Africa & Middle East
၂ နှစ်ကျော်ကြာ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရသော အစ္စရေး-ရုရှား အမျိုးသမီး အစ္စရေးသို့ ပြန်လည်ရောက်ရှိ

ဂျေရုဆလမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
လွန်ခဲ့သောနှစ်နှစ်ကျော်က အီရတ်တွင် ပြန်ပေးဆွဲခံခဲ့ရသည့် အစ္စရေး-ရုရှားနိုင်ငံသူ Elizabeth Tsurkov သည် စက်တင်ဘာ ၁၀ ရက်ညက အစ္စရေးသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ထို့မတိုင်ခင်ရက်က လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးနိုင်ငံ၏ မော့ဆက်ထောက်လှမ်းရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ပရင်စတန်တက္ကသိုလ်မှ ပါရဂူကျောင်းသား Tsurkov သည် ကွင်းဆင်းသုတေသနပြုလုပ်နေစဉ် ၂၀၂၃ ခုနှစ် မတ်လတွင် ဘဂ္ဂဒက်၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ အီရန်နှင့် အဆက်အသွယ်ရှိသော ရှီးအိုက်လက်နက်ကိုင်အဖွဲ့ Kataib Hezbollah မှ ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးက လေးလအကြာတွင် ကြေညာခဲ့သည်။
၎င်းအမျိုးသမီးမှာ စက်တင်ဘာ ၉ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဆိုက်ပရပ်စ်မှတစ်ဆင့် အစ္စရေးသို့ လေယာဉ်မစီးနင်းစေမီ ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မော့ဆက်က ထုတ်ပြန်ခဲ့သည်။ ထိုအမျိုးသမီးအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လွှဲပြောင်းမှုဟု ခေါ်ဝေါ်သည့်အရာကို အဆင်ပြေချောမွေ့စေရန် ကူညီပေးခဲ့သော ဆိုက်ပရပ်စ်ထောက်လှမ်းရေးအား ကျေးဇူးတင်ရှိကြောင်း မော့ဆက်၏ ညွှန်ကြားရေးမှူး David Barnea က ပြောကြားခဲ့သည်။
Tsurkov သည် Ben Gurion လေဆိပ်တွင် မိသားစုနှင့် ပြန်လည်ဆုံစည်းရန်နှင့် ယင်းနောက် Tel Aviv အနီးရှိ Sheba ဆေးရုံတွင် ဆေးစစ်မှုခံယူရန် ခန့်မှန်းရကြောင်း အစ္စရေးမီဒီယာက ဖော်ပြခဲ့သည်။ အစ္စရေးနိုင်ငံပိုင် ရုပ်သံဌာန Kan က ၎င်းအမျိုးသမီး လွတ်မြောက်ရေးအတွက် အကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း မရှိသလို အခြားမည်သည့်လိုက်လျောမှုမျှလည်း မပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။
အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီက ထိုအမျိုးသမီး လွတ်မြောက်လာမှုကို စက်တင်ဘာ ၉ ရက်၌ X တွင် ရေးသာဖော်ပြ၍ အတည်ပြုခဲ့ပြီး ၎င်းပြန်လည်လွတ်မြောက်လာခြင်းသည် အီရတ်လုံခြုံရေးအမှုထမ်းများ၏ ကြီးမားသောကြိုးပမ်းမှုများ၏ ရလဒ်ဖြစ်ကြောင်းနှင့် ဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းရာတွင် မည်သည့်အပေးအယူကိုမျှ လက်သင့်ခံမည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။
“ကျွန်မတို့တစ်မိသားစုလုံး မယုံနိုင်လောက်အောင် ပျော်ရွှင်နေကြပါတယ်” ဟု ၎င်းအမျိုးသမီး၏ ညီအစ်မဖြစ်သူ Emma Tsurkov က X ၌ ရေးသားခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………………………………………
(English Version)
Kidnapped Israeli-Russian woman returns to Israel after more than 2 years in captivity
JERUSALEM, Sept. 10 (Xinhua) — Elizabeth Tsurkov, an Israeli-Russian national kidnapped in Iraq more than two years ago, returned to Israel on Wednesday night after being freed a day earlier, Israel’s Mossad intelligence agency said.
Tsurkov, a Princeton University doctoral student, vanished in Baghdad in March 2023 while conducting field research. Israel announced four months later that she had been abducted by Kataib Hezbollah, a Shi’ite armed group with ties to Iran.
She was released on Tuesday and taken to the U.S. embassy in Baghdad before being flown to Israel via Cyprus, Mossad said. Its director David Barnea thanked Cypriot intelligence for helping facilitate what he called her “humanitarian transfer.”
Israeli media said Tsurkov was expected to reunite with her family at Ben Gurion Airport and then undergo medical checks at Sheba Hospital near Tel Aviv. State broadcaster Kan said no prisoners were freed and no concessions made in return for her release.
Iraqi Prime Minister Mohammed Shia al-Sudani confirmed her release in a post on X on Tuesday, calling it the result of “extensive efforts” by Iraqi security services and vowing not to tolerate “any compromise in enforcing the law and upholding the authority of the state.”
“My entire family is incredibly happy,” her sister, Emma Tsurkov, wrote on X. ■