Asia
ကမ္ဘောဒီးယားနိုင်ငံ၌ Pchum Ben ရိုးရာပွဲတော် စတင်

ဖနွမ်းပင်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံတွင် သုံးရက်ကြာမြင့်သည့် Pchum Ben ရိုးရာပွဲတော် (သို့မဟုတ်) ဘိုးဘွားကန်တော့ပွဲနေ့ အထိမ်းအမှတ်ပွဲကို စက်တင်ဘာ ၂၁ ရက်၌ စတင်ကျင်းပနေပြီဖြစ်သည်။
Pchum Ben ပွဲတော်သည် ကမ္ဘောဒီးယားရိုးရာတစ်ခုဖြစ်ပြီး ရှေးယခင်ကတည်းက နှစ်စဥ် ကျင်းပပြုလုပ်သည့်ပွဲတော်ြဖစ်ကြောင်း အထူးဗီဒီယိုသတင်းစကားတစ်ရပ်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က ပြောကြားခဲ့သည်။ “ကမ္ဘောဒီးယားပြည်သူတွေက နွမ်းပါးသူတွေကိုပေးကမ်းစွန့်ကြဲတာ၊ ကောင်းမှုကုသိုလ်ပြုတာတွေကို သူတို့ရဲ့ဆွေမျိုးတွေ ကွယ်လွန်သွားသောချစ်ခင်ရသူတွေအတွက် ရည်စူးပြီးလုပ်ဆောင်ကြသော အခါသမယဖြစ်ပါတယ်၊ မိသားစုပြန်လည်တွေ့ဆုံပွဲ ပျော်ရွင်ဖွယ်အခါသမယလည်းဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Pchum Ben ပွဲတော်သည် ကမ္ဘောဒီးယားပြည်သူများအတွက် လနှစ်သစ်ကူးပွဲတော်ပြီးလျှင် ဒုတိယ အကြီးဆုံးပွဲတော်ကြီးဖြစ်သည်။
ပွဲတော်ကာလအတွင်း ကမ္ဘောဒီးယား ဗုဒ္ဓဘာသာဝင်များသည် ဘုရားပုထိုးများသို့သွားရောက်ခြင်း၊ ကွယ်လွန်သွားသည့် ဆွေမျိုးသားချင်းများ ချစ်ခင်ရသူများအတွက် ရည်စူးကာ သံဃာတော်များအား ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။
သံဃာတော်များအား ဆက်ကပ်လှူဒါန်းခြင်းများအားလုံးသည် ၎င်းတို့၏ ကွယ်လွန်သွားသော ဘိုးဘွားများ၊ ဆွေမျိုးများဆီသို့ရောက်ရှိပြီး အပြန်အလှန်အနေဖြင့် ကွယ်လွန်သူများကလည်း ၎င်းတို့အား ကံကောင်းခြင်းများပေးမည်ဟု ယုံကြည်ကြသည်။
ကမ္ဘောဒီးယားနိုင်ငံ လူဦးရေ ၁၇ သန်း၏ ၉၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း ဘာသာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန အဆိုအရ သိရသည်။
ပွဲတော်ကာလအတွင်းတွင် ထောင်ချီသည့် ရွှေ့ပြောင်းလုပ်သားများသည် မြို့တော်ဖနွမ်းပင်မှ နိုင်ငံ၏ များစွာသောပြည်နယ် ဇာတိမြို့ရွာများသို့ပြန်ကြကြောင်းသိရသည်။
ဖနွမ်းပင်မြို့တော်ဘတ်စ်ကားတာဝန်ရှိသူများသည် ပွဲတော်ကာလအတွင်း ဇာတိရပ်ရွာများသို့ပြန်နိုင်ရန် စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ အခမဲ့ ဘတ်စ်ကား ၅၉၇ စီး စီစဥ်ပေးထားကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။
“အခမဲ့ ဘတ်စ်ကားဝန်ဆောင်မှုသည် ခရီးသွားသူများ လွယ်ကူအဆင်ပြေစေရန် နှင့် ခရီးစရိတ်လျှော့ချပေးရန် ကူညီပေးနိုင်ရန်ရည်ရွယ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်၌ Pchum Ben ရိုးရာပွဲတော်မတိုင်ခင် ဇာတိရပ်ရွာသို့ ပြန်ကြသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ Kandal ပြည်နယ် ရှိ Vihear Sour ဘုရားတွင် ကမ္ဘောဒီးယားဗုဒ္ဓဘာသာဝင်များ Pchum Ben ရိုးရာပွဲတော်ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
……………………..
(English Version)
Cambodia begins to celebrate traditional Pchum Ben festival
PHNOM PENH, Sept. 21 (Xinhua) — Cambodia on Sunday began to celebrate the three-day traditional Pchum Ben festival, or Ancestor’s Day.
In a special video message, Cambodian Prime Minister Hun Manet said Pchum Ben festival is a Cambodian tradition that has been observed annually since ancient times.”It is an occasion that the Cambodian people are engaged in alms-giving and merit making in order to dedicate to their relatives and loved ones who had passed away,” he said. “It is also a joyful occasion for family reunions.”
Pchum Ben festival is the second-biggest celebration for Cambodian people after the Lunar New Year.
During the celebrations, the Cambodian Buddhists go to pagodas and make offerings to monks in order to dedicate to their deceased relatives and loved ones.
They believe that everything they offer to the monks will reach their dead ancestors or relatives and in return, the dead will bless them with good luck.
Buddhists account for approximately 95 percent of the kingdom’s population of 17 million, according to the Ministry of Cults and Religions.
During the holiday, hundreds of thousands of migrant workers leave the capital, Phnom Penh, for their hometowns in various provinces across the Southeast Asian country.
Hun Manet said on the occasion that the Phnom Penh City Bus Authority has arranged 597 buses to transport people to and from their hometowns for free of charge from Sept. 20 to Sept. 25.
“The free bus services aim to facilitate people’s travel and help reduce travel costs for them,” he said.
Photo (1) Food is prepared for Buddhist monks at the Vihear Sour Pagoda in Kandal province, Cambodia, on Sept. 21, 2025. (Photo by Nitola/Xinhua)
Photo (2) Cambodians depart for their hometowns across the country ahead of the Pchum Ben festival from Phnom Penh, capital of Cambodia, on Sept. 19, 2025. (Photo by Sovannara/Xinhua)
Photo (3) Cambodian Buddhists celebrate the Pchum Ben festival at the Vihear Sour Pagoda in Kandal province, Cambodia, on Sept. 21, 2025. (Photo by Nitola/Xinhua)