောင်နိုင်မှုပမာဏ ကုဗမီတာ ၇၄ ဘီလီယံရှိရန် စီမံထားသည့် အဆိုပါစီမံကိန်းသည် အီသီယိုးပီးယား၊ အီဂျစ်နှင့် ဆူဒန်ဟူသော နိုင်းမြစ်နှင့်ထိစပ်နေသည့် သုံးနိုင်ငံကြားတွင် ကာလရှည်ကြာ တင်းမာမှု အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။ အီဂျစ်နှင့် ဆူဒန်အစိုးရတို့က ၎င်းရေလှောင်တမံသည် ၎င်းတို့၏ ရေဝေစုအား လျှော့ချမည်ကို စိုးရိမ်သော်လည်း အီသီယိုးပီးယားအစိုးရက အဆိုပါစီမံကိန်းမှာ မြစ်အောက်ပိုင်းနိုင်ငံများကို ထိခိုက်စေမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။
“ကျွန်တော်တို့က စုပေါင်းတိုးတက်မှုကို အခိုင်အမာယုံကြည်သူတွေ ဖြစ်ပါတယ်” ဟု အဘီက အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ အီသီယိုးပီးယား၏ တိုးတက်မှုကို ဆက်လက်‌ဆောင်ရွက်ရန် ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့သည်။
အီသီယိုးပီးယားရှိ အဘေးမြစ်ဟု လူသိများသော ဘလူးနိုင်းမြစ်သည် မြို့တော်အဒစ်အဘာဘာ၏ မြောက်ဘက် ၅၇၀ ကီလိုမီတာခန့်အကွာ တာနာရေကန်မှ မြစ်ဖျားခံပြီး နိုင်းမြစ်၏ အဓိကမြစ်လက်တက်နှစ်ခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

အီသီယိုးပီးယားနိုင်ငံ အနောက်မြောက်ပိုင်း Benishangul-Gumuz ဒေသရှိ Grand Ethiopian Renaissance Dam (GERD) ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ အနောက်မြောက်ပိုင်း Benishangul-Gumuz ဒေသရှိ Grand Ethiopian Renaissance Dam (GERD) ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ အနောက်မြောက်ပိုင်း Benishangul-Gumuz ဒေသရှိ Grand Ethiopian Renaissance Dam (GERD) အနီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသော ကင်ညာသမ္မတ ဝီလီယံ ရူတိုကို တွေ့ရစဉ် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ အနောက်မြောက်ပိုင်း Benishangul-Gumuz ဒေသရှိ Grand Ethiopian Renaissance Dam (GERD) ၏ ဓာတ်အားသွယ်တန်းရေးတာဝါတိုင်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
Ethiopia inaugurates Africa’s largest hydropower dam
ADDIS ABABA, Sept. 9 (Xinhua) — Ethiopia on Tuesday officially inaugurated the Grand Ethiopian Renaissance Dam (GERD), the largest hydropower project in Africa.
A ceremony was held near the dam in the northwestern Benishangul-Gumuz region to celebrate the project’s official completion. It was attended by senior Ethiopian officials, African leaders and representatives from the African Union and other international organizations, including African Union Commission Chairperson Mahmoud Ali Youssouf, Kenyan President William Ruto, Djiboutian President Ismail Omar Guelleh and South Sudanese President Salva Kiir.
Construction of the 5,150-megawatt hydropower project began in 2011 on the Blue Nile River near the Sudanese border.
Addressing the event, Ethiopian Prime Minister Abiy Ahmed highlighted the dam’s potential to strengthen the national economy by providing stable energy for industry, improving livelihoods and advancing regional energy integration.
“Congratulations to all Ethiopians, both at home and abroad, as well as to our friends around the world, on the historic inauguration of the Grand Ethiopian Renaissance Dam,” he said.
The project, with a designed total water storage capacity of 74 billion cubic meters, has long been a source of tension among the three Nile-bound countries of Ethiopia, Egypt and Sudan. While Cairo and Khartoum fear the dam will reduce their water share, Addis Ababa maintains that the project will not harm downstream countries.
“We are firm believers in collective advancement,” Abiy said, reaffirming Ethiopia’s commitment to pursuing growth without undermining its neighbors’ interests.
The Blue Nile, known as the Abay River in Ethiopia, originates from Lake Tana about 570 km north of Addis Ababa and is one of the Nile River’s two main tributaries. ■
English Caption 1
Photo taken on Sept. 9, 2025, shows the transmission lines of the Grand Ethiopian Renaissance Dam (GERD) in the northwestern Benishangul-Gumuz region, Ethiopia. (Xinhua/Michael Tewelde)
English Caption 2, 3
Photo taken on Sept. 9, 2025, shows the Grand Ethiopian Renaissance Dam (GERD) in the northwestern Benishangul-Gumuz region, Ethiopia. (Xinhua/Michael Tewelde)
English Caption 4
Kenyan President William Ruto speaks at a ceremony held near the Grand Ethiopian Renaissance Dam (GERD) in the northwestern Benishangul-Gumuz region, Ethiopia, Sept. 9, 2025. (Xinhua/Michael Tewelde)
English Caption 5
Photo taken on Sept. 9, 2025, shows a transmission line tower of the Grand Ethiopian Renaissance Dam (GERD) in the northwestern Benishangul-Gumuz region, Ethiopia. (Xinhua/Michael Tewelde)