Connect with us

International Organizations

ဂျာမန်ကလပ် မွန်ချန်ဂလာဘတ်ချ်က နည်းပြဖြစ်သူ ဂျယ်ရာဒို ဆီအွန်းနှင့် လမ်းခွဲ

ဂျာမနီနိုင်ငံ မွန်ချန်ဂလာဘတ်ချ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၃ ရက်က မွန်ချန်ဂလာဘတ်ချ်အသင်းနှင့် ဟော့ဖန်ဟိမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ မွန်ချန်ဂလာဘတ်ချ်အသင်းနည်းပြချုပ် ဂျယ်ရာဒိုဆီအွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဘွန်ဒက်စ်လီဂါကလပ် မွန်ချန်ဂလာဘတ်ချ်အသင်းအနေဖြင့် ရာသီအစပိုင်းတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် နည်းပြချုပ်ဖြစ်သူ ဂျယ်ရာဒို ဆီအွန်းနှင့် လမ်းခွဲလိုက်ကြောင်း အဆိုပါ ကလပ်အသင်းက စက်တင်ဘာ ၁၅ ရက်၌ အတည်ပြုခဲ့သည်။
ဂလာဘတ်ချ်မှာ ပြီးခဲ့သည့်ရာသီနှောင်းပိုင်းနှင့် ယခုရာသီ အစောပိုင်းတို့တွင် လိဂ်ပွဲစဉ် ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးကာ ရာသီသစ်အဖွင့်ပွဲစဉ် သုံးပွဲတွင်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်နောက် အသက် ၄၆ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသားနည်းပြမှာ အသင်းမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။ သို့ဖြစ်၍ ဂလာဘတ်ချ်အသင်းက ယူ-၂၃ အသင်းနည်းပြဖြစ်သူ ယူဂျန် ပိုလန်းစကီးအား ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ကာ ထိုအတောအတွင်း အမြဲတမ်းနည်းပြတစ်ဦးကို ရှာဖွေသွားမည်ဖြစ်သည်။
“ကျွန်တော်တို့အသင်းရဲ့ ရာသီအစပိုင်းကို လေးလေးနက်နက် ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အပြောင်းအလဲတစ်ခုလုပ်ဖို့ လိုအပ်နေပြီလို့ ကောက်ချက်ချခဲ့ပါတယ်” ဟု အားကစားဒါရိုက်တာ ရိုလန် ဗာကက်စ်က ပြောကြားခဲ့သည်။ “ဂျယ်ရာဒိုနဲ့အတူ အသင်းရဲ့အခြေအနေ ပြန်ကောင်းလာနိုင်တယ်ဆိုတဲ့ ယုံကြည်မှုက ကံမကောင်းစွာနဲ့ပဲ ပျောက်ဆုံးသွားပါပြီ” ဟု ၎င်းက ဆိုသည်။
အသင်းဥက္ကဋ္ဌဖြစ်သူ ရိုင်နာ ဘွန်းဟို့ဖ်ကလည်း “ဂျယ်ရာဒိုဟာ အခက်အခဲတွေကြားကနေ အသင်းကို တည်ငြိမ်အောင်ထိန်းကျောင်းပေးခဲ့ပြီး ကျွန်တော်တို့အသင်း တိုးတက်လာအောင် ဝိုင်းဝန်းတွန်းတင်ပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီကုန်နဲ့ လက်ရှိရာသီအစပိုင်းမှာ အသင်းရဲ့အခြေအနေက မျှော်လင့်ထားတာထက် အများကြီးနိမ့်ကျနေပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်သလို သူ့အတွက် အကောင်းဆုံးဆုတောင်းပေးပါတယ်” ဟု ပြောသည်။
ဂျယ်ရာဒို ဆီအွန်းမှာ လေဗာကူဆင်အသင်းအား ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နွေရာသီတွင် ဘိုရူစီယာပါ့ခ်၌ ပြောင်းရွှေ့တာဝန်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဘွန်ဒက်စ်လီဂါတွင် နှစ်ရာသီအပြည့် ကိုင်တွယ်ခဲ့ရာ၌ ဂလာဘတ်ချ်အသင်းမှာ အဆင့်-၁၄ နှင့် အဆင့်-၁၀ တို့ဖြင့် ရာသီသိမ်းခဲ့ပြီး ရလဒ်များမှာ အဆိုးအကောင်း ဒွန်တွဲလျက်ရှိသလို ယခုရာသီသစ်တွင်လည်း အဆင့်-၁၆ ၌ ရပ်တည်လျက်ရှိသည်။
၎င်းအနေဖြင့် ဂလာဘတ်ချ်အား ပြိုင်ပွဲစုံ ၇၈ ပွဲ ကိုင်တွယ်ခဲ့ရာ ၂၅ ပွဲနိုင်၊ ၂၀ ပွဲသ‌ရေ၊ ၃၃ ပွဲ ရှုံးနိမ့်ခဲ့ပြီး ဘွန်ဒက်စ်လီဂါတစ်ပွဲလျှင် ပျမ်းမျှရမှတ် ၁.၁၃ မှတ်သာ ရရှိခဲ့သဖြင့် နည်းပြ မိုက်ကယ် ဖရွန့်ဇက်ခ် ကိုင်တွယ်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယခုရာသီတွင် ဂလာဘတ်ချ်အသင်းမှာ ဒီအက်ဖ်ဘီ ပိုကယ်ဖလားပြိုင်ပွဲတွင် ပဥ္စမတန်းမှ အက်တ်လက်စ် ဒယ်လ်မန်ဟော့စ်အသင်းအား ပွတ်ကာသီကာ အနိုင်ရခဲ့ပြီး လိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဟမ်းဘတ်နှင့် သရေကျခဲ့ပြီး စတုဂတ်၊ ဝါဒါဘရီမင်တို့အား ရှုံးနိမ့်ခဲ့သည်။ ဝါဒါဘရီမင်အား အိမ်ကွင်း၌ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း၌ ဆီအွန်း၏အနာဂတ်မှာ အဆုံးသတ်သွားခဲ့ခြင်းဖြစ်သည်။
ဂလာဘတ်ချ်နည်းပြရာထူးအတွက် အာစ် ဖစ်စ်ချာ၊ ပယ်လီဂရီနို မာတာရက်ဇို၊ မာတင် ဒီမစ်ချလစ်စ်နှင့် အီဒင် တာဇစ်တို့ထဲမှ တစ်ဦးဦးအား အစားထိုးခန့်အပ်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုလျက်ရှိသည်။ လက်ရှိတွင်မူ လေဗာကူဆင်နှင့် ယှဉ်ပြိုင်ကစားမည့် ဒါဘီပွဲစဉ်အတွက် ပိုလန်းစကီးက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။
လေဗာကူဆင်နည်းပြရာထူးမှ စောစောစီးစီး ထုတ်ပယ်ခံရသည့် အဲရစ် တန်ဟက်ဂ်ပြီးလျှင် ဂျယ်ရာဒို ဆီအွန်းမှာ ယခုရာသီ၌ ဘွန်ဒက်စ်လီဂါတွင် ထုတ်ပယ်ခံရသည့် ဒုတိယမြောက်နည်းပြ ဖြစ်လာခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ မွန်ချန်ဂလာဘတ်ချ်မြို့တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က မွန်ချန်ဂလာဘတ်ချ်အသင်းနှင့် အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ကစားသမားများအား မွန်ချန်ဂလာဘတ်ချ်နည်းပြချုပ် ဂျယ်ရာဒို ဆီအွန်း ညွှန်ကြားနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ မွန်ချန်ဂလာဘတ်ချ်မြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်က မွန်ချန်ဂလာဘတ်ချ်အသင်းနှင့် ယူနီယံဘာလင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ မွန်ချန်ဂလာဘတ်ချ် ကစားသမား အလက်ဆန်း ပလီယာ (ဝဲ-ရှေ့) နှင့် ယူနီယံဘာလင် ကစားသမား ရာနီ ခီဒီရာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)


