Asia
ထိုင်းနိုင်ငံအစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို

ဘန်ကောက်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်နှင့် ၎င်း၏ အစိုးရအဖွဲ့ဝန်ကြီးများ၏ ယာယီညွန့်ပေါင်း အစိုးရသစ်သည် လွန်ခဲ့သောသီတင်းပတ်အတွင်းက အစိုးရအဖွဲ့ဝင်သစ် များအဖြစ် တော်ဝင်ထောက်ခံမှုများရရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၄ ရက်က တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
ဘွန်ဂျိုင်ထိုင်း (Bhumjaithai) ပါတီဦးဆောင်သည့် အဆိုပါ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ၃၆ ဦးသည် ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မြို့ရှိ Dusit နန်းတော်၌ ရိုးရာအခမ်းအနားဖြင့် ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းနှင့် ပရိသတ်များ၏ ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရအဖွဲ့သစ်အဖြစ် သစ္စာဆိုခဲ့ကြသည်။
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အနူတင်၊ ဒုတိယဝန်ကြီးချုပ် ၆ ဦးတို့နှင့်အတူ အာဏာရအစိုးရအဖွဲ့၏ အစိတ်အပိုင်းအဖြစ်ကိုယ်စားပြုသည့် အခြားပါတီများဖြစ်သော Kla Tham ၊ Palang Pracharath နှင့် Ruam Thai Sang Chart ပါတီများမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများလည်း တက်ရောက်ခဲ့သည်။
ဝန်ကြီးချုပ် အနူတင်သည် ကျမ်းကျိန်ပွဲပြီးနောက် ယင်းနေ့ညနေပိုင်းတွင် အစိုးရအိမ်တော်၌ အထူးအစိုးရအဖွဲ့အစည်းအဝေးကို ကြီးမှူးဆောင်ရွက်ခဲ့ကြောင်း၊ အနူတင်က အစိုးရအဖွဲ့သစ်အဖြစ် တရားဝင်တာဝန်မထမ်းဆောင်ခင် နောက်ဆုံးအဆင့်ဖြစ်သည့် ၎င်း၏ မူဝါဒ ဆိုင်ရာကြေညာချက်ကို လာမည့်သီတင်းပတ်အတွင်း လွှတ်တော်သို့တင်ပြရန် စီစဉ်ထားကြောင်း သိရသည်။
ဘွန်ဂျိုင်ထိုင်း (Bhumjaithai) ပါတီ၏ ခေါင်းဆောင်၊ အသက် ၅၉ နှစ်အရွယ်ရှိသော အနူတင်သည် စက်တင်ဘာလအစောပိုင်းက ထိုင်းလွှတ်တော်မှ ထောက်ခံမဲရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Thailand’s new gov’t sworn in
BANGKOK, Sept. 25 (Xinhua) — Thailand’s new coalition government of Prime Minister Anutin Charnvirakul and his cabinet ministers was sworn into office on Wednesday, following the royal endorsement of the new portfolios last week.
The 36-member cabinet under the Bhumjaithai Party-led coalition recited the oath of allegiance before an audience with King Maha Vajiralongkorn in a traditional ceremony held at Dusit Palace in the capital, Bangkok.
Anutin and six deputy prime ministers attended the ceremony, along with other cabinet ministers and their deputies, representing factions of the ruling bloc, which also comprises the Kla Tham, Palang Pracharath, and Ruam Thai Sang Chart parties.
The prime minister later chaired a special cabinet meeting at the government house in the evening and is set to present his policy statement to parliament next week, the final step before the new administration can officially assume office.
Anutin, 59-year-old Bhumjaithai Party leader, was elected the Southeast Asian country’s 32nd prime minister after winning a parliamentary vote earlier this month.■
Photo:
Thai Prime Minister Anutin Charnvirakul (C, front) and new cabinet ministers pose for a group photo at the Government House in Bangkok, capital of Thailand, Sept. 24, 2025. (Xinhua/Rachen Sageamsak)