International Organizations
ဒူးဒဏ်ရာ ခွဲစိတ်မှုခံယူထားသည့် ဘာစီလိုနာကွင်းလယ်လူ ဂါဗီ လေးလ သို့မဟုတ် ငါးလခန့် အနားယူရမည်

မက်ဒရစ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းမှ စပိန်ကွင်းလယ်ကစားသမား ဂါဗီမှာ ၎င်း၏ညာဘက်ဒူးခေါင်းအား စက်တင်ဘာ ၂၃ ရက်က ရောဂါရှာဖွေ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ၎င်းအနေဖြင့် ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအထိ အသင်းအတွက် ပါဝင်ကစားနိုင်တော့မည်မဟုတ်ကြောင်း သိရသည်။
ဂါဗီမှာ ဒူးအရိုးနု မပျက်စီးအောင်ကာကွယ်ရန်အတွက် ချုပ်ထားသည့် ဒဏ်ရာအား အဖြေရှာရန် မှန်ပြောင်းဖြင့်စစ်ဆေးကာ ခွဲစိတ်မှုခံယူခဲ့ကြောင်း၊ ပြန်လည်ကောင်းမွန်လာရန် လေးလ သို့မဟုတ် ငါးလခန့် အချိန်ယူရမည်ဟု ခန့်မှန်းထားကြောင်း စက်တင်ဘာ ၂၃ ရက် ညနေခင်းက ဘာစီလိုနာအသင်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။
ဂါဗီမှာ ပြီးခဲ့သည့် နိုင်ငံတကာပွဲစဉ်များမတိုင်မီက လေ့ကျင့်ခန်းဆင်းနေစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ဒဏ်ရာအခြေအနေ ပိုဆိုးရွားမလာအောင် ကုသမှုခံယူခဲ့သော်လည်း လိုအပ်သည့် ရလဒ်များကို မရရှိခဲ့ပေ။
၎င်းအနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စပိန်အသင်းအတွက် ပါဝင်ကစားစဉ် ဒူးခေါင်းအတွင်းအရွတ်ဒဏ်ရာ ရရှိခဲ့သည့် ဒူး၌ပင် ထပ်မံဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် ဒူးဒဏ်ရာရရှိခဲ့စဉ်က ဂါဗီမှာ တစ်နှစ်ကြာ အနားယူခဲ့ရသည်။
ဘာစီလိုနာ ကွင်းလယ်တိုက်စစ်ကစားသမား ဖာမင် လိုပက်ဇ်မှာ ပေါင်ခြံဒဏ်ရာကြောင့် သီတင်းပတ်သုံးပတ်ခန့် အနားယူနေရသလို လာမင်း ယာမားလ်မှာလည်း တင်ပဆုံရိုးဒဏ်ရာကြောင့် လွန်ခဲ့သည့် သီတင်းပတ်က ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိချိန်တွင် ဂါဗီ လအတန်ကြာ အနားယူရမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ဘာစီလိုနာအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ဂါဗီ (အလယ်) ဘောလုံးပေးပို့နေပုံအား တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Lluis Companys Olympic ဘောလုံးအားကစားကွင်းတွင် ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်က ဘာစီလိုနာအသင်းနှင့် ရီးရဲလ်ဘက်တစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာကစားသမား ပတ်ဘလို ဂါဗီ (အလယ်-ရှေ့) ၏ ယှဉ်ပြိုင်ကစားဟန်အား တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
Barca midfielder Gavi out for 4-5 months following knee operation
MADRID, Sept. 24 (Xinhua) — FC Barcelona faces being without Spain international midfielder Gavi until February or March after he underwent an exploratory operation on his right knee on Tuesday.
The Barcelona website explained on Tuesday evening that Gavi “has had an arthroscopy to resolve a medial meniscus injury, which was sutured to preserve the meniscus,” adding that the “recovery time is estimated at around 4-5 months.”
Gavi suffered the injury in training before last international break and had been following a “conservative” treatment that had not given the necessary results.
The injury is to the same knee where Gavi suffered a torn cruciate ligament while playing for Spain in November 2023, which kept him out of action for a year.
The news comes after it was confirmed that Fermin Lopez will be out of action for three weeks with a groin injury, while Lamine Yamal has also missed last week’s action with a pelvic problem.
English Caption 1
Gavi of FC Barcelona celebrates his goal during the Copa del Rey (King’s Cup) football match between FC Barcelona and Real Betis, in Barcelona, Spain, January 15, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Gavi (C) passes the ball during a La Liga football match against Real Madrid in Barcelona, Spain, Oct. 28, 2023. (Photo by Joan Gosa/Xinhua)
English Caption 3
Pablo Gavi (front C) of FC Barcelona competes during the Laliga football match between FC Barcelona and Real Betis, in Lluis Companys Olympic Stadium, Barcelona, Spain, on April 5, 2025. (Photo by Joan Gosa/Xinhua)