International Organizations
တရုတ်နိုင်ငံ ဝန်ကြီးချုပ် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေအစည်းအဝေး၏ အထွေထွေဆွေးနွေးပွဲအတွက် နယူးယောက်သို့ ရောက်ရှိ

နယူးယောက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေအစည်းအဝေး၏ အထွေထွေဆွေးနွေးပွဲ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ စက်တင်ဘာ ၂၂ ရက်၌ ရောက်ရှိခဲ့သည်။
နယူးယောက်၌ စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ရှိနေစဉ်အတွင်း လီက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံအတွက် အဆင့်မြင့်အစည်းအဝေးတစ်ခု အပါအဝင် တရုတ်နိုင်ငံမှ ကျင်းပပြုလုပ်သည့် အခမ်းအနားများကိုလည်း တက်ရောက်မည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်များကိုလည်း တွေ့ဆုံမည်ဖြစ်သည်။
လာမည့် နိုင်ငံစုံနှင့် နှစ်နိုင်ငံအခမ်းအနားများတွင် လီက လက်ရှိ နိုင်ငံတကာ အခင်းအကျင်း၊ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများနှင့် ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများအပေါ် တရုတ်နိုင်ငံက ရှုမြင်ပုံကို အသေးစိတ်ဖော်ပြပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းနှင့် နိုင်ငံခြားရေး မူဝါဒများအပြင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံနှင့် အခြားအရေးကြီးသည့် မျှော်မှန်းချက်များနှင့် အဆိုပြုချက်များကို အသေးစိတ်ပြောကြားမည်ဖြစ်သည်။
ယခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်နှင့် ကုလသမဂ္ဂ တည်ထောင်မှု နှစ် ၈၀ ပြည့်သည့် နှစ်ဖြစ်သည်။
တရုတ်နိုင်ငံ ဝန်ကြီးချုပ်၏ အဆိုပါခရီးစဉ်မှတစ်ဆင့် တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များ၊ အခြေခံမူများနှင့်စပ်လျဥ်း၍ ကတိကဝတ်များကို ပြန်လည်အတည်ပြုရန်၊ ခေတ်သစ်တွင် ကုလသမဂ္ဂ၏ အခွင့်အာဏာနှင့် တက်ကြွမှုတို့ကို ပြန်လည်အသက်သွင်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရေးနှင့် အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရာတွင် ကုလသမဂ္ဂအား ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်စေရန် ကုလသမဂ္ဂ၏ မစ်ရှင်တည်ထောင်ခြင်း ပြန်လည်အသက်ဝင်လာစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် လက်တွဲရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေအစည်းအဝေးဖွင့်ပွဲ၌ အဖွင့်အမှာစကားပြောကြားနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………
(English Version)
Chinese premier lands in New York for general debate of 80th session of UN General Assembly
NEW YORK, Sept. 22 (Xinhua) — Chinese Premier Li Qiang landed in New York on Monday afternoon to attend the general debate of the 80th session of the United Nations General Assembly.
While in New York from Monday to Friday, Li will also attend events held by China, including a high-level meeting on the Global Development Initiative, and meet with UN Secretary-General Antonio Guterres and leaders of relevant countries.
In the upcoming multilateral and bilateral events, Li will elaborate on how China views the current international landscape, major global issues and the work of the United Nations, and share in detail China’s domestic and foreign policies as well as the Global Governance Initiative and other important visions and proposals.
This year marks the 80th anniversary of the victory of the World Anti-Fascist War and the founding of the United Nations.
Through the premier’s trip, China hopes to join all parties in renewing the founding mission of the United Nations to reaffirm the commitment to the purposes and principles of the UN Charter, revitalize the United Nations’ authority and vitality in the new era and enable the organization to play an even bigger role in safeguarding world peace, promoting development and building a community with a shared future for humanity, a Chinese foreign ministry spokesperson has said. ■
English Caption 1
Chinese Premier Li Qiang attends the 18th East Asia Summit in Jakarta, Indonesia, Sept. 7, 2023. (Xinhua/Rao Aimin)
English Caption 2
UN Secretary-General Antonio Guterres speaks at the opening of the 80th session at the UN headquarters in New York, Sept. 9, 2025. (Xinhua/Xie E)