International Organizations
ကော့တင်ဟို၏ သွင်းဂိုးဖြင့် ဗာစကိုဒဂါးမားက Sport Recife ကို အနိုင်ရရှိ

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
သြဂုတ် ၃၁ ရက်က ဘရာဇီးစီးရီးအေပွဲစဥ်တွင် ဗာစကိုဒဂါးမားအသင်းက Sport Recife ကို ၃-၂ ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ရရှိခဲ့ကာ ဖိလစ်ပီကော့တင်ဟိုသည်လည်း လေးပွဲကစားရာတွင် သုံးဂိုးသွင်းယူနိုင်ခဲ့သည်။
ဗာစကိုဒဂါးမားအသင်း မှ Nuno Moreira က ပွဲစတင်ပြီး ရှစ်မိနစ်တွင် တစ်ဂိုးသွင်းယူခဲ့ပြီး Sport Recife အသင်းမှ Lucas Lima က ၂၅ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
လီဗာပူးလ်၊ ဘာစီလိုနာနှင့်ဘိုင်ယန်မြူးနစ် အသင်းများတွင် ကစားခဲ့သည့် ကွင်းလယ်ကစားသမားဟောင်း ကော့တင်ဟိုသည် ပွဲကစားချိန် ဒုတိယပိုင်းတွင် Moreira ၏ ဖြတ်တင်ဘောကို တိတိကျကျ ကန်သွင်းနိုင်ခဲ့ပြီး ဗာစကိုအသင်းသည် ပထမပိုင်းကိုဦးဆောင်နိုင်ခဲ့သည်။
၄၉ မိနစ်တွင် ဗာစကိုအသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး Pablo Vegetti က ပယ်နယ်တီ တစ်ဂိုး သွင်းကာ ၃-၁ ဖြစ်ပြီးနောက် Sport Recife အသင်းမှ Lima ၏ထောင်ကန်ဘောမှတစ်ဆင့် Ramon Menezes က ခေါင်းတိုက်ကာ တစ်ဂိုးပြန်သွင်းယူခဲ့သည်။
ဗာစကိုအသင်း ယခုအချိန်တွင် အသင်း ၂၀ အနက် ၂၂မှတ်ဖြင့် အဆင့် ၁၅ နေရာတွင်ရပ်တည်နေပြီး နောက်ဆုံးရောက်နေသည့် Sport အသင်းထက် ၁၂ မှတ် အသာရရှိထားသည်။
“ ကျွန်တော်တို့ တကယ်ကို သုံးမှတ်လိုအပ်နေခဲ့တယ်၊ စိတ်ကြိုက် မကစားနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ ဒီကိုလာရတဲ့အကြောင်းရင်းရလဒ်ကိုအရယူနိုင်ခဲ့တယ်၊ ပွဲပြီးခါနီးမှာ နည်းနည်းတော့ ရုန်းကန်ခဲ့ရတယ်၊ ဒါကို ပိုပြီးသပ်ရပ်အောင်ကစားဖို့ လိုပါတယ်၊ အလွန်ခြေညီတဲ့ပွဲတစ်ပွဲပါ၊ ဒါပေမဲ့ သေးငယ်တဲ့အချက်လေးတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ အနိုင်ရခဲ့တာပါ” ဟု ဗာစကိုအသင်းတိုက်စစ်မှူး Vegetti က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
သြဂုတ် ၃၁ ရက် ပွဲစဥ်များတွင် ဆန်းတို့စ်အသင်းက ဖလူမင်နိစ်ကို ဂိုးမရှိ သရေပွဲ၊ ဂရီမီယိုက ဖလာမင်ဂိုနှင့် ၁-၁ သရေပွဲ၊ ကော်ရင်သီယန်စ်က အိမ်ကွင်းတွင် ပါးလ်မီးရက်စ်ကို ၁-၁ သရေပွဲ၊ Mirassol က အိမ်ကွင်းတွင် ဘာဟီယာ ကို ၅-၁ အနိုင်ပွဲ၊ ဗီတိုရီယာက အက်သလက်တီကိုမင်နဲရိုးကို ၁-၀ ဖြင့်အနိုင်ပွဲ၊ အင်တာနေစီယွန်နယ်က ဖော်တာလီဇာကို ၂-၁ ဖြင့်အနိုင်ပွဲ စသည်တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
Coutinho on target as Vasco sinks Sport
RIO DE JANEIRO, Aug. 31 (Xinhua) — Philippe Coutinho scored his third goal in four matches as Vasco da Gama edged to a 3-2 away win over Sport Recife in Brazil’s Serie A on Sunday.
Nuno Moreira fired the visitor ahead in the eighth minute before Lucas Lima converted a 25th-minute penalty.
Former Liverpool, Barcelona and Bayern Munich midfielder Coutinho restored Vasco’s lead on the stroke of halftime by side-footing home after Moreira’s cross.
Argentine striker Pablo Vegetti made it 3-1 with a 49th-minute penalty before Ramon Menezes reduced the deficit late by nodding home after Lima’s corner.
Vasco is now 15th in the 20-team standings with 22 points, 12 ahead of last-placed Sport.
“We really needed three points and even though we didn’t play the way we wanted, we were able to get what we came here for,” Vegetti said after the match.
“We struggled a bit at the end of the game and we have to be smarter about that. It was a very even contest but we did the little things right and that was enough to win.”
Elsewhere on Sunday, Santos was held to a goalless home draw by Fluminense, Gremio drew 1-1 at Flamengo, Corinthians was held to a 1-1 home draw by Palmeiras, Mirassol romped to a 5-1 home win against Bahia, Vitoria won 1-0 at home against Atletico Mineiro, and Internacional clinched a 2-1 home win over Fortaleza.
Photo : Luiz Gustavo (2nd L) of Vasco da Gama competes during the 2018 Brazilian Serie A match between Vasco da Gama and Palmeiras at the Sao Januario Stadium, in Rio de Janeiro, Brazil, on Nov. 25, 2018. Palmeiras won 1-0 to claim the champion of the Brazilian Serie A. (Xinhua/Li Ming)