Africa & Middle East
ဖီဂျီနိုင်ငံတွင် HIV စစ်ဆေးသည့်ကိရိယာ ရှားပါးပြတ်လပ်မှုနှင့်ရင်ဆိုင်နေရ

စူဗာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဖီဂျီနိုင်ငံတွင် HIV ကူးစက်ရောဂါဖြစ်ပွားမှု မြင့်တက်လာရာတွင် ဗိုင်းရပ်စ်ပိုးပမာဏနှင့် မွေးကင်းစကလေးငယ်များအတွက် ရောဂါရှာဖွေသည့် ကိရိယာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဖီဂျီနိုင်ငံလက်ထောက်ကျန်းမာရေးဝန်ကြီး ပီနီအိုနီရာဗူနာဝါက ဖီဂျီနိုင်ငံသည် လက်ရှိအချိန်တွင် စစ်ဆေးမှု မည်သို့ဆောင်ရွက်မည်ဆိုသည့်မဟာဗျူဟာ ချမှတ်ရမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက်က ဖီဂျီတိုင်းမ် သတင်းစာသို့ ပြောဆိုခဲ့သည်။
“ဖီဂျီနိုင်ငံမှာ လူတစ်ဦးချင်းစီကနေ လူတိုင်းကို HIV စစ်ဆေးဖို့ ကမ်းလှမ်းလေ့ရှိပေမဲ့ အရင်းအမြစ် အကန့်အသတ်နဲ့လုပ်ကိုင်ရတာကို ထိန်းချုပ်နိုင်ခြင်းမရှိဘူး” ဟု ရာဗူနာဝါက ပြောကြားခဲ့သည်။
ကျေးလက်ဒေသသို့သွားရောက်သည့် ကျန်းမာရေးအစီအစဉ်တချို့တွင် ဖြစ်ပွားနှုန်း လုံးဝမတွေ့ရှိခြင်းသည် မှန်ကန်သောအုပ်စုများကို ထိထိရောက်ရောက်စစ်ဆေးမှုမလုပ်ဆောင်နိုင်ကြောင်း ညွှန်ပြနေသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
စစ်ဆေးသည့်ကိရိယာများ မလုံလောက်ခြင်းသည် ပုံမှန်စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများတွင်သာမက မွေးကင်းစ ကလေးများအတွက် အစောပိုင်းရောဂါစစ်ဆေးမှုကိစ္စများတွင်ပါ သက်ရောက်မှုရှိကြောင်း ရာဗူနာဝါက ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါစစ်ဆေးသည့်ကိရိယာ မလုံလောက်မှုများကိုဖြေရှင်းရန် မိတ်ဖက်များ၊ စစ်ဆေးသည့်ကိရိယာထောက်ပံ့သူများနှင့် တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
Fiji faces shortage of HIV test kits
SUVA, Aug. 31 (Xinhua) — Fiji is grappling with a rise in HIV cases, but is experiencing a shortage of viral load and infant diagnostic test kits.
The country’s Assistant Health Minister Penioni Ravunawa said Fiji must be strategic now in how testing was conducted, according to Fiji Times on Sunday.
“There is a tendency in Fiji to offer HIV testing to everyone and anyone, but this is not sustainable in a resource-limited setting,” Ravunawa said.
He added that some outreach programs were reporting zero percent positivity, which indicates that testing may not be targeting the right groups.
The shortage of test kits affects not only routine monitoring but also the early diagnosis in newborns, Ravunawa said, adding that the ministry is actively working with partners and suppliers to resolve the shortage.
Photo : A medical worker conducts tests using the Sure Check HIV self-testing kit during the World AIDS Day awareness campaign in Kampala, Uganda, Dec. 1, 2021. (Photo by Nicholas Kajoba/Xinhua)