Connect with us

North America

မြောက်အမေရိက လက်မှတ်ရောင်းအားတွင် Weapons ဇာတ်ကားက သီတင်းပတ်‌ ၄ ပတ် ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အာကာဒီးယားရှိ AMC ရုပ်ရှင်ရုံတွင် အလိုအလျောက်လက်မှတ်ဝယ်စက်များအနီး ဖြတ်သန်းသွားလာနေသော အမျိုးသားတစ်ဦးကို ၂၀၁၇ ခုနှစ် ဩဂုတ် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AFP)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဝါနာဘရားသားစ်နှင့် နယူးလိုင်း ရုပ်ရှင်ထုတ်လုပ်ရေး၏ Weapons အမည်ရှိ ထိတ်လန့်သည်းဖို ရုပ်ရှင်ကားက စတုတ္ထမြောက် သီတင်းပတ်ကုန်တွင် သုံးရက်တာ ခန့်မှန်းခြေ ရုပ်ရှင်လက်မှတ်ရောင်းအား အမေရိကန်ဒေါ်လာ ၁၀.၂၁ သန်း ရှိခဲ့ပြီး မြောက်အမေရိက ရုပ်ရှင်လက်မှတ်ရောင်းအားဇယား၌ နံပါတ်တစ်နေရာကို သီတင်းပတ်လေးပတ် ဆက်တိုက်သိမ်းပိုက်ခဲ့ကြောင်း အချက်အလက်ကောက်ယူရေးလုပ်ငန်း Comscore က သြဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
R အဆင့်ရှိသည့် အဆိုပါရုပ်ရှင်ဇာတ်ကားက မြောက်အမေရိက ရုပ်ရှင်လက်မှတ်ရောင်းအားတွင် သြဂုတ် ၃၁ ရက်အထိ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၂.၄ သန်း ရရှိခဲ့သည်။
ယူနီဗာဆယ်ရုပ်ရှင်ထုတ်လုပ်ရေး၏ အကြိမ် ၅၀ မြောက် ပြန်လည်ထုတ်လုပ်သော ဇာတ်ကား Jaws က ယခုသီတင်းပတ်ကုန်တွင် ဒေါ်လာ ၈.၁ သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။
တတိယနေရာ၌မူ ဆိုနီရုပ်ရှင်ထုတ်လုပ်‌ရေး၏ မှုခင်းဇာတ်လမ်းနောက်ခံပြု ရုပ်ရှင်ဇာတ်ကား Caught Stealing က ပွဲဦးထွက် သီတင်းပတ်ကုန် ဝင်ငွေ ဒေါ်လာ ၇.၈၂ သန်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
“Weapons” tops North American box office for 4th consecutive weekend
LOS ANGELES, Aug. 31 (Xinhua) — Warner Bros. and New Line Cinema’s horror film “Weapons” held onto the top spot at the North American box office for the fourth weekend in a row with an estimated three-day cume of 10.21 million U.S. dollars, figures from measurement firm Comscore showed on Sunday.
The R-rated title has grossed 132.4 million dollars in North America through Sunday.
Universal’s 50th re-release of “Jaws” came in second with 8.1 million dollars this weekend.
Rounding out the top three, Sony’s crime film “Caught Stealing” opened to a debut weekend of 7.82 million dollars. ■
English Caption
File Photo: A man walks past vending machines for automated tickets at an AMC movie theater in Arcadia, California on Aug. 2, 2017. (Xinhua/AFP)