Africa & Middle East
အစ္စရေးနိုင်ငံတွင် လွန်ခဲ့သော နှစ် ၄,၀၀၀ ခန့်က ဆီမီးအိမ်မီးစာများ ရှာဖွေတွေ့ရှိ

ဂျေရုဆလမ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အစ္စရေး ရှေးဟောင်းသုတေသနပညာရှင်များသည် လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ခန့်က ရှေးဟောင်းဆီမီးအိမ်မီးစာ သုံးခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးရှေးဟောင်းအနုပညာပစ္စည်းဌာန တာဝန်ရှိသူများက သြဂုတ် ၃၁ ရက် ကြေညာချက်တစ်ခုတွင် ပြောဆိုခဲ့သည်။
အဆိုပါ ရှားပါးသည့်ရှာဖွေတွေ့ရှိခဲ့မှုကို နိုင်ငံအလယ်ပိုင်း Ben Gurion နိုင်ငံတကာလေဆိပ်နှင့်ကပ်လျက် Yehud-Monosson မြို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရှာဖွေတွေ့ရှိခဲ့သည့် မီးစာများသည် ဖိုင်ဘာအထည်စဖြင့် ပြုလုပ်ထားပြီး ကမ္ဘာ့ရှေးအကျဆုံးအရာများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ မီးစာများသည် မြေစေးမီးအိမ်များထဲတွင်ရှိနေပြီး ကြေးခေတ် (ဘီစီအီး ၂၀၀၀ မှ ၂၅၀၀ ဝန်းကျင်) အလယ်ပိုင်းက မီးထွန်းရန်အသုံးပြုခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ အဆိုပါမီးစာများကို အသုံးပြုပြီးလီနင်ပိတ်စမှ ပြုလုပ်ထားကြောင်းသိရှိရသည်။ သုတေသီများက လီနင်စကို မီးလောင်ကျွမ်းရန်အတွက်သာ ပြုလုပ်ထားကြောင်း မီးစာများကို အသုံးပြုပြီးသား အထည်များမှ ဖြတ်တောက်ပြီးသုံးခဲ့ကြခြင်းဖြစ်ကြောင်း ယူဆထားသည်။
အထည်စများကို သွယ်လျလျဖြတ်တောက်ပြီး လိမ်ကျစ်ကာမီးစာအဖြစ် ပုံဖော်အသုံးပြုခဲ့ကြောင်း အဆိုပါ တန်ဖိုးကြီးသော ပစ္စည်းများကိုပြန်လည်အသုံးပြုခြင်းသည် ထိုစဥ်က လူများမှာ ခြိုးခြံချွေတာသည့် အလေ့အထ ရှိပြီး နှစ်ထောင်ပေါင်းများစွာကတည်းက ပြန်လည်အသုံးပြုမှုရှိခဲ့ကြောင်းပြသခဲ့သည်ဟု ရှေးဟောင်း သုတေသနအဖွဲ့ အဆိုအရ သိရသည်။
မီးအိမ်များနှင့်မီးစာများကို မြေအိုးမြေခွက်များ၊ တိရစ္ဆာန်အရိုးများ ၊ သတ္တုလက်နက်များ၊ ကျောက်မျက်ရတနာများနှင့်အတူ ရှေးဟောင်းအုတ်ဂူများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
ရှေးဟောင်းသုတေသနပညာရှင်များက မီးအိမ်များကို မီးသင်္ဂြိုဟ်အခမ်းအနား မြေအောက်မြှုပ်နှံရာနေရာများတွင် အသုံးပြုခြင်းဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ မီးအိမ်တစ်လုံးမှမီးတောက်သည် မှော်ပညာနှင့်ဆက်စပ်နေပြီး လူ့ဝိညာဥ် အမှတ်သင်္ကေတအဖြစ် ယုံကြည်ကြကြောင်း ပြောဆိုခဲ့ကြသည်။
မီးစာများထဲတွင် ကျပ်ခိုးများတစ်စွန်းတစ်စ တွေ့ရှိရသောကြောင့် မီးတောက်လောင်ခဲ့ကြောင်း သက်သေပြ နေသည်။ သဘာဝအထည်စများသည် ပုံမှန်အားဖြင့် မြေထဲပင်လယ် ရာသီဥတုတွင် လျင်မြန်စွာဆွေးမြေ့လွယ် သောကြောင့် ၎င်းတို့၏ကျန်ရှိနေမှုသည် အထူးသဖြင့် အံ့သြဖွယ်ရာဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………….
(English Version)
Israel discovers 4,000-year-old oil lamp wicks
JERUSALEM, Aug. 31 (Xinhua) — Israeli archaeologists have uncovered three ancient oil lamp wicks dating back about 4,000 years, the Israel Antiquities Authority said in a statement on Sunday.
The rare discovery was made in the city of Yehud-Monosson, adjacent to Ben Gurion International Airport in central Israel.
The wicks, made of textile fibers, are among the oldest known in the world. They were inside clay lamps used for lighting during the Intermediate Bronze Age (around 2500 to 2000 BCE).
Laboratory tests showed that the wicks were made from reused linen. The researchers believe it is unlikely that linen was woven only for burning, suggesting that the wicks were cut from old fabric that had already served another purpose.
According to the team, the textiles were cut into strips and twisted into shape. This reuse of costly material shows that people of the period practiced thrift and recycling thousands of years ago.
The lamps and wicks were discovered in ancient graves along with pottery, animal bones, metal weapons, and jewelry.
The archaeologists said that the lamps may have been used to light underground burial spaces during ceremonies. Fire in a lamp was also linked to magic and believed to symbolize the human soul.
Traces of soot were found on the wicks, proving that they had been lit. Their survival is especially unusual because organic fibers normally decay quickly in the Mediterranean climate.
Photo : This photo shows a street in Jerusalem on April 14, 2024. (Photo by Jamal Awad/Xinhua)