International Organizations
ဗာစကိုဒဂါးမားအသင်းမှ အော်ဂတ်စ်တိုက Rizespor သို့ ပြောင်းရွှေ့ရန် စီစဉ်နေ

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဗာစကိုဒဂါးမားအသင်း၏ တောင်ပံကစားသမား လွိုက် အော်ဂတ်စ်တိုက တူရကီကလပ် Rizespor သို့ ဝယ်ယူရန်လည်း ရွေးချယ်ခွင့်ရှိစေသော တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစားရန် ပြင်ဆင်နေကြောင်း ဘရာဇီးမီဒီယာများက ဖော်ပြခဲ့သည်။
အသက် ၂၅ နှစ်အရွယ် အန်ဂိုလာလက်ရွေးစင် အော်ဂတ်စ်တိုသည် ဖေဖော်ဝါရီလက Alanyaspor အသင်းမှ ဗာစကိုဒဂါးမားအသင်းသို့ ရောက်ရှိလာသော်လည်း ပုံမှန်နေရာရယူနိုင်ခဲ့ခြင်းမရှိဘဲ ၁၈ ပွဲကစားရာတွင် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မရှိခဲ့ပေ။
အော်ဂတ်စတို နောက်ဆုံးကစားခဲ့သော ပွဲစဉ်မှာ သြဂုတ် ၂ ရက်က ဘရာဇီးစီးရီးအေတွင် Mirassol ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
စပို့တင်းလစ္စဘွန်း လူငယ်အကယ်ဒမီ သင်တန်းဆင်း သြဂတ်စ်တိုသည် အန်ဂိုလာ လက်ရွေးစင်အသင်းအတွက် ခြောက်ကြိမ် ပါဝင်ကစားကာ တစ်ဂိုး သွင်းယူထားသည်။
Rizespor အသင်းသည် လက်ရှိတွင် တူရကီစူပါလိဂ် ၁၈ သင်းစာရင်းတွင် အဆင့် ၁၆ ၌ ရပ်တည်နေပြီး ယခုရာသီ၏ပထမသုံးပွဲတွင် တစ်မှတ်ရရှိထားကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Vasco’s Augusto set for Rizespor move
RIO DE JANEIRO, Sept. 10 (Xinhua) — Vasco da Gama winger Loide Augusto is set to join Turkish side Rizespor on a season-long loan with an option to buy, Brazilian media reported.
The 25-year-old Angola international joined Vasco in February from Alanyaspor but failed to secure a regular place, making 18 appearances without a goal or assist.
His last outing came on August 2 in a 3-2 defeat to Mirassol in Brazil’s Serie A.
Augusto, who is a graduate of Sporting Lisbon’s youth academy, has been capped six times for Angola’s national team, scoring one goal.
Rizespor is currently 16th in the 18-team Turkish Super Lig standings with one point from the first three games of the season. ■