Connect with us

Africa & Middle East

တရုတ်လျှပ်စစ်ကားကုမ္ပဏီ Xpeng က အစ္စရေးနိုင်ငံတွင် အလွန်အားသွင်းမြန်သော ကွန်ရက် စတင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Guiyang ရှိ အရည်ဖြင့်အေးစေသော အလွန်အားသွင်းမြန်စနစ်တပ်ဆင်ထားသည့် Quanhu Park အားသွင်းရုံတွင် လျှပ်စစ်ကားများ အားသွင်းနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်မော်တော်ကားထုတ်လုပ်သူ Xpeng Motors သည် စက်တင်ဘာ ၁၄ ရက်က အစ္စရေးနိုင်ငံတစ်ဝန်းတွင် အလွန်အားသွင်းမြန်သော ကွန်ရက်တစ်ခု စတင်မိတ်ဆက်လိုက်သည်။
အဆိုပါကွန်ရက်ကို အစ္စ‌ရေးနိုင်ငံသို့ Xpeng မော်တော်ကားများ တရားဝင်တင်သွင်းသူ Freesbe နှင့်အတူ Xpeng မော်တော်ဥက္ကဋ္ဌ He Xiaopeng နှင့် အစ္စရေးစွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Eli Cohen တို့က အလယ်ပိုင်းမြို့ Rishon LeZion တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်မော်တော်ယာဥ် အားသွင်းသည့်အခြေခံအဆောက်အအုံတည်ဆောက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Star Charge ကထုတ်လုပ်သည့် စွမ်းအားမြင့်အားသွင်းစနစ်တပ်ဆင်ထားသည့် အဆိုပါအားသွင်းရုံများတွင် စွမ်းအားစီမံခန့်ခွဲမှုကို စမတ်နည်းပညာဖြင့် အလိုအလျောက်ချိန်ညှိအသုံးချနိုင်ပြီး မော်တော်ယာဉ်၏ လိုအပ်ချက်နှင့် အားသွင်းစွမ်းရည်တို့ကို တိကျကိုက်ညီစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။
အဆိုပါကွန်ရက်တွင် လျှပ်စစ်မော်တော်ယာဉ်အမှတ်တံဆိပ်အားလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး ဘက်ထရီ၏ ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိကို မိနစ် ၂၀ မတိုင်မီ အလွန်လျင်မြန်စွာ အားသွင်းပေးနိုင်မည်ဟုသိရသည်။
လက်ရှိတွင် Xpeng သည် အစ္စရေးနိုင်ငံတွင် အလတ်စား crossover SUV ကားများဖြစ်သည့် G6 နှင့် G9 တို့နှင့် P7 အဆင့်မြင့်ဇိမ်ခံဆီဒင်ကားများ ရောင်းချပေးနေကြောင်းသိရသည်။
ယခုနှစ် ဇန်နဝါရီမှ သြဂုတ်အတွင်း Xpeng ကားကုမ္ပဏီသည် အစ္စရေးနိုင်ငံ၏ လျှပ်စစ်ကားရောင်းချမှုတွင် ဒုတိယနေရာ ရရှိထားပြီး စုစုပေါင်း အစီးရေ ၅,၀၇၆ စီးရောင်းချခဲ့ရသည်။ အလားတူကာလအတွင်း တရုတ်နိုင်ငံကားကုမ္ပဏီ BYD က စုစုပေါင်း အစီးရေ ၅,၉၁၂ စီး ရောင်းချခဲ့ရသည်။ (Xinhua)
……….
(English Version)
Chinese EV maker Xpeng launches ultra-fast charging network in Israel
JERUSALEM, Sept. 14 (Xinhua) — Chinese automaker Xpeng Motors launched an ultra-fast charging network across Israel on Sunday.
The network was announced in the central city of Rishon LeZion, together with Xpeng’s official importer in Israel, Freesbe, in the presence of Xpeng Motors Chairman He Xiaopeng and Israeli Energy Minister Eli Cohen.
Equipped with high-power chargers manufactured by Star Charge, a leading Chinese company in electric vehicle charging infrastructure, the stations utilize smart technology for dynamic power management, enabling precise alignment between vehicle requirements and charging capabilities.
The network will be accessible to all electric vehicle brands and will provide rapid charging from 10 percent to 80 percent in under 20 minutes.
Xpeng currently offers the G6 and G9 mid-size crossover SUVs and the P7 executive sedan in Israel.
Between January and August this year, Xpeng ranked second in electric car sales in Israel, delivering 5,076 units, just behind Chinese manufacturer BYD Auto, which sold 5,912 units during the same period.
Photo : Electric vehicles are charged at the Quanhu Park station equipped with ultra-fast liquid-cooled chargers in Guiyang, southwest China’s Guizhou Province, June 13, 2025. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.