Latin America
အမေရိကန်နှင့် ဆက်ဆံရေး ပြတ်တောက်သွားပြီဟု ဗင်နီဇွဲလားသမ္မတ ပြော

ကာရာကက်စ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ထပ်တလဲလဲ ရန်စမှုများရှိနေချိန် ဗင်နီဇွဲလားနှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေးလမ်းကြောင်းများကို အမေရိကန်ဘက်က ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
“အမေရိကန်အစိုးရနဲ့ ဆက်ဆံမှုတွေကို သူတို့ဘက်က ဖြတ်တောက်လိုက်ပြီဆိုတာကို ဒီကနေ့ အသိပေးကြေညာလိုက်ပါတယ်” ဟု ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကက်စ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မာဒူရိုက ပြောကြားခဲ့သည်။ ထိုသို့ဆက်ဆံရေးပြိုကွဲခဲ့ခြင်းမှာ အမေရိကန်၏ ခြိမ်းခြောက်မှုနှင့် အကျပ်ကိုင်မှုများကြောင့် ဖြစ်သည်ဟု မာဒူရိုက အပြစ်တင်ခဲ့သည်။
အမေရိကန်ဘက်က ရန်စမှုများရှိနေသော်လည်း ဗင်နီဇွဲလားအနေဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ခဲ့သည်ဟုလည်း မာဒူရိုက အလေးအနက်ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအနေဖြင့် လွန်ခဲ့သော သီတင်းပတ်ငါးပတ်တိုင်တိုင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို တစ်ချိန်တည်းတွင် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် နိုင်ငံရေး၊ သံတမန်ရေးနှင့် ဖြစ်နိုင်ဖွယ်ရှိသော စစ်ရေးအရ ကျူးကျော်ရန်စမှုများကို ကာကွယ်ရန် မိမိတို့၏ တရားဝင် အခွင့်အရေးများအား ကျင့်သုံးလျက်ရှိသည်ဟု မာဒူရိုက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Communications with U.S. are “severed”: Venezuelan president
CARACAS, Sept. 15 (Xinhua) — Venezuelan President Nicolas Maduro said Monday that channels of communication between the United States and Venezuela have been severed by Washington amid “persistent aggression.”
“Today I can announce that communications with the U.S. government have been severed by them,” Maduro told a press conference in Caracas, Venezuela’s capital.
The president blamed the breakdown on “threats and blackmail” from Washington.
Maduro stressed that Venezuela has “managed to preserve peace” despite provocations from the United States.
For the past five weeks, he said, Venezuela has faced challenges while working to maintain stability. He added that Venezuela is exercising its legitimate right to defend itself against political, diplomatic and potential military aggression.■
English Caption
Venezuelan President Nicolas Maduro addresses a press conference in Caracas, Venezuela, Sept. 15, 2025. (Presidency of Venezuela/Handout via Xinhua)