International Organizations
တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် FIA ၏ ၂၀၂၅ စွမ်းအင်သစ်သုံးကားပြိုင်ပွဲ စတင်

ဟဲဖေ၊ တရုတ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဟဲဖေမြို့တွင် ၂၀၂၅ ခုနှစ် Bridgestone FIA EcoRally ဖလား ကားပြိုင်ပွဲကို စက်တင်ဘာ ၂၄ ရက်က စတင်လိုက်ကြောင်း သိရသည်။
နိုင်ငံတကာမော်တော်ယာဥ်အသင်းချုပ် (FIA)က စီစဥ်သည့် စွမ်းအင်သစ်သုံးမော်တော်ကား (NEV) သီးသန့် ပြိုင်ပွဲတွင် NIO နှင့် BYD စွမ်းအင်သစ်သုံးယာဥ်များကဲ့သို့ အများအပြားထုတ်လုပ်ထားသည့် NEV ကားများ ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်သည်။ နိုင်ငံနှင့်ဒေသအသီးသီးမှ ပြိုင်ပွဲဝင်ယာဥ်မောင်း ၁၀၀ ဝန်းကျင်မှ ဥရောပ မဟုတ်သည့် တစ်ခုတည်းသော ပြိုင်ပွဲ၏ခရီးနေရာအဖြစ် ၁၁ ကြိမ်မြောက်ရပ်နားရာ အန်းဟွေးပြည်နယ်သို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်။
ပြိုင်ပွဲအတွင်း ယာဥ်မောင်းသူများသည် မြို့ကြီးငါးမြို့ကို ဖြတ်သန်းမောင်းနှင်ကြမည်ဖြစ်ပြီး စုစုပေါင်းခရီးအကွာအဝေး ၈၀၀ ကီလိုမီတာခန့်ရှိကြောင်း သိရသည်။
“ချန်ပီယံဆုတွေအားလုံးအတွက် ကျွန်တော်တို့မှာ အချိန်အလုံအလောက်မရှိပါဘူး၊ ဒီတော့ အကောင်းဆုံးတစ်ခု ကိုသာ ရွေးချယ်ခဲ့ပါတယ်” ဟု ဘယ်လ်ဂျီယမ်နိုင်ငံမှ ယာဥ်မောင်းသူ Bernard Heine နှင့် ဇနီးဖြစ်သူ တွဲဖက်ယာဥ်မောင်း Valerie Piette တို့က ပြောကြားခဲ့သည်။ ၎င်းတို့က ပြိုင်ပွဲခံစားမှု အငွေ့အသက်ကို သဘောကျကြောင်းနှင့် ပျော်ပျော်ရွှင်ရွှင်ပြိုင်ပွဲဝင်လျက် မိတ်ဆွေအသစ်တွေပိုမို ရရှိဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
FIA’s 2025 NEV rally cup kicks off in east China
HEFEI, China, Sept. 24 (Xinhua) — The 2025 Bridgestone FIA EcoRally Cup kicked off in Hefei on Wednesday.
Designed by International Automobile Federation (FIA) exclusively for new-energy vehicles (NEV), the event uses mass-produced NEVs such as NIO, and BYD. Around 100 racers from different countries and regions come to Anhui Province for their 11th stop, also the only non-European stop of the event.
During the event, drivers will race through five cities, with a total distance of around 800 kilometers.
“We do not have enough time to make all the championships, so we select only the best,” said Belgian driver Bernard Heine and his wife and co-driver Valerie Piette, noting that they are impressed by the atmosphere and hope to make more new friends while enjoying the race.