Connect with us

International Organizations

မိမိအသင်းတွင်အတ္တစွဲမရှိဟု စပိန်နည်းပြ ဆို

ဆာဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ ပြုလုပ်သော UEFA နေရှင်နယ်လိဂ် ၂၀၂၄-၂၀၂၅ ပြိုင်ပွဲများအတွင်း ဆာဘီးယားအသင်းနှင့်စပိန်နိုင်ငံအသင်းတို့ပွဲစဥ်တွင် စပိန်အသင်းနည်းပြချုပ် လူးဝစ်ဒယ်လာဖွန်တေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
စပိန်နည်းပြ လူးဝစ်ဒယ်လာဖွန်တေးက အသင်းအဖွဲ့စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုသည် ၎င်း၏အသင်း ကျင့်သုံးကစားလျက်ရှိသည့် ထူးခြားသည့်ဘောလုံးကစားနည်းအခြေခံ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
စပိန်ရေဒီယို Cadena Ser ကို ပြောကြားရာတွင် စက်တင်ဘာ ၇ ရက်က ဥရောပချန်ပီယံများ၏ တူရကီအသင်းကို ၆-၀ ဖြင့် အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီးနောက် စပိန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲပွဲစဥ်များဆီသို့ ခိုင်ခိုင်မာမာခရီးဆက်လျက်ရှိသည်။ လူးဝစ်ဒယ်လာဖွန်တေးက ၂၀၂၂ ကမ္ဘာ့ဖလားပြီးနောက် လူးဝစ်စ် အန်နရီကေး၏ နေရာကို ၎င်း ဆက်ခံခဲ့ပြီးနောက်တွင် အကောင်းဆုံးစွမ်းဆောင်မှုဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“ဒီအသင်းက ကစားသမားတွေ မပင်ပန်းကြပါဘူး၊ မနက်ဖြန်ကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတာ သူတို့ အမြဲတမ်းလက်ခံထားကြတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လာမင်းယမားလို ကစားသမားများသည် ခေါင်းစည်းသတင်းများတွင် မကြာခဏပါဝင်လေ့ရှိချိန်တွင် လူးဝစ်ဒယ်လာဖွန်တေးက “လူတိုင်းက အကောင်းဆုံးတွေဖြစ်တာကြောင့် စပိန်အမျိုးသားအသင်းမှာ အတ္တစွဲ မရှိပါဘူး၊ သူတို့ကို ကျွန်တော်ကောင်းကောင်းသိထားပါတယ်” ဟု အလေးအနက်ပြောဆိုခဲ့သည်။
“ကျွန်တော်က ကစားပွဲနဲ့ကိုက်ညီသင့်တော်တဲ့သူကိုသာ ရွေးချယ်တာပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။
နည်းပြဒယ်လာဖွန်တေးက ယမားကိုလည်းချီးကျူးပြောဆိုခဲ့သည်။ “အသက် ၁၈ နှစ်ဆိုပေမဲ့ အထင်ကြီးစရာကောင်းတဲ့ ရင့်ကျက်မှုပြသနိုင်တယ်၊ ဒါကမလွယ်ကူပါဘူး၊ သူက ကလေးအရွယ်ပဲရှိပါသေးတယ်၊ လေ့လာနေဆဲသူပါပဲ၊ တိုင်းသိပြည်သိ ဆယ်ကျော်သက်တစ်ဦးရဲ့ ပုံရိပ်က တကယ့်လက်တွေ့ဘဝနဲ့တော့ ကွဲပြားခြားနားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“သူတို့နေရာအတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ ကျွန်တော်တို့မှာ အများကြီးရှိနေတာ ကျွန်တော်တို့ရဲ့ကံကောင်းခြင်းပေါ့” ဟု ဒယ်လာဖွန်တေးက ပြောကြားခဲ့သည်။ (Xinhua)
……….
(English Version)
Spain coach De la Fuente: No egos in my team
MADRID, Sept. 10 (Xinhua) — Spain coach Luis de la Fuente says teamwork and unity are the foundation of the exceptional football his side is playing.
Speaking to Spanish radio station Cadena Ser after the European champions’ 6-0 victory away to Türkiye on Sunday, which put Spain firmly on course for the 2026 World Cup finals, De la Fuente said he believed it was the best performance since he succeeded Luis Enrique following the 2022 World Cup.
“This group of players doesn’t tire, they always accept that tomorrow we have to do even better,” he said.
While players such as Lamine Yamal often draw the headlines, De la Fuente stressed there is “no ego struggle in the national team because everyone is a good person; I know them very well.”
“I select the people I know will fit into a project,” he explained.
The coach also praised Yamal, saying the 18-year-old has “shown impressive maturity, and it’s not easy. He’s a kid and he’s learning,” adding that the public image of the teenager differs from the reality.
“We’re lucky to have many players who are the best in the world in their position,” De la Fuente said.
Photo : Spain’s head coach Luis de la Fuente gestures during UEFA Nations League 2024/25 match between Serbia and Spain in Belgrade, Serbia, Sept. 5, 2024. (Photo by Predrag Milosavljevic/Xinhua)