Connect with us

International Organizations

ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာ အောက်တိုဘာလ၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထား

ရီးရဲလ်မက်ဒရစ်အသင်းမှ ဖရန်ဂါစီယာနှင့် ယှဉ်ပြိုင်ကစားနေသည့် ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (ဝဲ) ကို ၎င်းတို့၏ ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က လာလီဂါပွဲစဉ်အတွင်း တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
စပိန်လာလီဂါက ယခုရာသီတွင် ယှဉ်ပြိုင်ကစားမည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့၏ ပထမဆုံး ‘El Clasico’ ပွဲစဉ်အတွက် ရက်စွဲကို စက်တင်ဘာ ၂၃ ရက်၌ ကြေညာခဲ့သည်။
အလွန်အမင်းမျှော်လင့်ထားကြသည့် အဆိုပါနှစ်သင်း၏ ထိပ်တိုက်တွေ့ဆုံမှုကို ဆန်တီယာဂို ဘာနေဗျူးကွင်း၌ အောက်တိုဘာ ၂၆ ရက် ဗဟိုဥရောပစံတော်ချိန် ၁၆း၁၅ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၄း၁၅ နာရီ) တွင် ပြုလုပ်မည်ဖြစ်သည်။
အဆိုပါပွဲစဉ်က လွန်ခဲ့သည့်ရာသီက ဘာစီလိုနာနှင့်ပွဲမှ ကာလို အန်ဆယ်လော့တီ၏ စံချိန်ကို မြှင့်တင်ရန် ရည်ရွယ်မည့် ရီးရဲလ်နည်းပြ ဇာဘီအလွန်ဆိုအတွက်လည်း ၎င်းပထမဆုံးတာဝန်ယူရသည့် ‘El Clasico’ ပွဲစဉ်ဖြစ်သည်။
၂၀၂၄-၂၀၂၅ ရာသီတွင် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို လေးကြိမ် အနိုင်ရရှိထားသည်။ ဘာနေဗျူးတွင် ၄-၀ ဂိုးနှင့် လာလီဂါ၌ Montjuic တွင် ၄-၃ ဂိုး၊ ဆော်ဒီအာရေဗျ၌ စပိန်စူပါဖလား ဗိုလ်လုပွဲတွင် ၅-၂ ဂိုးဖြင့်အနိုင်ရကာ Seville ၌ ကိုပါဒယ်ရေး ဗိုလ်လုပွဲတွင် ၁၁၆ မိနစ်၌ Jules Kounde ၏ သွင်းဂိုးကြောင့် ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရီးရဲလ်မက်ဒရစ်သည် လက်ရှိ၌ လာလီဂါပွဲစဉ်ခြောက်ပွဲတွင် ခြောက်ပွဲစလုံး အနိုင်ဖြင့် ဦးဆောင်နေပြီး ဘာစီလိုနာက ငါးမှတ်အကွာ၌ ရှိနေသည်။ သို့သော်လည်း ဘာစီလိုနာအသင်း၌ စက်တင်ဘာ ၂၅ ရက်ညတွင် အိုဗီယေဒိုမြို့၌ ပြုလုပ်မည့် ရီးရဲလ် အိုဗီယေဒိုအသင်းနှင့် သီတင်းပတ်လယ်ပွဲစဉ် ကျန်ရှိနေသေးကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Real Madrid, FC Barcelona set for October showdown
MADRID, Sept. 24 (Xinhua) — La Liga announced on Wednesday the date for this season’s first El Clasico between Real Madrid and FC Barcelona.
The highly anticipated clash will take place at 16:15 Central European Time (14:15 GMT) on October 26 at the Santiago Bernabeu Stadium.
This will be the first match in charge of a Clasico for Real Madrid coach Xabi Alonso, who will aim to improve on Carlo Ancelotti’s record against Barcelona last season.
In the 2024-2025 season, Barcelona defeated Real Madrid four times: winning 4-0 at the Bernabeu and 4-3 at Montjuic in La Liga, as well as triumphing in the Spanish Super Cup final with a 5-2 victory in Saudi Arabia, and winning the Copa del Rey final 3-2 in Seville, with Jules Kounde scoring the winning goal in the 116th minute.
Real Madrid currently leads La Liga with six wins from six matches, while Barca is five points behind. But Hansi Flick’s side still has a midweek match in Oviedo scheduled for Thursday night. ■
English Caption
Lamine Yamal (L) of FC Barcelona vies with Fran Garcia of Real Madrid during their La Liga match, May 11, 2025. (Photo by Joan Gosa/Xinhua)