Europe
ဓာတ်ဆီတင်ပို့မှု တားမြစ်ပိတ်ပင်ချက်ကို နှစ်ကုန်အထိ ရုရှား သက်တမ်းတိုးမည်

မော်စကို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် ၎င်း၏ ဓာတ်ဆီတင်ပို့မှုအား ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ အပြည့်အ၀ ပိတ်ပင်ထားမည်ဖြစ်ပြီး အလားတူကာလတွင် ထုတ်လုပ်သူမဟုတ်သူများအတွက် ဒီဇယ်ဆီ တင်ပို့မှု တားမြစ်ပိတ်ပင်ချက်ကိုလည်း စတင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်က စက်တင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါလုပ်ဆောင်ချက်ကြောင့် ရုရှားနိုင်ငံသည် လက်ရှိတင်ပို့နေသော ရေနံထွက်ကုန်များကို ပြည်တွင်းဈေးကွက်သို့ ပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း နိုဗက်က ပြောကြားခဲ့သည်။
အစိုးရအချင်းချင်း သဘောတူညီချက်အရ လောင်စာဆီ ထောက်ပံ့မှုများမှာ အဆိုပါတားမြစ်ပိတ်ပင်ချက်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့ထိပ်တန်းရေနံထုတ်လုပ်သူများအနက် တစ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံသည် ပြည်တွင်းရောင်းလိုအား တည်ငြိမ်စေရန်နှင့် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် မကြာသေးမီနှစ်များအတွင်း လောင်စာဆီတင်ပို့မှုများကို တင်းကျပ်လာခဲ့သည်။
လက်ရှိတွင် ဓာတ်ဆီတင်ပို့မှု တားမြစ်ပိတ်ပင်ချက်သည် ရေနံချက်စက်ရုံများ အပါအဝင် စျေးကွက်သက်ဆိုင်သူအားလုံးအတွက် စက်တင်ဘာ ၃၀ ရက်အထိနှင့် ထုတ်လုပ်သူမဟုတ်သူများအတွက် အောက်တိုဘာ ၃၁ ရက်အထိ အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Russia to extend gasoline export ban till year-end
MOSCOW, Sept. 25 (Xinhua) — Russia will extend its full ban on gasoline exports until the end of 2025 and introduce a ban on diesel fuel exports for non-producers over the same period, Deputy Prime Minister Alexander Novak said Thursday.
The move will allow Russia to further supply the domestic market with petroleum products that are currently exported, Novak said.
The ban will not apply to fuel supplies under intergovernmental agreements, he added.
Russia, one of the world’s top oil producers, has tightened fuel exports in recent years to stabilize domestic supply and rein in rising prices.
Currently, a ban on gasoline exports is in effect until Sept. 30 for all market participants, including refineries, and until Oct. 31 for non-producers. ■
English Caption
Photo taken on June 2, 2017 shows a plant of the Udmurtia Petroleum Corp project in Udmurtia, a republic in western Russia. (Xinhua/Bai Xueqi)