International Organizations
တိုကျိုကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသား မီတာ ၅,၀၀၀ အပြေးပြိုင်ပွဲတွင် အမေရိကန်နိုင်ငံမှ ဟော့ကာ ချန်ပီယံဆုရရှိ

တိုကျို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံမှ ကိုးလ်ဟော့ကာသည် စက်တင်ဘာ ၂၁ ရက်က ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် အမျိုးသား မီတာ ၅,၀၀၀ ဗိုလ်လုပွဲတွင် အနိုင်ရရှိကာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ဟော့ကာသည် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ ၁,၅၀၀ မီတာရွှေတံဆိပ်ဆုရှင်ဖြစ်ပြီး တိုကျိုကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၁၂ မိနစ် ၅၈း၃၀ စက္ကန့်ဖြင့် ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ဟော့ကာ သည် ၁၅၀၀ မီတာအပြေးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အနိုင်မရရှိခဲ့သော်လည်း ၎င်းသည် ပြိုင်ပွဲမတိုင်မီ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိခဲ့သည်။
“ကျွန်တော့်ရှေ့မှာလူတွေအများကြီးရှိပေမဲ့ တစ်ယောက်ချင်းစီကိုဖြတ်ကျော်ဖို့ ကျွန်တော့်မှာလုံလောက်တဲ့ အားအင်အပြည့်အဝရှိတယ်လို့ ခံစားရတယ်၊ ဒီနေ့ အကောင်းဆုံးယှဥ်ပြိုင်နိုင်ခဲ့တယ်လို့ ခံစားရတယ်၊ မီတာ ၅,၀၀၀ ဆိုတာ လုံးဝကွဲပြားတဲ့ စိန်ခေါ်မှုပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော် မီတာ ၅,၀၀၀ ပြေးတိုင်းမှာ သက်သောင့်သက်သာအနေအထားကနေ တိုးထွက်ခဲ့ရတယ်၊ ၁,၅၀၀ မီတာ ပြေးတာက ကျွန်တော့်အတွက် အထူးကျွမ်းကျင်မှုဖြစ်ပေမဲ့ နောက်တစ်ကြိမ် ကမ္ဘာ့ချန်ပီယံရှစ်မှာ မီတာ ၅,၀၀၀ ထပ်ပြိုင်ချင်ပါတယ်၊ ကျွန်တော့်ရည်မှန်းချက်က နှစ်ခုလုံးမှာအနိုင်ရဖို့ပါ၊ ဒါပေမဲ့ တစ်ခုနဲ့ပဲ လက်ခံလိုက်ရပါတယ်” ဟု ဟော့ကာက ပြောခဲ့သည်။
ဘယ်လ်ဂျီယမ်နိုင်ငံမှ Isaac Kimeli က ၁၂း၅၈း၇၈ ဖြင့် ငွေတံဆိပ်ရရှိပြီး ပြင်သစ်မှ Jimmy Gressier က ၁၂း၅၉း၃၃ ဖြင့်ကြေးတံဆိပ် ရရှိခဲ့သည်။၎င်းသည် မီတာ ၁၀,၀၀၀ တွင် ရွှေတံဆိပ်ရရှိခဲ့သူဖြစ်သည်။ (Xinhua)
…………………..
(English Version)
American Hocker wins men’s 5,000m title at Tokyo worlds
TOKYO, Sept. 21 (Xinhua) — American Cole Hocker stormed to victory in the men’s 5,000 meters final at the World Athletics Championships on Sunday.
The 24-year-old, the 1,500m gold medalist at the 2024 Paris Olympics, clocked 12 minutes 58.30 seconds to claim his first title from the world championships.
Hocked was disqualified from the 1,500m final and said he was confident ahead of the competition.
“I had a lot of bodies ahead of me but I felt very strong, enough to pass them one by one,” he said. “I felt like I raced perfectly today. The 5,000m is a whole different challenge. ”
“Every time I run the 5,000m I am pushed out of my comfort zone. The 1,500m is still my specialty but for the next world championships I want to run the 5k again. My goal was to win both but I will settle for one.”
Belgium’s Isaac Kimeli followed close behind in 12:58.78 while France’s Jimmy Gressier clinched bronze in 12:59.33 to add to his 10,000m title.
Photo : Cole Hocker (front) of the United States celebrates after the men’s 1500m final at the Paris Olympics on Aug. 6, 2024. (Xinhua/Li Gang)