Asia
အိန္ဒိယနိုင်ငံ ဒုတိယသမ္မတသစ်အဖြစ် ရာဒါခရစ်ရှ်နန် ကျမ်းသစ္စာကျိန်ဆို

နယူးဒေလီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၏ ဒုတိယသမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ရာဒါခရစ်ရှ်နန် (C.P Radhakrishnan) သည် စက်တင်ဘာ ၁၂ ရက်က နယူးဒေလီမြို့၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။ ရာဒါခရစ်ရှ်နန်မှာ စက်တင်ဘာ ၉ ရက်က ဒုတိယသမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် အခြား အကြီးတန်းခေါင်းဆောင်များ ရှေ့မှောက်တွင်တွင် ပြုလုပ်ခဲ့သည့် ရာဒါခရစ်ရှ်နန်၏ ကျမ်းသစ္စာကျိန်ဆိုခြင်းအား အိန္ဒိယနိုင်ငံသမ္မတ ဒရူပတီမာမူက ကြီးမှူးပြုလုပ်ပေးခဲ့သည်။
ရာဒါခရစ်ရှ်နန်သည် အိန္ဒိယနိုင်ငံ၏ ၁၅ ဦးမြောက် ဒုတိယသမ္မတဖြစ်ကြောင်း၊ ဒုတိယသမ္မတရာထူး မဆက်ခံမီ မဟာရက်ရှ်ထရာပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
Radhakrishnan sworn in as India’s new vice president
NEW DELHI, Sept. 12 (Xinhua) — India’s newly elected Vice President C.P. Radhakrishnan was sworn in on Friday in New Delhi. He won the vice presidential election on Tuesday.
President Droupadi Murmu administered the oath to him in the presence of Prime Minister Narendra Modi and other senior leaders.
Radhakrishnan is India’s 15th vice president. Till recently, he was the governor of the state of Maharashtra. ■