International Organizations
အာဖရိကသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ သုံးပွင့်ဆိုင်အစည်းအဝေးက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒအတွက် ထောက်ခံအားပေးရန် ထပ်လောင်းပြောကြား

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
အာဖရိကသမဂ္ဂ (AU) ၊ ဥရောပသမဂ္ဂ (EU) ၊ ကုလသမဂ္ဂ (UN) ခေါင်းဆောင်များသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံခဲ့ကြကာ မျက်မှောက်ခေတ်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အထိရောက်ဆုံးနည်းလမ်းအဖြစ် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ထောက်ခံအားပေးရန် ထပ်လောင်းပြောကြားခဲ့ကြသည်။
အဆိုပါအစည်းအဝေးအား ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးနှင့် တစ်ချိန်တည်းမှာပင် ကျင်းပခြင်းဖြစ်ပြီး အဖွဲ့အစည်းသုံးခုမှ အတွင်းရေးမှူးရုံးများ၏ အဆင့်မြင့်အရာရှိများနှင့်အတူ AU ကော်မရှင် ဥက္ကဋ္ဌ မာမွတ် အလီ ယူဆပ်ဖ်၊ ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယိုကို့စ်တာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အဖွဲ့အစည်းသုံးခုက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို မျက်မှောက်ခေတ်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အထိရောက်ဆုံးနည်းလမ်းအဖြစ် ၎င်းတို့၏ ထောက်ခံအားပေးမှုကို ထပ်လောင်းပြောကြားခဲ့ကြကြောင်း၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် လူ့အခွင့်အရေးဥပဒေ စသည်တို့အား လေးစားလိုက်နာမှုအားနည်းသည့်ဖြစ်ရပ်များ မြင့်တက်လာခြင်းကို ရှုတ်ချခဲ့ကြသလို ကုလသမဂ္ဂပဋိညာဉ်စာတမ်းအား လိုက်နာခြင်း၏ အရေးပါပုံကိုလည်း အလေးထားပြောကြားခဲ့ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၎င်းတို့သည် ဆူဒန်နိုင်ငံတွင် စစ်ပွဲအဆုံးသတ်ရန် အရေးတကြီး လိုအပ်နေခြင်း အပါအဝင် အာဖရိက၌ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသလို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ တိုက်ဖျက်ရေးအားကောင်းရန်၊ ဆာဟဲဒေသတွင် ပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် စီမံဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။ အဖွဲ့အစည်းသုံးခုက လစ်ဗျားနိုင်ငံ၌ နိုင်ငံရေးလုပ်ငန်းစဉ်ပြန်လည်သက်ဝင်လာစေရန် ကုလသမဂ္ဂ လမ်းပြမြေပုံအား ၎င်းတို့၏ ထောက်ခံအားပေးမှုကိုလည်း ထပ်လောင်းပြောကြားခဲ့ကြသည်။
ထို့ပြင် ၎င်းတို့သည် ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်းတွင် လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးအစီအမံများကို ထောက်ခံကြောင်း၊ ဆိုမာလီယာနိုင်ငံတွင် အာဖရိကသမဂ္ဂ ထောက်ပံ့ရေးနှင့် တည်ငြိမ်ရေးမစ်ရှင်အတွက် ၎င်းတို့၏ ပံ့ပိုးကူညီမှုကိုလည်း ထပ်လောင်းပြောကြားခဲ့ကာ အာဖရိကနှင့် အခြားဒေသများ၌ ထွက်ပေါ်လာသော စိန်ခေါ်မှုများကို ပိုမိုထိရောက်စွာကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းများအား လက်ရှိသုံးသပ်မှုများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Trilateral meeting of AU, EU, UN reiterates support for multilateralism
UNITED NATIONS, Sept. 21 (Xinhua) — Leaders of the African Union (AU), the European Union and the United Nations met at the UN Headquarters in New York on Sunday, reiterating support for multilateralism as the most effective way to address today’s challenges.
The meeting was attended by Chairperson of the AU Commission Mahmoud Ali Youssouf, President of the European Council Antonio Costa, President of the European Commission Ursula von der Leyen, and UN Secretary-General Antonio Guterres, on the margins of the 80th Session of the UN General Assembly, along with senior officials of the secretariats from the three organizations.
In a joint communique, the three organizations reiterated their support for multilateralism as the most effective way to address today’s challenges, condemned the rising number of instances of lack of respect for international law, international humanitarian law and human rights law, and stressed the importance of adherence to the UN Charter.
They discussed peace efforts in Africa, including the imperative to end the war in Sudan and also discussed measures to strengthen the fight against terrorist armed groups and to promote reconciliation and development in the Sahel. The three organizations affirmed their support for the UN roadmap to revive the political process in Libya.
They also expressed support to ongoing international and regional peace initiatives in eastern Democratic Republic of the Congo, reaffirmed their support for the African Union Support and Stabilization Mission in Somalia, and exchanged views on the ongoing reviews of peace operations aimed at addressing more efficiently emerging challenges in Africa and beyond.