Africa & Middle East
ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲတွင် တရုတ်နိုင်ငံ အောင်ပွဲရခဲ့ခြင်းက အာဖရိကနိုင်ငံများ၏ လွတ်လပ်ရေးအတွက် ခွန်အားဖြစ်စေခဲ့ဟု ဆောင်တူမေးနှင့် ပရင်စီပီနိုင်ငံ သမ္မတဟောင်း ပြော

ဆောင်တူမေး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ၏ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲက အာဖရိကနိုင်ငံများ၏ လွတ်လပ်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုများအတွက် ကြီးကြီးမားမား ခွန်အားဖြစ်စေခဲ့ကြောင်း ဆောင်တူမေးနှင့် ပရင်စီပီနိုင်ငံ (Sao Tome and Principe) သမ္မတဟောင်းဖြစ်သူ အသက် ၈၈ နှစ်အရွယ် မန်နျူရယ် ပင်တို ဒါကော်စတာက ပြောကြားခဲ့သည်။
ထိုစစ်ပွဲ၌ တရုတ်နိုင်ငံ အောင်ပွဲဆင်နိုင်ခဲ့ခြင်းက နိုင်ငံတကာ အခင်းအကျင်းကို အကြီးအကျယ် ပြောင်းလဲပေးခဲ့ရုံမျှမက လွတ်လပ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအား ဆက်လက်ဖော်ဆောင်သည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကာ အာဖရိကနှင့် တရုတ်နိုင်ငံတို့ကြား နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်ကိုလည်း အခိုင်အမာတည်ဆောက်နိုင်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ ပင်တို ဒါကော်စတာက ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် လွတ်လပ်မှုနှင့် လွတ်မြောက်မှုအား လိုလားတောင့်တနေချိန်တွင် မည်သည့်အင်အားကမှ ၎င်းတို့အား တားဆီး၍မရနိုင်ကြောင်းကို တရုတ်နိုင်ငံ၏ အောင်ပွဲက ကမ္ဘာကြီးအား ထင်ထင်ရှားရှားပြသခဲ့သည်ဟု ၎င်းက ဆိုသည်။ “ပြည်သူတွေ ညီညီညွတ်ညွတ် ရှိနေသမျှကာလပတ်လုံး လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ရယူဖို့ အမြဲတမ်း ဖြစ်နိုင်တယ်ဆိုတာကို အဲဒီအောင်ပွဲက အာဖရိကပြည်သူတွေကို လက်ခံယုံကြည်စေခဲ့တယ်” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများ၏ လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး ကြိုးပမ်းမှုအပေါ် ခိုင်ခိုင်မာမာ အားပေးထောက်ခံခဲ့ကာ အာဖရိကနှင့် တရုတ်နိုင်ငံတို့ကြား နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးမှုကိုလည်း စဉ်ဆက်မပြတ် ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခဲ့သည်ဟု လွတ်လပ်ရေးရပြီးနောက် ဆောင်တူမေးနှင့် ပရင်စီပီနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်သည့် ပင်တို ဒါကော်စတာက အလေးအနက်ပြောကြားခဲ့သည်။
ဆောင်တူမေးနှင့် ပရင်စီပီနိုင်ငံမှာ ကိုလိုနီအုပ်ချုပ်မှုအောက်တွင် ကာလကြာမြင့်စွာ ကြံ့ကြံ့ခံရပ်တည်ခဲ့ကြောင်း၊ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ အာဖရိက လွတ်မြောက်ရေးလှုပ်ရှားမှုမှာ အရှိန်အဟုန်အားကောင်းလာခဲ့ကာ ဆောင်တူမေးနှင့် ပရင်စီပီ အပါအဝင် အာဖရိကနိုင်ငံ အများအပြား လွတ်လပ်ရေးရရှိခဲ့ကြောင်း ၎င်းက ပြန်ပြောင်းပြောဆိုခဲ့သည်။
သို့သော် လွတ်လပ်ရေးရရုံမျှဖြင့် ကြိုးပမ်းအားထုတ်မှု ပြီးဆုံးသွားပြီဟု မဆိုလိုနိုင်ကြောင်း၊ ကိုလိုနီအင်အားကြီးနိုင်ငံများက ရုပ်သေးအစိုးရများကို တင်မြှောက်ခြင်း၊ အာဏာသိမ်းမှုများ ပေါ်ပေါက်လာအောင် အားပေးအားမြှောက်လုပ်ခြင်း၊ သယံဇာတ အရင်းအမြစ်များနှင့် ဈေးကွက်များကို ထိန်းချုပ်ခြင်းတို့ဖြင့် ကိုလိုနီလက်သစ်ဝါဒကို ဆက်လက်ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအား အောင်နိုင်ခဲ့သည်မှာ နှစ် ၈၀ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စစ်ပွဲများ၊ ဗိုလ်ကျလွှမ်းမိုးရေးဝါဒနှင့် ကြားဝင်စွက်ဖက်မှုများမှာ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာရေးရာများကို အနောက်နိုင်ငံအချို့က လွှမ်းမိုးထားချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားများမှာမူ လျစ်လျူရှုခံထားရကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6MZ
…………………..
(English Version)
China’s victory in War of Resistance against Japanese Aggression inspired African independence, says Sao Tome and Principe’s former president
SAO TOME, Sept. 15 (Xinhua) — The Chinese People’s War of Resistance Against Japanese Aggression tremendously inspired African nations in their struggles for independence and national liberation, said Manuel Pinto da Costa, the 88-year-old former president of Sao Tome and Principe.
In an interview with Xinhua, Pinto da Costa said that China’s victory in the war not only profoundly changed the international landscape, but also forged deep bonds of friendship between Africa and China along the path of pursuing independence and national development.
China’s victory demonstrated to the world that when people yearn for freedom and liberation, no force can stand in their way, he said. “This victory convinced the African people that as long as the people stand united, the pursuit of independence and liberation is always possible.”
Pinto da Costa, Sao Tome and Principe’s first president after independence, noted that China strongly supported African nations in their pursuit of independence and liberation, which continuously strengthened the political friendship between China and Africa.
He recalled that Sao Tome and Principe endured a long period of colonial rule, noting that starting in the 1950s and 1960s, the African liberation movement flourished, and an increasing number of African countries, including Sao Tome and Principe, gained independence.
However, he stressed, independence did not mean the end of the struggle, as colonial powers continued to pursue neocolonialism by installing puppet governments, inciting coups, and controlling resources and markets.
Although 80 years have passed since the victory of the World Anti-Fascist War, wars, hegemonism and interference persist today, he noted, adding that for a long time, international affairs have been dominated by a few Western countries while the interests of developing nations were neglected. xhtxs.cn/6MZ
English Caption
The flag-guarding air echelon flies over Tian’anmen Square during a grand gathering to commemorate the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War in Beijing, capital of China, Sept. 3, 2025. (Xinhua/Wang Jianhua)