Asia
ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှု ကာလရှည်ပိတ်ပင်ရန် စဥ်းစားနေ

မနီလာ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်သမ္မတဖာဒီနန်ရိုမူအာလ်ဒက်ဇ်မားကို့စ် က လက်ရှိတင်သွင်းမှုနှစ်လဆိုင်းငံ့ထားခြင်းကို တိုးချဲ့ရန်နှင့် နိုင်ငံခြားမှတင်သွင်းဆန်များကိုအခွန်တိုးမြှင့်ကောက်ခံရန် နိုင်ငံ၏ ဆန်တင်သွင်းမှုမူဝါဒ တင်းကျပ်ရန် စီစဥ်လျက်ရှိကြောင်း စိုက်ပျိုးရေးဌာန(DA) ကစက်တင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
သမ္မတ မားကို့စ် က ဆန်တင်သွင်းမှုရပ်ဆိုင်းထားခြင်းကို သက်တမ်းတိုးရန် လိုအပ်သည့် အမိန့်ထုတ်ပြန်မှုများ ပြင်ဆင်ရန် DA ကို ညွှန်ကြားထားကြောင်း စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က ပြောကြားခဲ့သည်။
“ ဆန်တင်သွင်းမှုရပ်ဆိုင်းခြင်းကာလ နဲ့ တင်သွင်းဆန်တွေအပေါ် တိုးမြှင့်ရန်ဖြစ်နိုင်သည့် အခွန်စည်းကြပ်မှုတို့ကို တစ်ပြိုင်တည်း ဆုံးဖြတ်မှာဖြစ်ပြီး ကျွန်တော်တို့မှာ စပါးထွက်ရှိမှုနှင့် လယ်ယာထွက်စပါးပေါက်စျေးအတွက် ပိုမိုတိကျတဲ့ အချက်အလက်တွေရှိပါတယ်” ဟု Tiu Laurel က မားကိုစ်နှင့်ဆွေးနွေးပြီးနောက် ပြောကြားခဲ့သည်။
စက်တင်ဘာ ၁ ရက်တွင်စတင်ပြီး နိုဝင်ဘာ ၂ ရက်တွင်ပြီးဆုံးမည့် ဆန်တင်သွင်းမှု ဆိုင်းငံ့ထားခြင်း သည် စျေးသက်သာသည့်တင်သွင်းဆန်များ အများအပြားဝင်ရောက်မှုကြောင့် စပါးစျေးကျဆင်းမှုဒဏ်မှ လယ်သမားများပြန်လည်နာလန်ထူစေဖို့ကူညီရန် ကနဦးပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)
………………….
(English Version)
Philippines eyes longer rice import ban
MANILA, Sept. 24 (Xinhua) — Philippine President Ferdinand Romualdez Marcos is moving to tighten the country’s rice import policy by extending the current two-month import suspension and raising tariffs on foreign rice, the Department of Agriculture (DA) said Wednesday.
Agriculture Secretary Francisco Tiu Laurel said Marcos has directed the DA to prepare the necessary orders to extend the import freeze.
“The duration of the import freeze and the possible increase in taxes on imported rice will be determined once we have more accurate data on supply and prices of palay, or unhusked rice, at the farm gate,” Tiu Laurel said after conferring with Marcos.
The import suspension, which began on Sept. 1 and is set to end on Nov. 2, was initially imposed to help farmers recover from falling palay prices triggered by a surge in cheaper imported rice.
Photo : Workers carry sacks of rice inside the National Food Authority (NFA) warehouse in Valenzuela City, the Philippines on Feb. 4, 2025. (Xinhua/Rouelle Umali)