……………….
(English Version)
Monchengladbach part ways with head coach Seoane
BERLIN, Sept. 15 (Xinhua) — Borussia Monchengladbach have parted company with head coach Gerardo Seoane with immediate effect after a poor start to the Bundesliga season, the club confirmed on Monday.
The 46-year-old Swiss coach departs after a run of 10 league games without a win stretching across two seasons, with Gladbach failing to score in their first three matches of the new campaign. Under-23 coach Eugen Polanski has been appointed caretaker manager while the club searches for a permanent successor.
“After an in-depth review of our season start, we came to the conclusion that a change was necessary,” said sporting director Roland Virkus. “We have unfortunately lost faith that a turnaround is possible with Gerardo.”
Club president Rainer Bonhof added: “Gerardo stabilized the team after a difficult phase and helped drive our development, but the end of last season and the start of this one were far below expectations. We thank him for his work and wish him all the best.”
Seoane took charge at Borussia-Park in the summer of 2023 after previously managing Bayer Leverkusen. His two full seasons in charge produced mixed results in the Bundesliga, with 14th- and 10th-place finishes, and Gladbach currently sitting 16th early in the new campaign.
His overall record with the Foals was 25 wins, 20 draws and 33 defeats in 78 competitive matches, with an average of 1.13 points per Bundesliga game – the weakest return for a Gladbach coach since Michael Frontzeck in 2011.
This season, Gladbach edged past fifth-tier Atlas Delmenhorst in the DFB Cup before starting the league campaign with a draw against Hamburg and defeats to Stuttgart and Werder Bremen. A 4-0 home loss to Bremen ultimately sealed Seoane’s fate.
Speculation has already begun over his replacement, with Urs Fischer, Pellegrino Matarazzo, Martin Demichelis and Edin Terzic all mentioned as possible candidates. For now, Polanski will prepare the side for their upcoming derby against Bayer Leverkusen.
Seoane is the second Bundesliga coach dismissed this season, following Erik ten Hag’s early exit from Leverkusen. ■
English Caption 1
Gerardo Seoane, head coach of Borussia Moenchengladbach, gestures during the first division of Bundesliga football match between Borussia Moenchengladbach and TSG Hoffenheim in Moenchengladbach, Germany, May 3, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Gerardo Seoane, head coach of Borussia Moenchengladbach, instructs during the first division of Bundesliga football match between Borussia Moenchengladbach and Eintracht Frankfurt in Moenchengladbach, Germany, Feb. 8, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Alassane Plea (front, L) of Borussia Moenchengladbach vies with Rani Khedira of 1. FC Union Berlin during the first division of Bundesliga match between Borussia Moenchengladbach and 1. FC Union Berlin in Moenchengladbach, Germany, Sept. 28, 2024. (Photo by Ulrich Hufnagel/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.